Monday, May 9, 2016

အားလုံးအတွက် ဒန့်သလွန်

U Than Win

နိုင်ငံတကာနိုင်ငံရေးအကြောင်း တစ်စိုက်မတ်မတ်စာရေးနေသူ တစ်ဦးအနေဖြင့် ဒန့်သလွန်အကြောင်းရေးမည်ဟု စဉ်းစားမိသည့်အခါ အလွဲတစ်ခုခုကို လုပ်မိသလိုများ ဖြစ်နေမည်လားဟု တွေးမိသည်။ သို့ရာတွင်အားလုံးအတွက် အကျိုး ရှိမည့်ကိစ္စတစ်ခုဖြစ်၍ ရေးသင့်သည်ဟု ယူဆသဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါ၏။
စင်စစ်၌ ဒန့်သလွန်ပင်နှင့် နိုင်ငံတကာ နိုင်ငံရေးသည် ဆက်စပ်ခြင်းမရှိသည်တော့ မဟုတ်။

 ကျူးဘားနိုင်ငံမှ ဘိုးသက်ရှည် နိုင်ငံခေါင်းဆောင် ဖီဒယ်ကက်စထရို သည် အမေရိကန်သမ္မတ အဆက်ဆက်ကလုပ်ကြံရန် ဖြုတ်ချရန် အ ကြိမ်ကြိမ်ကြိုးပမ်းခဲ့မှုများကို လွန်မြောက် ရှင်သန်နိုင်ခဲ့သော်လည်း သေမင်းတမန်ရောဂါဆိုးနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ၌မူ လက်မြှောက်အရှုံးပေးရမလိုဖြစ်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် ကင်ဆာရောဂါဟု အများကသိရှိကြသော အူလမ်းကြောင်း ရောဂါကြောင့်အသည်းအသန် နာမကျန်းဖြစ်နေသည့် ကက်စထရိုသည် နိုင်ငံခေါင်းဆောင်တာဝန်ကို ညီဖြစ်သူ ရောလ်ကက်စထရိုအား တရားဝင်လွှဲအပ်ခဲ့ရသည်။ ထိုကာလတွင် သူ့ကိုယ်သူ မကြာမီသေ ဆုံးတော့မည်ဟုသာ ယုံကြည်နေခဲ့ကြောင်း နောက်ပိုင်းတွင် ကက် စထရိုက ပြောပြခဲ့သည်။ ယင်းသို့ ပြင်းထန်လှသည့် နာတာရှည်ရောဂါဆိုးကြီးမှ လွန်မြောက်လာအောင် ကူညီစွမ်းဆောင်ပေးခဲ့သည့် ဆေးတစ်လက်မှာ ‘ဒန့်သလွန်’ ပင်ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် ကောင်း စွာနာလန်ထူလာသည့် ကက်စထရိုက ချီးမွမ်းခဲ့ပြီး ကျူးဘားတွင် နတ်ဆေးသဖွယ် အစွမ်းထက်လှသည် ဟု သူကဆိုသော ဒန့်သလွန်ခင်းများကို အကြီးအကျယ် စိုက်ပျိုးစေခဲ့သည်။
ကျွန်တော့်အနေဖြင့် မူလက ကက်စထရိုကြီး မကျန်းမမာဖြစ်ကာအနားယူသွားသည်ကို သိလိုက်ရ ပြီး နာရေးသတင်း လိုက်မလာသဖြင့် ထူးဆန်းသလို ရှိသည်မှ တစ်ပါး ထွေထွေထူးထူး သတိမထားမိခဲ့ပါ။ နောင်အခါ ကက်စထရို ပြန်လည်ကျန်းမာလာသည့် သတင်းကြားသည့်အခါ၌လည်း အမှန်ပင် အသက်ပြင်းလှသည့် အဖိုးကြီးတစ်ယောက်အဖြစ် ချီးကျူးမိသည့်တိုင်ဒန့်သလွန်နှင့်ဆက်စပ်၍ မသိခဲ့ပါ။ လွန်ခဲ့သည့်လအနည်းငယ်က တရုတ်နိုင်ငံယူနန် ပြည်နယ်၊ ကူမင်းလေဆိပ်တွင်ရောင်းချနေသည့် တရုတ် ပရဆေးတိုင်းရင်းဆေးဆိုင် မှန်ဘီရို၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖီဒယ်ကက် စထရိုကို အထုပ်တစ်ထုပ် ပေးနေသော ဓာတ်ပုံနှင့်ကြော်ငြာပိုစတာတစ်ခုကပ်ထားသည်ကိုတွေ့၍ မေးကြည့်ရာ ဖီဒယ်ကက်စထရိုအား တရုတ်ပြည်မှ ဒန့်သလွန်ရွက်နှင့် ပြုလုပ်သည့် ဆေးကိုလက်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ကက်စထရိုသည် တရုတ်ပြည်မှ ခေါင်းဆောင်များ ပို့ပေးသည့် ဒန့်သလွန်ဆေး ဖြင့် ပြန်လည်ကျန်းမာ နာလန်ထူ လာခြင်းဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ‘တို့မြန်မာပြည်မှာ အလွန်ပေါတဲ့ ဒန့်သလွန်က တယ် ဟုတ်ပါလား’ဟုတွေးမိကာဒန့်သလွန် ကို စတင်စိတ်ဝင်စားခဲ့သည်။
ထိုမှတစ်ဆင့် ယူနန်ပြည်နယ် ခွဲတစ်ခုဖြစ်သော တဲဟုန်သို့ လေ့လာရေးရောက်ရှိသောအခါ အမှတ်တရပစ္စည်းဆိုင်တန်းတစ်ခု၌ ဒန့်သလွန်နှင့် ပတ်သက်သော ဆေး ပစ္စည်းများကိုတွေ့ရပြန်သည်။ ဒန့်သလွန်စေ့ခြောက်များကို ပလတ် စတစ်အိတ်နှင့်ထည့်၍ ရောင်းချ နေသည်ကိုတွေ့၍ ဈေးနှုန်းမေး ကြည့်ရာတစ်ကီလို (၆ဝ သား) ကို ယွမ်ရှစ်ရာ(ဒေါ်လာတစ်ရာ) မြန် မာငွေတစ်သိန်းတစ် သောင်းကျော် ခန့်ဟုဆိုသဖြင့် ထပ်မံအံ့သြရပြန် သည်။ ”မြန်မာပြည်မှာ ရင့်သွား ခြောက်သွား၍ သစ်ပင်ပေါ်မှာ မခူးဘဲပစ်ထားတဲ့ ဒန့်သလွန်သီး ခြောက်က ဒီမှာ အဖိုးတန်လှချည်လား” ဟု ရေရွတ်မိသည်။ အတူပါ လာသည့်တရုတ်မိတ်ဆွေက ”အဲဒီဒန့်သလွန်သီးခြောက်တွေက မြန်မာပြည်ကသွင်းတာ”ဟု ဆိုသဖြင့် စိတ်ဝင်စားရသည်။ မြန်မာပြည် တွင် ဒန့်သလွန်စေ့ခြောက် တစ် ပိဿာကို ခြောက်သောင်းခန့်နှင့် ဝယ်သည်ဟုလည်း ကြားရသည်။ ဤတွင် ဒန့်သလွန်နှင့်ပတ်သက်၍ စီးပွားရေးအရ ဈေးကွက်အလား အလာ ကောင်းသောကုန်ပစ္စည်း အဖြစ်လည်း စတင် တွေးမိလာ သည်။ ထိုဆိုင်၌ပင် ဒန့်သလွန် ရွက်ကို ဆေးပြားလုပ်ထားသည့် ဆေးဘူးကလေးတစ်ဘူးကို မြန်မာ ငွေနှစ်သောင်းနီးပါးဖြင့် ဝယ်ယူ ဖြစ်ခဲ့ပြီးဒန့်သလွန်အစွမ်းကို ကိုယ် တိုင် စမ်းသပ်သုံးစွဲကြည့်မည်ဟု ဆုံးဖြတ်ခဲ့ပါ၏။ ”ဒန့်သလွန်ဆေး တောင့်က ဘာအတွက် ကောင်းသလဲ” ဟု အရောင်းကောင်တာမှ ကလေးမကို မေးကြည့်ရာ ”အား လုံးအတွက် ကောင်းတယ်” ဟုသာ တိုတိုတုတ်တုတ် ဖြေသည်။ ”ဆေး ကိုဘယ်လိုသောက်ရမလဲ”ဟု မေး ကြည့် သောအခါ တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်လျှင် နှစ်ပြားထက် ပို မသောက်ရန်နှင့် များများသောက်ပါက ဝမ်းသွားတတ်သည်ဟု ဆိုသည်။
ဆေးဘက်ဝင် ဓာတ်ဂုဏ်သတ္တိများ
တရုတ်မကလေးက အားလုံးကောင်းသည်ဟု ဆိုသော်လည်း မည်သည့်နေရာတွင် မည်သို့ ကောင်းသည်ကိုလည်း သိနိုင်ရန်အတွက် ဒန့်သလွန်နှင့် ပတ်သက် သည့် အကြောင်းအရာများကိုရနိုင်သမျှရှာဖွေလေ့လာခဲ့ရာ အင်တာနက်အတွင်း Moringa ခေါင်းစဉ်ပါ ဝက်ဘ်ဆိုက်များမှလည်း ကောင်း၊ဆရာမင်းဝင်းစိန် (B.Ag) ၏ ‘သန်ြး<ွကယ်သူဌေး ဖြစ်ချင်သလား။ ဒန့်သလွန်စိုက်ပါ’ အမည်ရှိ စာအုပ်မှလည်းကောင်း၊ အတော်များများရရှိခဲ့သည်။
အတိုချုပ်တင်ပြရပါက အာဟာရတန်ဖိုးတွင် ဒန့်သလွန်ရွက်ခြောက်အမှုန့်သည် အလေးချိန်တူ အခြားအစားအစာများနှင့် နှိုင်းယှဉ်ပါက သံဓာတ်တွင်ဟင်းနုနွယ်ရွက်ထက် ၂၅ ဆ၊ အသားဓာတ် တွင်ကြက်ဥထက် ၂ ဆ၊ ဗီတာမင် A ဓာတ်တွင် မုန်လာဥနီထက် ၄ ဆ၊ ဗီတာမင်စီတွင် လိမ္မော်သီး ထက် ၇ ဆ၊ ကယ်လ်စီယမ် (ထုံး) ဓာတ်တွင် နွားနို့ထက် ၇ ဆ၊ ပို တက်စီယမ်သတ္တုဓာတ်တွင် ငှက်ပျောသီးထက် ၁၅ ဆ၊ ဖိုင်ဘာ အမျှင်ဓာတ်တွင် အုတ်ဂျုံထက် ၄ ဆ၊ မဂ္ဂနီစီယမ် သတ္တုဓာတ်တွင် ကြက်ဥထက် ၃၆ ဆ၊ ပိုလီပနောတွင် ဝိုင်နီထက် ၈ ဆ၊ အစိမ်းရောင် ကလိုရိုဖီးတွင် ဂျုံမြက်နုထက် ၄ ဆ၊ ဗီတာမင် B တွင် ဝက်သားထက် ၄ ဆ၊ ဗီတာမင် B2 ၂ တွင် ဆာဒင်း ငါးထက်အဆ ၅ဝ၊ ဗီတာမင် B3 တွင် မြေပဲထက် အဆ ၅ဝ၊ ဗီတာမင် E တွင် မက်မွန်ထက် ၃ ဆ ပိုမိုပါဝင်သည်ဟု ဆို၏။
ဆေးဘက်ဝင်သတ္တိ အနေဖြင့်လည်း အဏုဇီဝပိုးမွှားများ၏ ရန်ကို တွန်းလှန်နိုင်သောသတ္တိ၊ ကင်ဆာဖြစ်စေသည့် ဓာတ်တိုးမှုကို ဆန့်ကျင်သော ပိုလီပနောဓာတ်၊ ကိုယ်တွင်း ခုခံအားစနစ်ကို မြှင့်တင်ပေးသည့်ဓာတ်၊ မကောင်း သော ကိုလက်စထရော များကို လျှော့ချပေးသည့်ဓာတ်၊ ကိုယ် တွင်း အဆိပ်အတောက် စွန့်ထုတ် ပေးသည့်သတ္တိ၊အသည်းနှင့်ကျောက် ကပ်၊ နှလုံး၊ အစာအိမ်တို့၏ လုပ်ဆောင်ချက်များကို ကောင်းမွန် အောင် ထိန်းပေးသည့် သတ္တိများရှိသည်ဟု လေ့လာချက်များအရ သိရှိရသည်။
လက်တွေ့ အသုံးအနေဖြင့် ကလေးလူကြီး ကိုယ်ဝန်ဆောင်၊ နို့ တိုက်မိခင်များအတွက် စရိတ်သက် သာပြီး ထိရောက်သည့် အာဟာရ ဖြည့်စွက်စာအဖြစ် သုံးစွဲနိုင်သည်။ ရုပ်ပျိုကိုယ်နု စိတ်ကြည်လင်၊ အား အင်တိုးပွားစေသည်။ အဏုဇီဝပိုး နှင့် မှိုရောဂါများကို တွန်းလှန်နိုင် သည်။ အဆိပ်အတောက်ပြေ၍ ကိုယ်ခံအားကောင်းစေသည်။ သွေး တွင်းသကြားဓာတ်ကို ထိန်းပေး၍ ဆီးချိုရောဂါအတွက် ကောင်း သည်။ အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲမှုသက်သာစေသည်။ နှလုံး သွေးလည်ပတ်မှု ကောင်းမွန်စေ သည်။ အစာခြေလမ်းကြောင်းအ တွက်ကောင်းမွန်သည်။ ဆံပင်၊ အ ရေပြား၊ ကျန်းမာမှု ထိန်းသိမ်းပေး သည်။ ကင်ဆာ အဖုအကြိတ်ကို ထိန်းသိမ်းကာကွယ်ပေးသည်ဟူ၍ တွေ့ရှိရပါသည်။
ကိုယ်တွေ့ဒန့်သလွန်
ဒန့်သလွန်ကို စ၍မသုံးစွဲခင်က ကျွန်တော့်တွင် ကုရခက်သော နာတာရှည် ရောဂါအတော်များများ ရှိပါသည်။ ရောဂါတစ်ခုမှာ သွေးတွင်း ယူရစ်အက်ဆစ်များ၍ ဖြစ်သည့်ဂေါက်ရောဂါခေါ် အဆစ် အမြစ် ကိုက်ခဲမှုဖြစ်၏။ ဂေါက် ရောဂါသည် နာကျင်မှု အပြင်းထန် ဆုံး ရောဂါတစ်မျိုးဟုဆိုကြသည်။ ရောဂါထပြီဆိုလျှင် သေလုမတတ် နာကျင်သော ဝေဒနာကို ခံစား ရလေ့ရှိ၏။ ယူရစ် အက်ဆစ်ကို ထိန်းရန် ‘ဂလိုပျူရီနေး’ ဆေး ပြားများကို နေ့စဉ်ပုံမှန်သောက် သော်လည်း ရောဂါရင့်လာသော အခါ ထိန်းရန် ခက်လာပါ၏။ နာလာပြီဆိုလျှင် အကိုက်အခဲ ပျောက်ဆေးပြင်းများကို သောက်ရသည်။ ထိုဆေးများမှာလည်း အစာအိမ်ကို ထိခိုက်နိုင်၍ အန္တ ရာယ်မကင်းလှပါ။ ဒန့်သလွန်ဆေးပြား မသောက်မီက ဂေါက်ရောဂါ မကြာခဏ ပေါ်ခဲ့ပါသည်။ အလွန်အမင်း မနာလျှင်ပင် လမ်းကို ကောင်းကောင်းမလျှောက်နိုင်။ လှေကားမြင့်မြင့် မတက်နိုင်ပါ။ ဒန့်သလွန်ဆေးပြားများ သောက် ပြီး တစ်လခန့်ရှိသောအခါ ရောဂါ၏ ထိုးနှက်မှုများ သိသိသာသာ ကြဲသွားပါ၏။ ဖြစ်လာလျှင်လည်း များစွာ မပြင်းထန်တော့ပါ။ တစ်ခါ တစ်ရံ မတည့်စာများ စားမိလျှင်လည်း ဘာမျှမဖြစ်တော့သည်ကို တွေ့ရပါသည်။
နောက်ရောဂါတစ်ခုမှာ ဆီး ချိုဖြစ်ပါသည်။ ဆီးချိုမှာလည်း လုံးလုံးလျားလျား ပျောက်အောင် ကုနိုင်သည့်ရောဂါ မဟုတ်ပါ။ ထိန်းရုံသာ ထိန်းနိုင်ပါသည်။ ကျွန် တော်သည် အင်္ဂလိပ်ဆေး၊ မြန်မာ ဆေးတို့ဖြင့် ဆီးချိုကို ထိန်းခဲ့ပါ သည်။ သို့သော် အစားအသောက် နှင့် လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင် မှု အပိုင်းများတွင် အခြေအနေ အရ အားနည်းမှုရှိခဲ့သဖြင့် ရောဂါ သက်ရင့်လာသည် နှင့်အမျှ နံ နက်စောစော သွေးချိုတိုင်းတာမှု တွင် 110 mg/dl မှ 130 mg/dl အကြားတွင် ရောက်ရှိလာခဲ့ပြီး တဖြည်းဖြည်းဆီးချိုမှတ် မြင့်တက်လာခဲ့ပါသည်။ ဒန့်သလွန်ဆေးပြားများ ပုံမှန်သောက်ပြီးနောက် သွေးချိုနှုန်းကျဆင်းလာခဲ့ရာ ယခုအခါ ၂၂ဝ mg/dl ၏အောက်သို့ရောက်ရှိကာ ပုံမှန်အခြေအနေ၌ ထိန်းနိုင်လာခဲ့သည်ကို တွေ့ရပါသည်။ ဆီးချိုဆေးနှင့်ပတ်သက်၍ အင်္ဂလိပ်ဆေးတွင် နံနက်ပိုင်း၌ ဒိုင်ယာမီခဂွန် (အမ်အာရ်) ၃ဝ မီလီဂရမ်တစ်ပြား၊ ညပိုင်းတွင် မက်ဖော်မင်း ၁ဝဝ မီလီဂရမ်တစ်ပြားဖြင့် ထိန်းထားပြီး မြန်မာဆေးတွင် ဆရာကြီး ဦးအံ့၏ အနန္တသုခ ဆီးချိုဆေးပြား ငါးပြားကို ညအိပ်ခါနီး သောက်ပါသည်။ ဆီးချို ရောဂါသက် ငါးနှစ်ခန့်တွင်ဤဆေးအချိန်အဆပမာဏမျှဖြင့် ဤမျှထိန်းထားနိုင်ခြင်းမှာ ဒန့်သလွန်၏ ကျေးဇူးလည်းပါမည်ဟု ယုံကြည်မိပါသည်။
နောက်ထပ်တွေ့ရှိချက် တစ်ခု မှာ ကိုယ်အလေးချိန်ထိန်းနိုင်ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ပုံမှန် ကိုယ်အလေးချိန်မှာ လွန်ခဲ့သည့် သုံး နှစ်ခန့်မှစ၍ ၇၅ ကီလို (၁၆၅ ပေါင်ခန့်) အထိရောက်ရှိလာခဲ့ပြီး စားလျှင်စားသလောက် အလေး ချိန်တိုးလာစေနိုင်သည်။ ဒန့်သလွန် ဆေးပြား စားသုံးခဲ့ပြီးနောက် ၇၃ ဒသမ ၇၄ ကီလို တစ်ဝိုက်တွင်သာ ရှိနေခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် နေထိုင်သွားလာ လှုပ် ရှားရသည်မှာ ယခင်ကထက် ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်လာသည်ဟု ခံစား ရပါသည်။ ဤသို့ကိုယ်တွေ့အကျိုးကျေးဇူး များကို ရှည်ရှည်ဝေးဝေးတင်ပြနေရခြင်းမှာ ဘဝတူ ဝေဒနာရှင်များ အတွက် စေတနာဖြင့် သိစေချင်၍ တင်ပြရခြင်းသာ ဖြစ်ပါသည်။ အခြားနာမည်ကြီးခဲ့သော အရွက်များကဲ့သို့ အသုံးများလျှင် စေတနာမှ ဝေဒနာ ဖြစ်မည်ကိုလည်းစိုးပါသည်။ ဒန့်သလွန်ရွက်၊ ဒန့်သလွန်စေ့တို့မှာ နေ့စဉ်ချက်ပြုတ်စားသောက်ရာ၌ ပါဝင်သည့် ဟင်းသီးဟင်းရွက်များ ဖြစ်၍ အဆိပ်အတောက် ဘေးထွက် ဆိုးကျိုးများမရှိဘဲ စားသံုးနိုင်ပါသည်။ ရောဂါပျောက်ချင်ဇောဖြင့် အလွန် အကျွံမစားမိရန်သာ လိုပါသည်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ တစ်နိုင်ငံလုံး ကျန်းမာရေးနှင့် ဒန့်သလွန်
စင်စစ်၌ ဒန့်သလွန်သည် ၉၆ပါး ရောဂါပျောက်ဆေး မဟုတ်ပါ။ ခန္ဓာကိုယ်၏ ဓာတ်သဘာဝများကို ထိန်းညှိအားဖြည့်ပေးသည့် အာဟာ ရ ဖြည့်စွက်စာသာ ဖြစ်ပါသည်။ ကျွန်တော်၏အမြင်တွင် ဒန့်သလွန်၏ အဓိကအားသာချက်မှာ မြန်မာပြည်၌ နိုင်ငံတစ်ဝန်း အလွယ်တကူ စိုက်ပျိုး နိုင်ခြင်းနှင့် ဈေးသက်သာစွာရရှိ နိုင်ခြင်းပင်ဖြစ်၏။ ကျွန်တော်တို့ လူမျိုး၏ အားနည်းချက်မှာ ဈေးပေါ လျှင် အထင်မကြီးတတ်ခြင်းဖြစ်၏။ ထိုအားနည်းချက်ကြောင့် အာဟာရ သတ္တိတန်ဖိုးမြင့်မားသော ဒန့်သလွန်ကို မည်သူမျှအလေးထား၍စားသုံးခြင်း မပြုကြပါ။
သို့သော် တန်ဖိုးသိသောနိုင်ငံ များကမူ ဒန့်သလွန် ထုတ်ကုန်များ ကို ဈေးကြီးပေး၍စားနေကြပါသည်။ ကျွန်တော်တင်ပြခဲ့သည့် တရုတ်နိုင်ငံ တွင်သာမက အမေရိကန်နိုင်ငံ၌ လည်း ဒန့်သလွန်အမှုန့်ဆေးတောင့် ၆ဝ ပါ တစ်ဘူးကို ၂၅ ဒေါ်လာခန့် ပေးရသည်ဟုဆိုသည်။ ဒန့်သလွန်စေ့ ခြောက်နှင့် ယင်းကိုကြိတ်၍ရသော ဒန့်သလွန်ဆီမှာလည်း တန်ဖိုးကြီး ပါသည်။ ယင်း ဒန့်သလွန်ထွက် ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်ရောင်း ချခြင်းဖြင့် ကျွန်တော်တို့ အညာဒေသ နှင့် ရာသီဥတုချင်းဆင်တူပြီး ကျွန်တော် တို့ထက် မိုးနည်းရေရှားသော အာဖရိ ကတိုက်၌ပင် သန်ြး<ွကယ်သူဌေးများ ဖြစ်နေကြပြီဟု ဆိုသည်။
ထို့ကြောင့် ဒန့်သလွန်ကို မြန် မာပြည်၌ စိုက်ပျိုးထုတ်လုပ် ရောင်း ချခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးနှင့်တစ်မျိုးသား လုံး အာဟာရပြည့်ဝကြံ့ခိုင်ရေးအတွက် လွယ်လွယ်ကူကူနှင့် စရိတ်သက်သာ သည့် နည်းလမ်းတစ်ခုအဖြစ် အသုံး ကျလိမ့်မည်ဟု ယူဆမိပါသည်။
ဒန့်သလွန်မှာစိုက်ပျိုးရလွယ်ကူ ပြီး ရာသီဥတုဒဏ်ခံနိုင်သော အပင် မျိုးဖြစ်၍ ခြံစည်းရိုး၊ ယာခရိုး (ယာကန်သင်းရိုး)တွင်ပင် အကိုင်း ထိုးထားရုံဖြင့် ပေါက်ရောက် ရှင်သန် နိုင်ကာ သီးသန့်စိုက်ပျိုးမြေများများ မလိုပေ။ အစေ့ခြောက် ၄ဝဝဝ လျှင် တစ်ကီလိုရှိရာ တစ်တောင့်လျှင်အစေ့ ၁ဝ ပါ အတောင့် ၄ဝဝ ရှိပါက တစ်ကီလို လျှင် သွင်းဈေး လေးသောင်းခန့် ရနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် အသီးခြောက် တစ်တောင့်လျှင် ၁ဝဝ ကျပ်နှုန်းခန့် ရနိုင်ဖွယ်ရှိပါသည်။ တစ်အိမ်လျှင် ဒန့်သလွန် ၁ဝ ပင်ခန့် စိုက်ကာ တစ်ပင်လျှင် တစ်နှစ်ပတ် လည် အတောင့် ၁ဝဝ ခန့်ထွက်ပါက အသီးခြောက်မှပင် ဝင်ငွေကျပ် နှစ်သိန်းခန့် ရရှိနိုင်ပါမည်။ အရွက် ခြောက်မှုန့်ကိုပါ ထုတ်လုပ်မည်ဆိုပါ က ထို့ထက်ပို၍ရပါဦးမည်။
အရေးကြီးသည်မှာ သေချာ သော ဈေးကွက်ဝေစုရရှိရေးဖြစ်၏။ စိုက်ပျိုးသူများ ဤကိစ္စကို မတတ်နိုင် ကြပါ။ နည်းပညာအဆင့်မြင့် ဆေးဝါး လုပ်ငန်းကြီးများနှင့် စိုက်ပျိုးဒေသ အတွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင် နိုင်ကြလျှင်မူ ဖြစ်လာနိုင်စရာရှိသည်ဟု ယုံကြည်ပါသည်။ ထိုသို့ လုပ်ဆောင် ကြရန်လည်း တိုက်တွန်းလိုပါသည်။
အခြားတစ်ဖက်တွင်လည်း ဒန့်သ လွန်သည် ဈေးသက်သာ၍ အာဟာရ တန်ဖိုးမြင့်မားသော ဖြည့်စွက်စာ ဖြစ်သောကြောင့် ဆင်းရဲ၍ အာဟာရ ချို့တဲ့နေရသူများအတွက် အဖိုးနည်း ဝန်ပါ နတ်သုဒ္ဓါသဖွယ် ဖြစ်နိုင်ပါ သည်။ မြန်မာနိုင်ငံ၌ မွေးစကလေးနှင့် မိခင်သေဆုံးနှုန်း မြင့်မားဆဲဖြစ်ရာ အဓိကအကြောင်းရင်းမှာ အာဟာရ မပြည့်ဝမှုဖြစ်ပါသည်။ ယင်းကို အလွယ်တကူရနိုင်သောဒန့်သလွန် ဖြင့် ကုစားနိုင်ပါသည်။ ထို့အတူ ကျောင်းနေအရွယ် ကလေးငယ်များ အတွက် တန်ဖိုးပိုမိုကြီးမား၍ လုံ လောက်စွာ ရရန်ခက်ခဲသော နွားနို့ တိုက်ကျွေးမှု အစီအစဉ်နှင့်အတူ အလွယ်တကူရနိုင်ပြီး စရိတ်သက်သာ သော ဒန့်သလွန်ဆန်ပြုတ် တိုက်ကျွေး မှုကိုပါ ချဲ့ထွင်ဆောင်ရွက်နိုင်ပါက ပို၍ထိရောက်သော အာဟာရဖြည့် စွက်မှုအစီအစဉ် ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါသည်။
ပညာတတ်၊ ပညာရှင်အသိုင်း အဝိုင်းကလည်း လက်တွေ့ဖြစ်နိုင် သော ဒန့်သလွန်ထုတ်ကုန်သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ စီးပွားရေးအသိုက်အဝန်းမှ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်ရှာဖွေခြင်းများ ဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးကူညီကြမည် ဆိုပါက သူများထက်စာလျှင် ရေမြေ ရာသီဥတုအဆင်ပြေသော ကျွန်တော် တို့ နိုင်ငံအတွက် ဒန့်သလွန်သည် အား ထားရသောထုတ်ကုန်သီးနှံတစ်မျိုး ဖြစ်လာနိုင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
ကိုကိုလှိုင်
Popular News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...