Friday, May 6, 2016

အသစ္ျပ႒ာန္းလိုက္ေသာ ေမာ္ေတာ္ယာဥ္ဥပေဒအရ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ေနစဥ္ ထိုင္ခံုခါးပတ္ပတ္မထားပါက ဒဏ္ေငြက်ပ္ သံုးေသာင္းအထိ ဒဏ္႐ိုက္အေရးယူႏိုင္


[Zawgyi]
မၾကာေသးခင္က အသစ္ျပ႒ာန္းလိုက္ေသာ ေမာ္ေတာ္ယာဥ္ဥပေဒအရ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ေနစဥ္ ထိုင္ခံုခါးပတ္ ပတ္မထားပါက ဒဏ္ေငြက်ပ္ သံုးေသာင္းအထိ ဒဏ္႐ိုက္အေရးယူႏုိင္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန (ကညန) ေနျပည္ေတာ္ မွ သိရသည္။
ေမာ္ေတာ္ယာဥ္ဥပေဒကို စက္တင္ဘာ ၇ ရက္တြင္ စတင္ ျပ႒ာန္းခဲ့ၿပီး အဆိုပါဥပေဒ အခန္း ၉၊ ပုဒ္မ ၅၄ (င) တြင္ သတ္မွတ္ထားသည့္ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္စဥ္ ယာဥ္ေမာင္းႏွင့္ လိုက္ပါစီးနင္းသူမ်ားသည္ အ သက္ကယ္ထိုင္ခံုခါးပတ္ကို ပတ္ဆင္ျခင္းမျပဳျခင္းႏွင့္ပက္သတ့္္ပါရွိၿပီး ျပစ္ဒဏ္မ်ားအေနျဖင့္ ပုဒ္မ ၆၂ တြင္ ပုဒ္မ ၅၄ ပါ တားျမစ္ခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း၊ ျပစ္မႈထင္ရွားပါက က်ပ္ သံုးေသာင္းထက္မပိုေသာ ေငြဒဏ္ ခ်မွတ္ႏုိင္ေၾကာင္းသိရသည္။


“စစ္ေဆးေတြ႕ရွိရင္ေတာ့ ဒဏ္ေငြသံုးေသာင္း႐ိုက္မယ္၊ ဥပေဒက အခုမွစၿပီးေျပာင္းလိုက္ေတာ့ နည္းနည္းေတာ့ အခ်ိန္ယူရမယ္၊ စစ္ေဆးအေရးယူမႈကေတာ့ ယာဥ္ထိန္းရဲအပိုင္းေပါ့ ကိုယ္ပိုင္ယာဥ္ အပါအ၀င္ ေမာင္းႏွင္ေနတဲ့ကား အားလံုးပါတယ္၊ ျခြင္းခ်က္ကေတာ့ စတင္တင္သြင္းကတည္းက ခါးပတ္မပါတဲ့ကားဆိုရင္ေတာ့ ခြင့္ျပဳရမွာေပါ့။ အခုေနာက္ပိုင္းမွာဆို ခါးပတ္မပါတဲ့ကားေတြကို တင္ သြင္းခြင့္မျပဳေတာ့ပါဘူး။ အဓိကက ေတာ့ အေ၀းေျပးခရီးသည္တင္ ကားေတြကို ၾကပ္မွတ္ရမွာေပါ့”ဟု ‘ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန ေနျပည္ေတာ္’ မွ ၫႊန္ ၾကားေရးမွဴး ဦးလွ်န္က်င့္္မန္က ေျပာ သည္။
လက္ရွိတြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားသည့္အခါ ခါးပတ္မပတ္ထားျခင္းေၾကာင့္ လူေသဆံုး မႈမ်ားျပားေနေၾကာင္း၊ သို႔ေသာ္ ယာဥ္ေမာင္းအမ်ားစုႏွင့္ လိုက္ပါစီးနင္းသည့္ခရီးသည္အမ်ားစုမွာ ခါးပတ္ပတ္သည့္အေလ့အက်င့္မရွိ ေသးေၾကာင္းသိရသည္။ ထို႔အျပင္ ၿမိဳ႕တြင္း၌ ေမာင္းႏွင္ေနေသာ အငွားယာဥ္မ်ား၊ ခရီးသည္တင္ယာဥ္ မ်ားတြင္လည္း ခါးပတ္မပါရွိသည့္ ယာဥ္မ်ားရွိေနသည့္အတြက္ ထိုင္ခံုခါးပတ္ပတ္ရန္ အခက္အခဲမ်ား စြာရွိႏုိင္ေၾကာင္းသိရသည္။
“အေ၀းေျပးကားေတြမွာ ခါးပတ္ပတ္ဖို႔တိုက္တြန္းတယ္ဆိုရင္ေတာ့ ပတ္လာၾကမွာပါ၊ အခုက အေရးယူမႈအဆင့္ထိသြားတာဆိုေတာ့ ခါးပတ္ပတ္ၾကမွာပါ၊ ဒါေပမဲ့ ယာဥ္လိုင္းႀကီးေတြေလာက္ပဲ အဆင့္ျမင့္ကားေတြသံုးတာဆိုေတာ့ အဆင့္ျမင့္ကားမရွိတဲ့ ယာဥ္လိုင္းေတြမွာ ခါးပတ္ပတ္ဖို႔ အခက္အခဲရွိမွာပါ”ဟု ရန္ကုန္-ေနျပည္ ေတာ္ခရီးသြားတစ္ဦးက ၎င္း၏ အျမင္ကိုေျပာသည္။

ေနာင္ရဲ(ဓာတ္ပံု-ေက်ာ္စြာထြန္း)
[Unicode]
အသစ်ပြဋ္ဌာန်းလိုက်သော မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်မောင်းနှင်နေစဉ် ထိုင်ခုံခါးပတ်ပတ်မထားပါက ဒဏ်ငွေကျပ် သုံးသောင်းအထိ ဒဏ်ရိုက်အရေးယူနိုင်
---------------------------------------------------------------------------------------
မကြာသေးခင်က အသစ်ပြဋ္ဌာန်းလိုက်သော မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်မောင်းနှင်နေစဉ် ထိုင်ခုံခါးပတ် ပတ်မထားပါက ဒဏ်ငွေကျပ် သုံးသောင်းအထိ ဒဏ်ရိုက်အရေးယူနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) နေပြည်တော် မှ သိရသည်။
မော်တော်ယာဉ်ဥပဒေကို စက်တင်ဘာ ရ ရက်တွင် စတင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေ အခန်း ၉၊ ပုဒ်မ ၅၄ (င) တွင် သတ်မှတ်ထားသည့်မော်တော်ယာဉ်ကို မောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အ သက်ကယ်ထိုင်ခုံခါးပတ်ကို ပတ်ဆင်ခြင်းမပြုခြင်းနှင့်ပက်သတ့််ပါရှိပြီး ပြစ်ဒဏ်များအနေဖြင့် ပုဒ်မ ၆၂ တွင် ပုဒ်မ ၅၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှားပါက ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ် ချမှတ်နိုင်ကြောင်းသိရသည်။
“စစ်ဆေးတွေ့ရှိရင်တော့ ဒဏ်ငွေသုံးသောင်းရိုက်မယ်၊ ဥပဒေက အခုမှစပြီးပြောင်းလိုက်တော့ နည်းနည်းတော့ အချိန်ယူရမယ်၊ စစ်ဆေးအရေးယူမှုကတော့ ယာဉ်ထိန်းရဲအပိုင်းပေါ့ ကိုယ်ပိုင်ယာဉ် အပါအဝင် မောင်းနှင်နေတဲ့ကား အားလုံးပါတယ်၊ ခြွင်းချက်ကတော့ စတင်တင်သွင်းကတည်းက ခါးပတ်မပါတဲ့ကားဆိုရင်တော့ ခွင့်ပြုရမှာပေါ့။ အခုနောက်ပိုင်းမှာဆို ခါးပတ်မပါတဲ့ကားတွေကို တင် သွင်းခွင့်မပြုတော့ပါဘူး။ အဓိကက တော့ အဝေးပြေးခရီးသည်တင် ကားတွေကို ကြပ်မှတ်ရမှာပေါ့”ဟု ‘ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန နေပြည်တော်’ မှ ညွှန် ကြားရေးမှူး ဦးလျှန်ကျင့််မန်က ပြော သည်။
လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်အခါ ခါးပတ်မပတ်ထားခြင်းကြောင့် လူသေဆုံး မှုများပြားနေကြောင်း၊ သို့သော် ယာဉ်မောင်းအများစုနှင့် လိုက်ပါစီးနင်းသည့်ခရီးသည်အများစုမှာ ခါးပတ်ပတ်သည့်အလေ့အကျင့်မရှိ သေးကြောင်းသိရသည်။ ထို့အပြင် မြို့တွင်း၌ မောင်းနှင်နေသော အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ် များတွင်လည်း ခါးပတ်မပါရှိသည့် ယာဉ်များရှိနေသည့်အတွက် ထိုင်ခုံခါးပတ်ပတ်ရန် အခက်အခဲများ စွာရှိနိုင်ကြောင်းသိရသည်။
“အဝေးပြေးကားတွေမှာ ခါးပတ်ပတ်ဖို့တိုက်တွန်းတယ်ဆိုရင်တော့ ပတ်လာကြမှာပါ၊ အခုက အရေးယူမှုအဆင့်ထိသွားတာဆိုတော့ ခါးပတ်ပတ်ကြမှာပါ၊ ဒါပေမဲ့ ယာဉ်လိုင်းကြီးတွေလောက်ပဲ အဆင့်မြင့်ကားတွေသုံးတာဆိုတော့ အဆင့်မြင့်ကားမရှိတဲ့ ယာဉ်လိုင်းတွေမှာ ခါးပတ်ပတ်ဖို့ အခက်အခဲရှိမှာပါ”ဟု ရန်ကုန်-နေပြည် တော်ခရီးသွားတစ်ဦးက ၎င်းင်း၏ အမြင်ကိုပြောသည်။
နောင်ရဲ(ဓာတ်ပုံ-ကျော်စွာထွန်း)

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...