Friday, May 20, 2016

*အဖေ*

ဇင်းနစ် ဇင်းနစ် to ရသစုံ စာပေပျိုးခင်း

*ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြိတ်ပျော်
နေခဲ့တာ *အဖေ*
* မမြင်ရသေးသော သားသမီးလေးကို
စိတ်ကူးနဲ့ ရူးနေခဲ့တာ *အဖေ*
*မွေးဖွားလာတော့လည်း သားသမီးမျက်နှာ
လေးကို တစိမ့်စိမ့်ကြည့်နေပြီး အနာဂတ် plan
ကိုကြိုတင်ရေးဆွဲနေခဲ့တာ *အဖေ*

*အပြုံးနည်းသလိုလိုနဲ့ သားသမီးအိပ်နေရင်
ထွေးပွေ့ နမ်းရိုက်တတ်တာ* အဖေ*
*မကြင်နာသလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊
မိုးလင်းပေါက် ပြုစုတတ်တာ*အဖေ*
*မချစ်သလိုလိုနဲ့ သားသမီးရှေ့ရေးအတွက်အလုပ်ကို
မနားမနေလုပ်နေခဲ့တာ *အဖေ*
*စည်းကမ်းကြီးသလိုလိုနဲ့ အလုပ်ကပြန်လာရင်
သားသမီးအကြိုက်လေးတွေ ၀ယ်ကျွေးတတ်တာ
*အဖေ*
*နှမျောတွန့်တိုသလိုလိုနဲ့ မိသားစုကို ဦးစားပေးပြီး
အညံ့ဆုံး အသုံးအဆောင်ကို သုံးတတ်တာ* အဖေ*
*အသည်းမာသလိုလိုနဲ့ အတောင်စုံလို့ ပျံသန်းသွားရင်
ကြိတ်မှိတ် သတိရနေတတ်တာ *အဖေ*
* စိတ်ဓာတ်ကြံ့ခိုင်သလိုလိုနဲ့ သားသမီးအကြောင်း
နားစွင့်နေတတ်တာ *အဖေ*
*နှလုံးသားမာကြောသလိုလိုနဲ့ သားသမီး
ဒုက္ခရောက်နေရင် ကြိတ်ငိုတတ်တာ* အဖေ*
*အမေက သားသမီးကို လွယ်မွေးနေချိန်မှာ
ခေါင်းနဲ့ လွယ်မွေးခဲ့တာ *အဖေ*
*အမေ့နို့ဖိုးဆပ်ကြသလို....*
*အဖေ့ချွေးဖိုးကိုလည်း မမေ့သင့်ပါ......*
(မူရင်းစာရေးဆရာ....ကိုလေးလွင်ကို လေးစားပါတယ်)
*သူ့ idea လေးကို အတုယူရေးသားတင်ပြပေးခြင်းပါ*
Photoပုံရှင်ကိုလည်း [credit ပေးပါတယ်]
လေးစားလျက် heart emoticon heart emoticon heart emoticon
ဇင်းနစ် မကွေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...