Friday, May 6, 2016

အိုင်းစတိုင်း၏ ဘဝဇာတ်ကြောင်း အကျဉ်း

သိမှတ်ဖွယ်ရာ ဗဟုသုတရွာ


-၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ အာလ်မ်(Ulm) မြို့ ၌မွေးဖွား
- ၂ နှစ်
စ၍ စကားပြောသင်။ Maja ဆိုသည့် ညီမလေးတစ်ဦးရရှိ။
- ၅ နှစ်
အပြင်းအထန်ဖျား။ အိပ်ယာပေါ်တွင် သံလိုက်အိမ်မြောင်အားကစား၍
ပထမဆုံးအကြိမ် သိပ္ပံကို စတင်စိတ်ဝင်စားခဲ့။ တယောတီးခြင်းကို
စတင်သင်ကြားခဲ့။

-၈နှစ်
အိုင်းစတိုင်းဟာ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ဆရာမှ ပြောကြား
-၁၅ နှစ်
သင်္ချာဘာသာကို လိုက်နိုင်သော်လဲ ဓာတုဗေဒနှင့်ပြင်သစ်စာတွင် အလွန်ချာခဲ့။ ကျောင်းတွင်မပျော်တော့။ ကျောင်းမှ ထွက်ခဲ့။
-၁၆ နှစ်
ဂျာမန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်၍ နိုင်ငံမဲ့လူမျိုးတစ်ဦးဖြစ်လာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် ကျဆုံးခဲ့။ ၈ ခုမြောက်မှသာ
အောင်မြင်။ စက်ဘီးစီးနေစဉ် ပထမဆုံးအကြိမ်အဖြစ် အလင်း၏
အလျင်အကြောင်း စဉ်းစားခန်းစဖွင့်ခဲ့။
-၁၉ နှစ်
အတန်းထဲမှ တစ်ဦးတည်းသောကျောင်းသူဖြစ်သူ မာလီဗာ နှင့်
စတင်ချစ်ကြိုက်ခဲ့။
-၂၀ နှစ်
ခွေးပျင်းလေး(lazy dog) ဟု ၄င်း၏ သင်္ချာဆရာမှ အမည်ပေးခဲ့
-၂၁ နှစ်
အတန်းထဲတွင် အဆင့်နောက်ဆုံးနားမှ ကပ်၍ ဘွဲ့ရခဲ့။ အတန်းထဲတွင်
တစ်ဦးတည်းသော အလုပ်ကမ်းလှမ်းမှုမရရှိသည့် ကျောင်းသားတစ်ဦးဖြစ်ခဲ့။
-၂၂ နှစ်
စာသင်သည့် အလုပ်လိုက်ရှာ။ အိမ်တွင် resume ဖောင်များသာ ပြည့်သွား၍ အကြောင်းမထူးခဲ့။ ခြေဆီပြန်၍ ခွင်နေသော ခြေထောက်ကြောင့်
စစ်တပ်ဝင်ခွင့်စာမေးပွဲ ကျဆုံးခဲ့။
-၂၃ နှစ်
သမီးလေးမွေးဖွား။ သူငယ်ချင်းတစ်ဦးမှ ရုံးစာရေးအလုပ်ကလေးတစ်ခု
သွင်းပေးခဲ့
-၂၄ နှစ်
နေ့စဉ် ၄င်း၏ အလုပ်အား ၂ နာရီအတွင်းပြီးအောင် လုပ်၍
ကျန်သည့်အချိန်များတွင် သိပ္ပံကိုသာ တွက်ချက်နေခဲ့။ မာလီဗာ နှင့်
လက်ထပ်ထိမ်းမြား
-၂၅ နှစ်
သားဖြစ်သူ Hans မွေးဖွား
-၂၆ နှစ်
အလင်းသည် အမှုန်သတ္တိရော၊ လှိုင်းသတ္တိပါရှိသည်ဟု တွေ့ရှိ။ E=mc^2 ညီမျှခြင်းထွက်လာ။ Special relativity ဟာ တင်ပြ။
-၂၉ နှစ်
တက္ကသိုလ်ဆရာအလုပ်လိုက်ရှာခြင်းကို လက်လျှော့။ အထက်တန်းကျောင်း
ဆရာအလုပ် လိုက်ရှာ။
-၃၀ နှစ်
ပရော်ဖက်ဆာတစ်ဦးဖြစ်လာ။
-၃၁ နှစ်
ဒုတိယသားဖြစ်သည့် Eduard အား မွေးဖွား။ Niels Bohr နှင့်တွေ့ဆုံ၍ ကွမ်တမ်သီအိုရီအား စလေ့လာ။
-၃၂ နှစ်
General Relativity အား တင်ပြ။ ကမ္ဘာစကျော်။
-၃၃ နှစ်
၎င်း၏ တစ်ဝမ်းကွဲညီမဖြစ်သူ Elsa နဲ့ ဖောက်ပြား
-၄၀ နှစ်
နိုဘယ်ဆုရခဲ့ပါက ထိုပိုက်ဆံများအားပေးမည်ဟုပြော၍ မာလီဗာ အား ကွာရှင်း။
Elsa နဲ့ လက်ထပ်။ နေအပြည့်ကြပ်သော ဖြစ်စဉ်က ၄င်း၏
general relativity အား အတည်ပြုပေးခဲ့။
-၄၃ နှစ်
နိုဘယ်ဆု ရရှိခဲ့။
-၄၄ နှစ်
Theory of everything အား စတင်ကြိုးစားခဲ့။
-၅၄ နှစ်
နာဇီရန်အား ရှောင်ပြေး၍ အမေရိကန်သို့ ပြောင်းရွှေ့လာ။ အင်္ဂလိပ်စကား
စတင်သင်ကြား။
-၆၀ နှစ်
အမေရိကန်သမ္မတအား နျူကလီးယားဗုံးနှင့် ပတ်သက်၍ သတိပေး။
-၆၁ နှစ်
Theory of Everything အား ဆက်လက်ရှာဖွေ.. မအောင်မြင်ခဲ့။
-၇၄ နှစ်
အစ္စရေးသမ္မတအဖြစ် ကမ်းလှမ်းခံရ။ ပယ်ချခဲ့။
-၇၆ နှစ်
ခွဲစိတ်ကုသခြင်းကို ငြင်းဆန်ခဲ့။ သဘာဝအတိုင်းသာ သေမည်ဟု ပြောကြား။
သင်္ချာပညာကို ပိုလေ့လာခဲ့သည့်သည်ဟု နောင်တရရင်း သေဆုံးခဲ့။
💥 "ကျွန်တော့်မှာ ထူးခြားသော ပါရမီမရှိပါ။ ကျွန်တော်ဟာ
သိလိုစိတ်ပြင်းပြခြင်းသာ ဖြစ်ပါတယ်။" 💥
-အဲလ်ဘတ် အိုင်းစတိုင်း(၁၈၇၉-၁၉၅၅)
________________________________
Ref; Wiki, Express.uk
Credit. ; Curiosity Science Magazine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...