Friday, May 6, 2016

အကြင်နာတရားအပြည့်နဲ့ ရဲအရာရှိ

သုတဇုန်

အသက် ၄၇ နှစ်အရွယ် Helen ဆိုတဲ့ အမျိုးသမီးကို ခိုးမှုတစ်ခုနဲ့
ရဲစခန်းကို ရောက်လာတဲ့အတွက် ရဲအရာရှိက စစ်ပါတယ်။

အဲဒီနောက်တော့ ၀ယ်စရာ ပိုက်ဆံမလောက်တော့လို့
ကြက်ဥ ငါးလုံးခိုးမိကြောင်း ၀န်ခံပါတယ်။
သူမဟာ အလွန်ဆင်းရဲပြီး ထောက်ပံ့ကြေးနဲ့ စားနေရတဲ့ မသန်စွမ်း
တစ်ယောက်ဖြစ်ပါတယ်။ သမီး နဲ့ မြေးလေးတစ်ယောက်လည်း ရှိပါတယ်။

အဲဒီအချိန်က ထောက်ပံ့ကြေးဟာ ပျောက်ဆုံးသွားခဲ့လို့ သူမမှာ ၁.၇၅ ဒေါ်
လာပဲ ကျန်တော့ပါတယ်။ မိသားစု ၃ ယောက် ၂ရက် နီးပါး အစာမစားပဲ နေခဲ့ရပါတယ်။ ကျန်တဲ့ဒေါ်လာ နဲ့ ကြက်ဥ၀ယ်ဖို့လောက်မယ်
လို့ထင်ခဲ့ပေမယ့် အခွန် ၀.၅ ဒေါ်လာ ထပ်ပေးရတာကြောင့် မလောက်တော့
ပါဘူး။ ဒါနဲ့ သူမဟာ ကြက်ဥ ငါးလုံးကို သူမ အိပ်ကပ်ထဲ ထည့်ခိုးပါတော့
တယ်။
အကြောင်းစုံ သိသွားတဲ့ ရဲအရာရှိဟာ သူမဆီက နောက်ဘယ်တော့မှ
အခုလို မလုပ်ဖို့ ကတိတောင်းပါတယ်။ အဲဒီနောက် စူပါမတ်ကတ်ကို
ခေါ်သွားပြီး သူမအလိုရှိသလောက်အပြင် များပြားလှတဲ့ စားစရာ နဲ့ အ၀တ်အစားတွေကို ၀ယ်ပေးခဲ့ပါတယ်။
ဘာလို့ မဖမ်းသလဲ ထိုအရာရှိကုမေးတော့ အရာရှိက -
"ဥပဒေ ဆိုရင် သူ့ကိုဖမ်းသင့်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ လူသားချင်း
စာနာထောက်ထား မှုက ပိုအရေးကြီးပါတယ်" လို့ သူက ဖြေပါတယ်။
ဒီအမျိုးသမီးကို မဖမ်းလို့ သူ့အပြစ်ပေးရင်လည်း ခံပါမယ့် ဆိုတဲ့သဘောပါ။
အဲဒီအကြောင်းကို အင်တာနက်ပေါ်တင်လိုက်ရာကနေ ကမ္ဘာတစ်ဝှမ်းက
အကူအညီတွေဟာ အမျိုးသမီး မိသားစုထံ ရောက်လာပါတော့တယ် smile emoticon
‪#‎သုတဇုန်‬
fb.com/thutazone
www.thutazone.com
(ပုံမှာ ကလေးတွေ အတွက် ကြက်ဥ ၅ လုံးခိုးတဲ့ ဟုပြင်ဖတ်ပါရန် smile emoticon )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...