ငွေလွှဲရောက်ပြီ ဒေါ်စိန်ကြည်
U Saw Maung
(၁)
အိမ်မိုးလို့ရပြီ
ဆေးကုလို့ရပြီ
ကလေးတွေ ကျောင်းအပ်နိုင်ပြီ
အကြွေးဆပ်နိုင်ပြီ
ဒေါ်စိန်ကြည်ဆီ ငွေလွှဲရောက်ပါပြီ။
(၁)
အိမ်မိုးလို့ရပြီ
ဆေးကုလို့ရပြီ
ကလေးတွေ ကျောင်းအပ်နိုင်ပြီ
အကြွေးဆပ်နိုင်ပြီ
ဒေါ်စိန်ကြည်ဆီ ငွေလွှဲရောက်ပါပြီ။
(၂)
လူကြီးမင်းတို့ စားသောက်ပွဲမှာ
ငါးမန်းတောင်ဟင်းချိုရဖို့
ကျောက်ပုစွန်မီးကင်ရဖို့
ပြည်ကြီးငါးသုပ်ရဖို့
ဂဏန်းမဆလာရဖို့
ရေခူ ရေမျောက် လိပ်သား ပင်လယ်ငါးအမျိုးမျိုးစားရဖို့
ရနောင်းမြို့လေးက
ပင်လယ်စာ အအေးခန်းစက်ရုံမှာ အလုပ်လုပ်ရင်း
ငွေရှာဖို့ရောက်လာတဲ့
တနင်္သာရီဒေသ ကျေးလက်သူလေးတွေပေါ့။
ရိုးရိုးပြောရရင်
ကိုယ့်ဒေသမှာ အဆင်မပြေသေးလို့ပေါ့
လူငယ်ဆိုတော့လည်း
ဘဝကိုဆန့်နိုင်သလောက် ပိုဆန့်ချင်တာပေါ့။
ဒီလိုလူငယ်တွေထဲ
ဒေါ်စိန်ကြည်ရဲ့သမီးလည်း တစ်ယောက်အပါပေါ့။
(၃)
အမေရယ်. .
လဆန်းရက်တွေတိုင်း
ထားဝယ် KBZ ဘဏ်ရှေ့ဗာဒံပင်ရိပ်မှာ
အမေငွေလွှဲလာစောင့်မှန်း သိတော့လည်း
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
ရနောင်းလာဖို့ လမ်းစရိတ်ကြွေးလေး
အလုပ်ရဖို့ ပွဲစားပေးရတဲ့ကြွေးပူလေး
ထိုင်းရဲကြေးလေး လဝက ကြေးလေးပေးနိုင်အောင်
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
တနင်္သာရီက ကိုယ့်မိသားစုလေး
လူ့ဂုဏ်သိက္ခာနဲ့အညီ လူတန်းစေ့နေနိုင်အောင်ပါ
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
အမေက အဆင်ပြေလားပျော်လားမေးတော့
ပျော်တာပေါ့ အမေရယ်
ရနောင်းမှာ သမီးတော်တော်ပျော်ပါတယ်ပေါ့။
မနက်မိုးလင်း ဖယ်ရီနဲ့သွားရတယ်
တစ်နေ့ကုန် မတ်တပ်ရပ်ပြီး
ငါးအမျိုးအစားခွဲရတယ် ဆိုဒ်ခွဲရတယ်
အလေးချိန်ချိန် ပါကင်ထုတ်ပိုး
မပုပ်သိုးအောင် ရေခဲရိုက်ရတယ်။
လတ်ဆတ်တဲ့ sea food များ
လူကုံထံတွေ စားကြမှာပေါ့လေ
စားနိုင်သောက်နိုင်ပါစေ ဆုတောင်းပေးရတာပေါ့
ဒါမှ သမီးတို့အလုပ်မြဲမယ်လေ။
အအေးခန်းစက်ရုံကြီးထဲ
သမီးတို့နေထိုင်ပုံက
ငါးတွေ အသက်စွန့်ရသလိုပါပဲ
သမီးလည်း နုပျိုလွတ်လပ်တဲ့လူငယ်ဘဝကိုစွန့်ခဲ့တယ်
မွေးရပ်မြေကို စွန့်ခဲ့တယ်
စာသင်ခန်းကို စွန့်ခဲ့တယ်
ငယ်ချစ်ဦးကု စွန့်ခဲ့တယ်
နှလုံးသားကို ရေခဲရိုက်ခဲ့တယ်ပေါ့ အမေ။
(၃)
ပိုက်ဆံဆိုတာ
ကိုယ်ကလိုက်ရင်အပြေးမြန်တယ်ဆိုတာ သိပ်မှန်တာပဲ
ရနောင်းမှာလည်း
နေထိုင်စရိတ်နဲ့ ကုန်ဈေးနှုန်းတက်တယ်
သမီးလွှဲငွေက အကြွေးဆပ်ဖို့နဲ့
မိသားစုစားဝတ်နေရေးအတွက် မလုံလောက်မှန်း
သမီးလည်းသိပါတယ်
ပိုကောင်းတဲ့အလုပ်လည်းရှာနေပါတယ်
ဒီမနက်တော့
ရာသီဥတု သာယာတယ်
သနပ်ခါးခြေဆုံးခေါင်းဆုံး လိမ်းထားတယ်
မိသားစုတွေ ပြန်ဆုံမယ့်နေ့ကို
စိတ်ကူးနဲ့တွေးနေမိတယ်
ဗြုန်းဆို. . . . .
ဖယ်ရီစောင့်နေတဲ့ သမီးတို့လူအုပ်ထဲ
ကားတစ်စီး ပြေးဝင်လာတယ်အမေ။
(၄)
ဒီတစ်ခါတော့
အိမ်ပြင်လို့ရပါပြီ
ဆေးကုလို့ရပါပြီ
အငယ်တွေ ကျောင်းတက်လို့ရပါပြီ
အကြွေးကျေပါပြီ
သမီးငွေတွေ အများကြီးလွှဲလိုက်တယ် အမေ
သမီးကတော့
ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးပေါ့ အမေရယ်။
စုမောင်မောင်
၁၁ ၅ ၁၆
(ရနောင်းမှာကားတိုက်ခံရပြီးကွယ်လွန်သူ
မြန်မာအလုပ်သမားများသို့)
လူကြီးမင်းတို့ စားသောက်ပွဲမှာ
ငါးမန်းတောင်ဟင်းချိုရဖို့
ကျောက်ပုစွန်မီးကင်ရဖို့
ပြည်ကြီးငါးသုပ်ရဖို့
ဂဏန်းမဆလာရဖို့
ရေခူ ရေမျောက် လိပ်သား ပင်လယ်ငါးအမျိုးမျိုးစားရဖို့
ရနောင်းမြို့လေးက
ပင်လယ်စာ အအေးခန်းစက်ရုံမှာ အလုပ်လုပ်ရင်း
ငွေရှာဖို့ရောက်လာတဲ့
တနင်္သာရီဒေသ ကျေးလက်သူလေးတွေပေါ့။
ရိုးရိုးပြောရရင်
ကိုယ့်ဒေသမှာ အဆင်မပြေသေးလို့ပေါ့
လူငယ်ဆိုတော့လည်း
ဘဝကိုဆန့်နိုင်သလောက် ပိုဆန့်ချင်တာပေါ့။
ဒီလိုလူငယ်တွေထဲ
ဒေါ်စိန်ကြည်ရဲ့သမီးလည်း တစ်ယောက်အပါပေါ့။
(၃)
အမေရယ်. .
လဆန်းရက်တွေတိုင်း
ထားဝယ် KBZ ဘဏ်ရှေ့ဗာဒံပင်ရိပ်မှာ
အမေငွေလွှဲလာစောင့်မှန်း သိတော့လည်း
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
ရနောင်းလာဖို့ လမ်းစရိတ်ကြွေးလေး
အလုပ်ရဖို့ ပွဲစားပေးရတဲ့ကြွေးပူလေး
ထိုင်းရဲကြေးလေး လဝက ကြေးလေးပေးနိုင်အောင်
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
တနင်္သာရီက ကိုယ့်မိသားစုလေး
လူ့ဂုဏ်သိက္ခာနဲ့အညီ လူတန်းစေ့နေနိုင်အောင်ပါ
သမီးကြီး လတိုင်းရုန်းကန်ရတယ်။
အမေက အဆင်ပြေလားပျော်လားမေးတော့
ပျော်တာပေါ့ အမေရယ်
ရနောင်းမှာ သမီးတော်တော်ပျော်ပါတယ်ပေါ့။
မနက်မိုးလင်း ဖယ်ရီနဲ့သွားရတယ်
တစ်နေ့ကုန် မတ်တပ်ရပ်ပြီး
ငါးအမျိုးအစားခွဲရတယ် ဆိုဒ်ခွဲရတယ်
အလေးချိန်ချိန် ပါကင်ထုတ်ပိုး
မပုပ်သိုးအောင် ရေခဲရိုက်ရတယ်။
လတ်ဆတ်တဲ့ sea food များ
လူကုံထံတွေ စားကြမှာပေါ့လေ
စားနိုင်သောက်နိုင်ပါစေ ဆုတောင်းပေးရတာပေါ့
ဒါမှ သမီးတို့အလုပ်မြဲမယ်လေ။
အအေးခန်းစက်ရုံကြီးထဲ
သမီးတို့နေထိုင်ပုံက
ငါးတွေ အသက်စွန့်ရသလိုပါပဲ
သမီးလည်း နုပျိုလွတ်လပ်တဲ့လူငယ်ဘဝကိုစွန့်ခဲ့တယ်
မွေးရပ်မြေကို စွန့်ခဲ့တယ်
စာသင်ခန်းကို စွန့်ခဲ့တယ်
ငယ်ချစ်ဦးကု စွန့်ခဲ့တယ်
နှလုံးသားကို ရေခဲရိုက်ခဲ့တယ်ပေါ့ အမေ။
(၃)
ပိုက်ဆံဆိုတာ
ကိုယ်ကလိုက်ရင်အပြေးမြန်တယ်ဆိုတာ သိပ်မှန်တာပဲ
ရနောင်းမှာလည်း
နေထိုင်စရိတ်နဲ့ ကုန်ဈေးနှုန်းတက်တယ်
သမီးလွှဲငွေက အကြွေးဆပ်ဖို့နဲ့
မိသားစုစားဝတ်နေရေးအတွက် မလုံလောက်မှန်း
သမီးလည်းသိပါတယ်
ပိုကောင်းတဲ့အလုပ်လည်းရှာနေပါတယ်
ဒီမနက်တော့
ရာသီဥတု သာယာတယ်
သနပ်ခါးခြေဆုံးခေါင်းဆုံး လိမ်းထားတယ်
မိသားစုတွေ ပြန်ဆုံမယ့်နေ့ကို
စိတ်ကူးနဲ့တွေးနေမိတယ်
ဗြုန်းဆို. . . . .
ဖယ်ရီစောင့်နေတဲ့ သမီးတို့လူအုပ်ထဲ
ကားတစ်စီး ပြေးဝင်လာတယ်အမေ။
(၄)
ဒီတစ်ခါတော့
အိမ်ပြင်လို့ရပါပြီ
ဆေးကုလို့ရပါပြီ
အငယ်တွေ ကျောင်းတက်လို့ရပါပြီ
အကြွေးကျေပါပြီ
သမီးငွေတွေ အများကြီးလွှဲလိုက်တယ် အမေ
သမီးကတော့
ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးပေါ့ အမေရယ်။
စုမောင်မောင်
၁၁ ၅ ၁၆
(ရနောင်းမှာကားတိုက်ခံရပြီးကွယ်လွန်သူ
မြန်မာအလုပ်သမားများသို့)
0 comments:
Post a Comment