Thursday, May 26, 2016

"စင်္ကာပူက ကော်ဖီအကြောင်း"

Thanlay K


မန္တလေးမှာ လဘက်ရည်မှာမယ်ဆို အရသာမျိုးကွဲပေါင်း များစွာရှိပါတယ်။
- ပုံမှန်
- ပုံမှန်စိမ့်
- ကျစိမ့်
- ချိုစိမ့်
- ဖန်ချို
- ဖန်စိမ့်


- ချိုပေါ့
- ချိုပေါ့ကျ
- ချိုကျ
- ကျောက်ပဒေါင်း (ကျောက်ပန်းတောင်း)
- ဖန်ပဒေါင်း
... ... စသဖြင့် ရှိပါတယ်။ (ကျန်နိုင်သေးတယ်)
ရပ်ကွက်ထဲက ဆိုင်လေးတွေမှာ မျိုးစုံ မရနိုင်ပေမယ့် မင်းသီဟလို၊ ယူနီစန်လို၊ရွှေပြည်မိုးလို ဆိုင်ကြီးတွေမှာတော့ အတိအကျ ရပါတယ်။
အောက်ပြည်အောက်ရွာဘက်မှာတော့ အဲ့လောက်မျိုးစုံအောင် မှာလေ့မှာထ မတွေ့မိ (ကျနော်မသိတာလည်း ဖြစ်ပါမယ်)။
သက်ဆိုင်ရာ လဘက်ရည်ရဲ့ အရသာက သူ့အခေါ်အဝေါ်ထဲမှာကို ပါပြီးသားဆိုတော့ အထူးတလည် ရှင်းနေစရာ မလိုတော့ဘူးလေ။
ပြောချင်တာက...
စင်္ကာပူက Kopitiam ဆိုတဲ့ ကော်ဖီဆိုင်တွေမှာ ရနိုင်တဲ့ ကော်ဖီရသာမျိုးကွဲတွေအကြောင်းပါ။
ဗဟုသုတအဖြစ်ပေါ့။
သူတို့အခေါ် Kopi, ကျနော်တို့အခေါ် ကော်ဖီကို ကိုယ်ကြိုက်တဲ့အရသာရအောင် ဘယ်လိုမှာမလဲဆိုတာ ခုလိုသိထားရင် လိုတဲ့အခါ အသုံးတည့်နိုင်တယ်လေ။
Kopi ၁၄ မျိုးရှိပါတယ်။
တခုချင်း နာမည်တွေနဲ့ ပါဝင်တာတွေကို ရှင်းပြပါမယ်။
ခု ကျနော်ပြောပြတဲ့အထဲမှာ ပါမယ့် (coffee ကော်ဖီ) ဆိုတာဟာ ကော်ဖီမှုန့် ကို ဆိုလိုတာပါ။
သူတို့ကော်ဖီဖျော်တဲ့အခါ အမှုန့်နဲ့ ဒီအတိုင်းဖျော်လေ့တော့ မရှိပါဘူး။
ကော်ဖီမှုန့်ကို မီးအေးအေးနဲ့ နှပ်ထားတဲ့ 'နှပ်ကော်' နဲ့သာ ဖျော်ကြတာများပါတယ်။
1. Kopi
- Coffee
- condensed milk
သမရိုးကျ ကော်ဖီပါ၊
ကော်ဖီ (နှပ်ကော်)ကို နို့ဆီနဲ့သာ ဖျော်ပါတယ်။
.
2. Kopi Gao
- Thick coffee
- Condensed milk
ကော်ဖီခါးပါ၊ ပုံမှန်ကော်ဖီထက် နည်းနည်းပိုခါးပါတယ်။
မြန်မာပြည် မှာတော့ ချစ်ကောင်းလို့ ခေါ်မှာပေါ့။
နှပ်ကော်ခပ်ပြင်းပြင်းကို နို့ဆီနဲ့ပဲ ဖျော်ပါတယ်။
.
3. Kopi Di Lo
- Very thick coffee
- Condensed milk
ကော်ဖီအလွန်ခါးခါးပါ၊
ချစ်ကောင်းထက်ကို ပိုခါးတယ်။ အိမ့်ချစ်လောက် နေမှာပေါ့။
နှပ်ကော်အလွန်ပြင်းပြင်းကို နို့ဆီနဲ့ပဲ ဖျော်ပါတယ်။
.
4. Kopi Poh
- Thin coffee
- Condensed milk
ကော်ဖီပျော့
နှပ်ကော်အခါး ပျော့ပျော့ကို နို့ဆီနဲ့ ဖျော်ထားတာပါ။
.
5. Kopi Peng
- Coffee
- Condensed milk
- Ice tube
ကော်ဖီအေး ပါ။
ကော်ဖီဖျော်ထားတဲ့အထဲ ရေခဲတုံး ထည့်လိုက်တာပါပဲ။
.
6. Kopi O
- Coffee
- Suger
မြန်မာပြည်မှာတော့ ဘလက်ကော်ဖီလို့ ခေါ်တာပေါ့။
တခုရှိတာက ဒီမှာက သံပုရာသီးမပါဘူး။
နှပ်ကော် နဲ့ သကြားနဲ့ ဖျော်ထားတာ။
.
7. Kopi O Siew Dai
- Coffee
- Less suger
ဘလက်ကော်ဖီကို သကြားလျှော့ထည့်တာ။
မှာရင် 'ကိုပီရှူးဒိုင်း' လို့ မှာကြတာ ကြားကြားနေတာပဲ။
.
8. Kopi O Ga Dai
- Coffee
- More suger
ဘလက်ကော်ဖီ ကို သကြားများများထည့်တာပါ။
.
9. Kopi C
- Coffee
- Suger
- Evaporated milk
နှပ်ကော်ကို သကြားနဲ့ နို့စိမ်းနဲ့ဖျော်တာ။
မန္တလေးဘက်မှာတော့ ကော်ဖီဖျော်ဖျော်၊ လဘက်ရည်ဖျော်ဖျော် နို့ဆီနဲ့ပဲ ဖျော်ကြတယ်။ သကြားထည့်လေ့မရှိဘူး။
အောက်ပြည်ဘက်မှာတော့ နို့ဆီသကြား ၂ မျိုးလုံး ထည့်ကြတာ သတိထားမိတယ်။
ခုလည်း အဲ့စတိုင်မျိုးကို နို့စိမ်းနဲ့ဖျော်တာ။
.
10. Kopi C Siew Dai
- Coffee
- Less suger
- Evaporated milk
အပေါ် နံပတ် ၉ ကော်ဖီ (Kopi C)ကို သကြားလျှော့ထည့်တာပါ။
Siew Dai ရဲ့ အဓိပ္ပယ်က သကြားနည်းနည်းလို့ ဆိုလိုတာဖြစ်မယ်။
.
11. Kopi C Ga Dai
- Coffee
- More Suger
- Evaporated milk
အပေါ်က နံပတ် ၉ ကော်ဖီ (Kopi C) ကို သကြားပိုထည့်တာ။
Ga Dai ဆိုတာက သကြားများများလို့ ဆိုလိုတာနေမှာ။
.
12. Kopi Kosong
- Coffee
နှပ်ကော်ချည်းသက်သက် သောက်ကြတာ။
သကြားမပါ။ နို့ဆီ မပါ၊ ဘာမှမပါဘူး။
ဘယ်လိုလူတွေများ သောက်ကြတာလဲမသိ။
.
13. Kopi Gu Yu
- Coffee
- Butter
နှပ်ကော်ကို ထောပတ်နဲ့ဖျော်တာ။
ကော်ဖီဂုရု တဲ့။
ထောပတ်ဆီတဝေ့ဝေ့နဲ့ ကော်ဖီကြီးကို သောက်ဖို့မပြောနဲ့ မြင်တာနဲ့တင် ကြေကွဲမိမယ်။
.
14. Kopi Tarik
- Pulled coffee
- Foam
- Condensed milk
အမြုပ်ကော်ဖီလို့ ခေါ်ရမှာပေါ့။
ဒီထဲမှာပါတဲ့ Pulled coffee ဆိုတာကို သူငယ်ချင်းပြောပြတာက ဒီလို...
ကော်ဖီကို ခွက်တခုကနေ နောက်တခွက်ထဲကို အမြင့်ကနေ လောင်းလောင်းထည့်တာပါတဲ့။
အဲဒီတော့ အမြုပ်ထလာရော။
Liptan ကထုတ်တဲ့ Tea Tarik အထုပ်တော့ ကြိုက်လို့ အမြဲသောက်ဖြစ်တယ်။ ဖျော်လိုက်ရင် အမြုပ်လေး ထလာတယ်။
နောက်တခုက...
Kopi Sua လို့ ရှိပါသေးတယ်တဲ့။
ဒါကတော့ ကော်ဖီအရာသာမျိုးကွဲ မဟုတ်ရပါဘဲ 'ဆင်တူကော်ဖီ ၂ ခွက်' လို့ ဆိုလိုတာပါတဲ့။
ချစ်သူစုံတွဲတွေအတွက် ကော်ဖီဆင်တူသောက်ချင်ရင် မှာကြဖို့ နေမှာပေါ့။
.
Source - Times (22 May 2016)
.
သန်၎ကို - ရမ်းဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...