ရွာကျောင်း
ခနော်ခနဲ့ ယိုင်ရွဲ့စောင်းစောင်း
နွမ်းလျှ ရွာကျောင်းပူခြစ်ခြစ်မှာ
တစ်ရွာလုံးက ချစ်လို့
ရွာခန့်အဖြစ်
ဆရာမအသစ်ကို
ဈေးမဆစ်လစာနဲ့
စာမချုပ်ဘဲခန့်လိုက်တယ် ။
နွမ်းလျှ ရွာကျောင်းပူခြစ်ခြစ်မှာ
တစ်ရွာလုံးက ချစ်လို့
ရွာခန့်အဖြစ်
ဆရာမအသစ်ကို
ဈေးမဆစ်လစာနဲ့
စာမချုပ်ဘဲခန့်လိုက်တယ် ။
ကျောင်းဝင်းရာသီ
အဝင်လမ်းကမညီ
ပင်စည်တွေကခန်းခြောက်
သောက်ရေတွေကပြတ်လပ်
သော့မခတ်ထားတဲ့ခြံစည်းရိုး
အရှေ့က……ခွေး တိုး
အနောက်က……နွားတိုး
မြောက်ဖက်က…ဝက်ထိုး
ပတ်ပတ်လည်မြွေတွေကဆိုး
အတွင်းသူခိုးလည်းပူ
ပူသမျှ……အပူ
ဘယ်သူ ဝိုင်းကူမလည်း
မြွေပူရာ ကင်းမှောင့် တဲ့အဖြစ်
ဆရာမအသစ်……
ခေါင်း နွံ့ နစ်ခဲ့ပြီလေ ။
ဆရာမ အသစ်
သင်ရိုးလည်း မစစ်အား
တပည့်တွေလည်း မချစ်အား
"က" ကညစ် ပေမှာမခြစ်အားပေမယ့်
ခြံမလုံ မိုးယိုနေတဲ့ကျောင်း
သူ ဦးဆောင်မှပြောင်းလဲမှာမို့
ဆရာမရဲ့ခေါင်း
စိတ် မထောင်း ဖို့လိုတယ်လေ ။
ရွာမိရွာဖ
မိဘနဲ့ကျောင်းသား
စည်းမခြားကျောကပ်
ရစ်ပတ်ခြည်နှောင်
ဦးဆောင်သူ ဆရာမ ခေါင်း မပူရလေအောင်
တို့ …ရွာကျောင်းရဲ့အနာဂါတ်
ဆရာမနဲ့တစ်ထပ်တည်းကျဖို့
နောက်လိုက်ကောင်း တတ် ရမယ်လေ ။ ။
(ကိုရွှေကေဇာ)
ကလော ဂျီတီအိုင်
30-4- 2016
10:39 pm
အဝင်လမ်းကမညီ
ပင်စည်တွေကခန်းခြောက်
သောက်ရေတွေကပြတ်လပ်
သော့မခတ်ထားတဲ့ခြံစည်းရိုး
အရှေ့က……ခွေး တိုး
အနောက်က……နွားတိုး
မြောက်ဖက်က…ဝက်ထိုး
ပတ်ပတ်လည်မြွေတွေကဆိုး
အတွင်းသူခိုးလည်းပူ
ပူသမျှ……အပူ
ဘယ်သူ ဝိုင်းကူမလည်း
မြွေပူရာ ကင်းမှောင့် တဲ့အဖြစ်
ဆရာမအသစ်……
ခေါင်း နွံ့ နစ်ခဲ့ပြီလေ ။
ဆရာမ အသစ်
သင်ရိုးလည်း မစစ်အား
တပည့်တွေလည်း မချစ်အား
"က" ကညစ် ပေမှာမခြစ်အားပေမယ့်
ခြံမလုံ မိုးယိုနေတဲ့ကျောင်း
သူ ဦးဆောင်မှပြောင်းလဲမှာမို့
ဆရာမရဲ့ခေါင်း
စိတ် မထောင်း ဖို့လိုတယ်လေ ။
ရွာမိရွာဖ
မိဘနဲ့ကျောင်းသား
စည်းမခြားကျောကပ်
ရစ်ပတ်ခြည်နှောင်
ဦးဆောင်သူ ဆရာမ ခေါင်း မပူရလေအောင်
တို့ …ရွာကျောင်းရဲ့အနာဂါတ်
ဆရာမနဲ့တစ်ထပ်တည်းကျဖို့
နောက်လိုက်ကောင်း တတ် ရမယ်လေ ။ ။
(ကိုရွှေကေဇာ)
ကလော ဂျီတီအိုင်
30-4- 2016
10:39 pm
0 comments:
Post a Comment