Saturday, May 28, 2016

ဝိတ်ချနည်း

သိန်း မြင့်

ကိုချူချာ တစ်ယောက် အခုတစ်လော အလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက သင်၏ အဆီများကျဖို့  ကျွန်တော်တို့က တာဝန်ယူပါသည်။ ဖုန်းနံပါတ် - - - - - ကိုသာ ဆက်သွယ်လိုက်ပါ ဟု တွေ့ရသဖြင့် ခေါ်ဆိုကြည့်ရာတစ်ဖက်မှ၊ ဟုတ်ကဲ့ Slim Body Group မှ ကြိုဆိုပါတယ်။ မိတ်ဆွေအနေဖြင့်၊ နေနရပ်လိပ်စာနှင့် တစ်ပတ်အတွင်း ပေါင်မည်မျှ ကျချင်ကြောင်း ပြောပြပါ ဟုပြန်ဖြေလေသည်။

ထိုအခါ
ကိုချူချာက တစ်ပတ်အတွင်း ၅ပေါင် ကျချင်ကြောင်းပြောရာ
တစ်ဖက်မှ၊ ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန် ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း ဤအစီအစဉ်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြန်ဖြေလေသည်။
နောက်နေ့ မနက် အိမ်တံခါးခေါက်၍ သွားဖွင့်ရာ၊ ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏ လည်ပင်းတွင် ကဒ်ပြားတစ်ခု ချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ၊
မိအောင်ဖမ်း၊ မိရင်နမ်း၊ ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင် လိုက်ရတော့သည်။ ၂မိုင်လောက် ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့် ထိုမိန်းကလေးနောက် နေ့စဉ်ပြေးလိုက်နေရရာ တစ်ပတ်မျှကြာသော် အမှန် တစ်ကယ်ပင် ၅ပေါင် ကျသွားကြောင်းတွေ့ ရသည်။
ကိုချူချာတစ်ယောက် အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း ၁၀ပေါင် ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက် ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဘောင်းဘီတိုလေးနှင့် စောင့်နေသည်ကို တွေ့ ရပြန်သည်။
ထိုမိန်းကလေး၏ ကတ်ပြားလေးမှာလဲ၊ မိရင်သင့်စိတ်ကြိုက်ဟု ရေးထားလေသည်။ ထိုမိန်းကလေးနောက် ပြေးလိုက်ရာ၊ ၅မိုင်လောက်မှ မှီလေသည်။ ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ် ၁၀ပေါင် ကျသွားလေသည်။
ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း ပေါင် ၅၀ ကျချင်ကြောင်း အကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း ရနိုင်ကြောင်းပြောပြသည်။
သို့ သော်ကိုချူချာကရပါတယ်၊ ဒီလောက်တော့ အပျော့ပေါ့ ဟု ပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀ကျရန် သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ တံခါးသွားဖွင့်ရာ၊ တံခါးတွင်... ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်ချိတ်ဆွဲထားသော ကတ်ပြားလေး၌
"လွတ်အောက်သာပြေး၊ မိရင်ငါ့စိတ်ကြိုက်" လို့ရေးထားသည်ကို တွေ့လိုက်ရတော့သည်။
---
Credit - Original Writer
Credit -momolay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...