Saturday, May 28, 2016

Ibanking အသုံးပြုသူရွှေမြန်မာများ သတိပြုရန်


စင်္ကာပူတွင် ရောက်ရှိနေကျသော ရွှေမြန်မာများ အများစုဟာ ခုဆိုရင် ဖုန်းနဲ့ပဲ အလွယ်တကူ ငွေလွှဲ ငွေချေ နေကျတာ ဖြစ်ပြီး မိမိအသုံးပြုရာ Banking အလိုက် သက်ဆိုင်ရာ Application ကိုဒေါင်းလုပ်ဆွဲ Install လုပ်ပြီး အလွယ်တကူ အသုံးပြုနေကျတာတွင်တွင်ကျယ်ကျယ်ပါ။
ယနေ့မှာတော့ စင်္ကာပူ ရှိ DBS ( POSB ) မှ mobile phone အသုံးပြုပြီး Ibanking အသုံးပြုရာတွင် မိမိတို့ရဲ့ ဖုန်း IOS , Android ဖုန်းများအား Jailbreak ဒါမှမဟုပ် Android ဖုန်းဆိုရက် Root လုပ်ထားခဲ့မယ်ဆိုရင် မိမိတို့ရဲ့ IBanking ရဲ့ အရေးကြီးတဲ့ User name နဲ့ Password ကိုအလွယ်တကူ ခိုးယူ သွားနိုင်ပြီး မိမိတို့ရဲ့ငွေကြေးများဆုံးရှုံးမယ်လို့သတိပေးလိုက်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ Jailbreak tool or Root tool များတွင် အသုံးပြုထားသော Malware ဟာ Phone အတွင်းရှိ အသုံးပြုသူရဲ့အချက်အလက်တွေကို ခိုးယူရာမှာ များစွာထောက်ပံ့တဲ့အတွက် Jailbreak လုပ်ထားသော IOS user များ Root ဖောက်ထားသော Android User များအတွက်ဖုန်းထဲတွင် Ibanking application များကို လုံးဝလုံးဝ မသုံးသင့်ကြောင်းတိုက်တွန်းလိုက်ပါတယ်။ဒါပြင်မိမိမသိသော Links များ Application များနဲ့မိမိဖုန်းနဲ့ သက်ဆိုင်ရာ Store မှ မဟုပ်ပဲ Download ဆွဲ Install လုပ်ထားတဲ့ application များကိုလည်းမသုံးသင့်ကြောင်းကြေညာထားပါတယ်။
Do not "root" or "jailbreak" your smartphone
Avoid clicking on unknown/suspicious links
Install applications from trusted sources only
Be cautious of the permissions requested during app installations
Update your device OS, apps and browser versions regularly
ဖုန်းဖြင့် Ibanking အသုံးပြုသောမိမိရဲ့သူငယ်ချင်းများ ကိုလည်း အမြန်ဆုံးလက်တို့လိုက်ကျပါအုံးရွှေမြန်မာတို့ရေ
စင်္ကာပူ ( ရွှေ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...