Dagon City Project ရဲ့ ကြောက်စရာကောင်းတဲ့အန္တရယ်
သက်နှင်း သုန္ဒရီ added a new photo.
ရွှေတိဂုံဘုရားနားက Dagon City Project ရဲ့ ကြောက်စရာကောင်းတဲ့အန္တရယ်အကြောင်း ပြောချင်ပါတယ်… အဲ့ဒီမြေနေရာကို ပိုင်ဆိုင်သူက နာမည်ခံသက်သက် ဦးဝင်းအောင်… မြေက တပ်ပိုင်မြေပါပဲ…
ဒါပေမဲ့ ဒီစီမံကိန်းလုပ်မှာတော့ အုပ်စုလိုက်ဖြစ်ပြီး ထုံးစံအတိုင်း ခရိုနီတွေနဲ့ နောက်ကွယ်မှာတော့ အပွင့်အခက်ပိုင်ရှင်တွေလို့ ခန့်မှန်းမိပါတယ်…
အဲ့ဒီမြေနေရာဟာ ဘယ်လောက်ထိကျယ်သလဲဆိုရင်
ယောက်လမ်းကနေ စစ်ရုံးအထိ ကျယ်ပါတယ်…
အရင်က တပ်လိုင်းခန်းတွေကို အကုန်ဖြိုလိုက်ပြီး Project ၀င်းထရံတွေကို စစ်ရုံးအထိ ကာထားတာ ၃/ ၄လလောက်ရှိပါပြီ…
အထပ်အမြင့် ကွန်ဒိုတွေဆောက်ပြီး ကြိုပွိုင့်အနေနဲ့ တခန်းကို အနည်းဆုံး သိန်း ၉၀၀၀ လောက်ရှိတဲ့ အဲ့ဒီ စီမံကိန်းကြီးကို မြန်မာနိုင်ငံ အာခီတက်ဗိသုကာအဖွဲ့နဲ့ ရွေတိဂုံဘုရားကိုထိန်းသိမ်းတဲ့ ရှေးဟောင်းပညာရှင်တွေက ကန့်ကွက်ကြပါတယ်…
ဒါကြောင့် Project ကိုခဏနားထားပြီး Dagon City အုပ်စုက အဘတွေနောက်ကို အသဲအသန်ပြန်လိုက်ကြပါတယ်…
အခု အဲ့ဒီစီမံကိန်းကို တိုင်းမှုးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့် ပြန်ရထားပါတယ်…
ဒါကြောင့် Project ကိုခဏနားထားပြီး Dagon City အုပ်စုက အဘတွေနောက်ကို အသဲအသန်ပြန်လိုက်ကြပါတယ်…
အခု အဲ့ဒီစီမံကိန်းကို တိုင်းမှုးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ပိုင်ခွင့် ပြန်ရထားပါတယ်…
Dagon City စီမံကိန်းဟာရွေတိဂုံဘုရား ကြီးရဲ့ကုန်းတော်နဲ့ တစ်ဆက်တည်းဖြစ်ပြီး သာသနာ့နယ်မြေမှာ သာသနာရဲ့ အေးချမ်းတဲ့ အငွေ့အသက်တွေ မရှိတော့ဘဲ အဆင့်မြင့်လူနေအိမ်ခြေရပ်ကွက်ဖြစ်သွားမဲ့ကိန်းပါ…
ပြောရရင် ရွှေတိဂုံဘုရားကြီးကို Dagon City က ကွယ်တော့မှာပါ…
ဘုရားရဲ့ ဥာဏ်တော်နဲ့ Dagon City က မြင့်ခြင်း နိမ့်ခြင်းထက် ဘုရားအနီးတဝိုက်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ခြင်းကို လက်မခံနိုင်တာပါ…
ပြောရရင် ရွှေတိဂုံဘုရားကြီးကို Dagon City က ကွယ်တော့မှာပါ…
ဘုရားရဲ့ ဥာဏ်တော်နဲ့ Dagon City က မြင့်ခြင်း နိမ့်ခြင်းထက် ဘုရားအနီးတဝိုက်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်ခြင်းကို လက်မခံနိုင်တာပါ…
Construction က မြေတူးတဲ့ အခါမှာ အောက်ခြေအနက်ကို ပေ ပေါင်းများစွာ တူးမယ်လို့ သိထားပါတယ်…
အသိဥာဏ်ရှိသူတိုင်း စဉ်းစားနိုင်ပါတယ်…
အဆောက်အဦးမြင့်လေ အောက်ခြေကို နက်နက်တူးရလေ ဖြစ်တာကြောင့် အောက်ခံ Faundation တူးတဲ့အခါမှာ မြေအောက်ရဲ့ တုန်ခါမှုကြောင့် ရွှေတိဂုံကုန်းတော်ရဲ့ မြေအောက်လှိုင်ဂူတော်ကို အားပြင်းပြင်း ရိုက်ခတ်နိုင်လို့ စေတီတော်အက်ကွဲနိုင်သလို တိမ်းစောင်းမှုတွေလည်း ရှိလာနိုင်ပါတယ်…
အဆိုးဆုံးကတော့ ရွေတိဂုံစေတီတော်မြတ်ကြီးရဲ့ ကုန်းတော်အောက်မှာ ဋ္ဌာပနာထားတဲ့ ဓာတ်တော်မွေတော်တွေအကုန် ပျက်စီးသွားနိုင်ပါတယ်…

ဒီလို ကြောက်စရာကောင်းတဲ့ စီမံကိန်းကြီးကို အကောင်အထည်ဖော်ကြမဲ့ လောဘသားခရိုနီတွေနဲ့ ငွေရရင် ဘာမဆို လုပ်ပိုင်ခွင့် ပြုထားတဲ့ တိုင်းမှုးမြင့်ဆွေ အပါအဝင် သမ္မတသိန်းစိန်ထိ အားလုံးဟာ သာသနာကို အဆုံးစွန်ထိ ဖျက်ဆီးနေကြပါပြီ…
ဒီစီမံကိန်းကို အတတ်ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ကန့်ကွက်ပေမဲ့လည်း လုပ်ချင်သလို လုပ်ခွင့်ရနေတဲ့ အချိန်မှာ ဘာမှမတတ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်…
အရမ်းကို စိတ်ထိခိုက်စရာ ရင်နာစရာကောင်းလွန်းလို့ တမျိုးသားလုံးက ကန့်ကွက်ပေးကြပါ…
လက်ပံတောင်းတောင် လယ်တီသိမ်အဖျက်ခံလိုက်ရတာထက် အဆပေါင်းများစွာ ဆိုးဝါးမဲ့ Dagon City စီမံကိန်းပါ!
လက်ပံတောင်းတောင် လယ်တီသိမ်အဖျက်ခံလိုက်ရတာထက် အဆပေါင်းများစွာ ဆိုးဝါးမဲ့ Dagon City စီမံကိန်းပါ!
သိန်းစိန်အစိုးရလက်ထက်မှာ ပြောမကုန်နိုင်တဲ့ အောက်တန်းစားလုပ်ရပ်တွေထဲက အဆိုးဆုံးတခုဖြစ်လာလိမ့်မယ်!
ရန်ကုန်မြို့ရဲ့ အကျည်းတန်ဆုံးနဲ့ သမိုင်းမှာ ပြင်မရမဲ့ အမည်းစက်ကြီး ဖြစ်သွားပါလိမ့်မယ်!
-
0 comments:
Post a Comment