Tuesday, May 12, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၅)

သစ်ထူးလွင်


Posted: 11 May 2015 07:31 AM PDT
 လက်ပံတန်းမြို့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကျောင်းကို ပြီးခဲ့တဲ့ မတ်လအတွင်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အဲဒီ့လိုအကြမ်းဖက်မှု ဖြစ်ပေါ်အောင် တွန်းအားပေးခဲ့တယ်လို့ ယူဆရတဲ့ ပညာရေး ဝန်ြ
Posted: 11 May 2015 06:24 AM PDT
ကယ်ဆယ်ခံရတဲ့ ဒုက္ခသည် တစ်ထောင်လောက် အင်ဒိုနီးရှား နိုင်ငံ၊ အာချေကို ရောက်ရှိခဲ့။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ကမ်းပေါ် တက်လို့ မရဘဲ ထိုင်းနိုင်ငံ အနီးက ပင်လယ်ပြင်ထဲမှာ ပိတ်မိနေတယ်လို့ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။ လူမှောင်ခိုမှုတွေကို ထိုင်းနိုင်ငံမှာ မကြာသေးခင်က စတင် တိုက်ဖျက် နှိမ်နင်းနေတာကြောင့် လူမှောင်ခိုသမားတွေက သူတို့ေ
Posted: 11 May 2015 06:12 AM PDT
'' လစာက တစ်ရက်ကို ၈၀၀ ဒေးကြေးလေ ပြီးရင် အိုတီကြေးက တစ်နာရီကို ၂၀၀ ကျော်ပဲရတယ် '' အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမလေး တစ်ယောက်ပါ အခုလက်ရှိ စက်မှုဇုံက အလုပ်သမားတွေရဲ့အခက်အခဲ အခွင့်အရေး လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။ LLKShttps://www.facebook.com/llksradio 
Posted: 11 May 2015 05:32 AM PDT
မေလ ၁၁ ရက် (ဒေးဒရဲ) ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တောင်ဘက်ပိုင်းတွင် ဒီရေတောများ စိုက်ပျိုးခဲ့သဖြင့် ပုဒ်မ ၄၄၇ (ကျူးကျော်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် တရားစွဲခံနေရသည့် ဒေသခံ ၅၆ ဦး အမှုကို မေလ ၁၄ ရက်နေ့တွင် ဒေးဒရဲမြို့နယ်တရားသူကြီး ဒေါ်သန်းသန်းဝင်းက အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သစ်ထူးလွင်က သတင်းရရှိသည်။ ဒေးဒရဲမြို့နယ်၊ တောင်ဘက်ပိုင်းရှိ ကျုံတက်နှင့် တော်ပေါင်စိန်ကျေးရွာ အု
Posted: 11 May 2015 05:25 AM PDT
 မေလ ၁၁ ရက် ၂၀၁၅  သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်ယံ အချိန် အကြောင်း မသိရသည့် မီးလောင်မှုတခု ဖြစ်ပွါးခဲ့ပါသည်။ မေလ ၁၁ ရက် ညသန်းခေါင်ယံ ကတ်နောက်ရပ်ကွက် ရှိ ဆရာမ နန်းမြင့်မြင့်လှိုင်၏ အိမ်နောက်ပိုင်း မီးဖိုချောင်မှ မီးစတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်သုံးပစ္စည်းများ၊ မောတော်ဆိုင်ကယ် စက်ဘီး အပါအဝင် အိမ်လုံးကျွတ် ပြာကျသွားကြောင်း မိုင်းပန်သား စိုင်းဆိုင် က သျှမ်းသံေ
Posted: 11 May 2015 05:17 AM PDT
 ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆရာ၊ ဆရာမ ၃၀၀၀ ကျော် လိုအပ်နေတယ်လို့ တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးက ပြောပါတယ်။ ဆရာ၊ ဆရာမ တွေကို နှစ်စဉ်ခန့်ထား တာတွေ ရှိပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်မှုတွေ ရှိနေသလို တချို့ကို ဒီနှစ်ကျောင်းဖွင့်အမီ ခန့်ထားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။ “ကျမတို့က အထက်တန်းပြဆိုလည်း ၈၀၀၊ ၉၀၀ လောက်လိုနေတယ်၊ အလယ်တန်းပြဆိုလည်း ဒီလိုပဲ၊ 
Posted: 11 May 2015 05:14 AM PDT
တလကြာရပ်နားထားသည့် လွှတ်တော် အစည်းအဝေးများ ဒီနေ့ပြန်လည် စတင်ရာမှာ အမျိုးသား လွှတ်တော်မှာတော့ ထောင်ဒဏ် ၂ နှစ်အပြင် ဒဏ်ငွေ ၁၅ သိန်းချမှတ်နိုင်တဲ့ မျိုးစောင့်ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းပါတယ်။ မေလ ၁၁ ရက်နေ့ အမျိုးသား လွှတ်တော်မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးနို
Posted: 11 May 2015 05:08 AM PDT
ပါရာဂွေးနိုင်ငံ မြို့တော်အယ်ဆန်ကွန်း၏ အရှေ့တောင်ဘက် မိုင် ၂ဝဝ အကွာ ကာဆာပါမြို့၌ အဖမ်းခံရသည့် အသက်(၁ဝ)နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံရသူ အသက် (၄၂)နှစ်အရွယ် ဘင်နီတက်ဇာရက်က ၄င်းတွင် အပြစ်မရှိကြောင်းနှင့် သေချာစေရန် ထပ်တိုးစစ်ဆေး မှုများ ထပ်မံပြုလုပ်ပေးရန် သတင်းထောက်များမှ တစ်ဆင့်ယမန်နေ့တွင် တောင်းဆိုသွားခဲ့သည်။ ၄င်းသည် ၁၅ ရက်ကြာ ရှောင်တိမ်းပြေးလွှားနေရာမှ အဖမ်းခံခဲ့ခြင်းဖြစ်
Posted: 11 May 2015 05:05 AM PDT
 အတ္တလန္တာ မေ ၁ဝ  သားဖြစ်သူ ဘွဲ့ယူရန်အတွက် မစ္စစပီတက္ကသိုလ်သို့ လေယာဉ် ငယ်ဖြင့် သွားရောက်ခဲ့ရာတွင် လေယာဉ်ပျက်ကျခဲ့သည့်အတွက် မိသားစုလေးဦးစလုံး သေဆုံးခဲ့ရ ကြောင်း စကိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။ ဂရက်ဘတ်ဒ်နှင့် ၄င်း၏သား နှစ်ဦးဖြစ်သည့် ဖီးလစ်၊ ခရစ္စတိုဖာ နှင့် ခရစ္စတိုဖာ၏ဇနီးလောင်း ဂျက် ကီကူဇာတို့သည် မစ္စစပီတက္ကသိုလ် တွင် ဘွဲ့ယူမည့် ရောဘတ်ဂရက် ဘတ်ဒ်ထံသို့ Piper-32 အင် ဂျင်တစ်လုံးထိုးလေယာဉ်ငယ်ဖြင့် 
Posted: 11 May 2015 04:50 AM PDT
ရှေ့နေ ရောဘတ်စန်းအောင်နှင့် မသန္တာတို့အား ကျိုက္ကမရော တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - မင်းနေထူး)  အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အပြစ်ကျူးလွန်သူတွေကို စစ်တရားရုံးက တရားသေ လွှတ်ပေး လိုက်ပေမယ့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာတော့  ဒီကနေ့ သက်သေတွေကို ဆက်လက်စစ်ဆေး နေပါတယ်။ ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ
Posted: 11 May 2015 04:43 AM PDT
သတင်းဓာတ်ပုံ -Zaai Hom Main  ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ထဲမှာ မေ ၉ ရက် သန်းခေါင်ကျော်ချိန်က မီးလောင်မှု ဖြစ်ပွားပြီး အလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းတွေ မီးထဲပါသွားခဲ့ပါတယ်။ ၁၂ နာရီခွဲလောက်က စလောင်တဲ့ မီးဟာ မနက် ၂ နာရီလောက်မှ ငြိမ်းသွားတဲ့ အတွက် အခန်းပေါင်း ၄၀ ကျော်ရှိတဲ့ တိုက်တလုံးနဲ့ ဂိုဒေါင်တစ်ခုပါ မီးထဲပါသွားတယ်လို့ မီးလောင်နေရာကို သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံ စိုင်းထွ
Posted: 10 May 2015 07:18 PM PDT
 အချိန်အခါမဟုတ် ထူးခြားတဲ့ ဆောင်းရာသီ နှင်းမုန်တိုင်းနဲ့ နွေဦးရာသီ မုန်တိုင်းတွေ တနင်္ဂနွေနေ့က တပြိုင်တည်း ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ကို အမေရိကန် ပြည်ထောင်စု၊ တောင် Dakota ပြည်နယ်က ဒေသခံတွေ အသီးသီး ခံစားနေကြရပါတယ်။ ပြည်နယ်ရဲ့အရှေ့ပိုင်း Delmont မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားတဲ့အတွက် အိမ်နဲ့ တခြား အဆောက်အဦးအများအပြား ပျက်စီးသွားခဲ့ပါတယ်။ အနည်းဆုံး လူ ၃ ဦးလည်း ထိခိုက် ဒဏ်ရာရ
Posted: 10 May 2015 07:17 PM PDT
 လူ့အခွင့်အရေး ချန်ပီယံလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပြန်လည် သုံးသပ်ဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ တနိုင်ငံချင်းစီအပေါ် ၄ နှစ်တကြိမ် ပြုလုပ်တဲ့ Universal Periodic Review - နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ပုံမှန်သုံးသပ်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မကြာသေးခင် ကာ
Posted: 10 May 2015 06:31 PM PDT
ရန်ကုန် မေ ၁ဝ  ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့ တွင် မေ ၉ရက် ညနေ ၅နာရီခန့်က ဘောက်ဆာယာဉ်တိုက်မိ၍ ကလေး ငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း အောင် လင်းထွေး (၂၄)နှစ် (၉)ရပ်ကွက် သုံးခွမြို့နေသူ မောင်းနှင်သော ခေါင်းပြာ၊ ကိုယ်ထည် အဖြူရောင် ဘောက်ဆာယာဉ်သည် အမှတ်(၂) ရပ်ကွက် မြနန္ဒာလမ်းအတိုင်း တောင် မှ မြောက်သို့ မောင်းနှင်လာရာ အောင်မြေလောကကျောင်းတိုက် မုခ်ဦးအနီးအရောက်တွင် လမ်း၏ 
Posted: 10 May 2015 06:24 PM PDT
တကယ် ဆူနာမီ ဖြစ်လာ မယ် ဆိုရင် မြန်မာ ကမ်းရိုးတန်း ဒေသ အတွက် ပြင်ဆင်ချိန် နာရီ ဝက် ကနေ ၁ နာရီ လောက်ထိ ရနိုင်။   မြန်မာ နိုင်ငံ ကမ်းရိုးတန်း ကနေ မိုင် ၂၅၀ ဝန်းကျင် လောက် အကွာ မှာ ရှိတဲ့ အိန္ဒိယ ပိုင် ဘာရင် ကျွန်း မီးတောင် ကနေ အထက် ကို အမြင့် ပေ အတော်များများ ပြာတွေ မှုတ်ထုတ် နေတယ် ဆိုတဲ့ လေကြောင်း လိုင်းတွေ အတွက် သတိပေးချက် ထွက်ပေါ် လာပါတယ်။ ဒီလို ထွက် လာ အပြီးမှာ တော့၊ အဲဒီ့ မီးတောင် ပေါက်ကွဲ 
Posted: 10 May 2015 06:24 PM PDT
လှေစီးပြေး ရိုဟင်ဂျာမိသားစုတွေ အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင်က ဆဲန်နူဒွန်အရပ် ယာယီနေထိုင်ရမယ့်အရပ်ကို ထွက်ခွာဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)  မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာ မူဆလင် ၅၀၀ လောက်တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဆိုက်ကပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းက ရောက်လာကြတဲ့ အဲဒီ ဒုက္ခသည်တချို့ဟာ ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ မလေးရှား ၊ အင်ဒိုနီး
Posted: 10 May 2015 06:18 PM PDT
ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်။ (ဓာတ်ပုံ- Zawana Shen)   အမေရိကန် ပြည်ထောင်စုမှာ ပညာသင် တတ်မြောက်လာတဲ့ မြန်မာ လူမျိုးတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီပေးနိုင်ရေး NNER ကို ဦးဆောင်နေတဲ့ ဒေါက်တာ သိန်းလွင်က သူရဲ့အမေရိကန် ခရီးစဉ်အတွင်းမှာ စည်းရုံးေ
Posted: 10 May 2015 06:11 PM PDT
အယ်လ်ဘေးနီးယန်း လက်နက်ကိုင်တွေဟာ ကိုဆိုဗို ကနေ ထိုး ဖောက် ဝင်ရောက် လာတာ ဖြစ်တယ်လို့ မက်ဆီဒိုးနီးယား နိုင်ငံ အာဏာပိုင်တွေက ပြော။  မက်ဆီဒိုနီးယား နိုင်ငံ မှာ လူ ၂၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် တိုက် ခိုက်မှု တွေ ဖြစ်ပေါ် လာခဲ့တဲ့ အတွက် အခြေအနေ ကို တတ်နိုင်သလောက် ထိန်းချုပ် ကိုင်တွယ် ကြဖို့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ ရဲ့ အကြီးအကဲ က တိုက်တွန်း လိုက်ပါတယ်။ မက်ဆီဒိုးနီးယား နိုင်ငံ မြောက်ပိုင်း 
Posted: 10 May 2015 06:05 PM PDT
 ရပ်နားထားတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေး တွေ မေ ၁၁ ရက် တနင်္လာနေ့ မှာ ပြန်လည် စတင် မှာ ဖြစ်ပါတယ်။ ဒီ တစ်ခေါက် အစည်းအဝေး တွေ မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ အဓိက ဦးစားပေး ဆွေးနွေး ဆုံးဖြတ် ရမယ့် ကိစ္စ ဖြစ်တယ် လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကို ပြောပါတယ်။ အခု မေလ ပထမ ပတ် ထဲ ကပဲ လွှတ်တော် ရဲ့ ဥပဒေ ကြမ်း ကော်မတီ က လည်း အခြေခံ ဥပဒေပါ ပြင်ဆင်ရမယ့် အချက်အလက် တွေ နဲ့ စပ်လျ
Posted: 10 May 2015 04:04 PM PDT
 ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အကြား ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေး ခဲ့ကြရသလို၊ ရွာထဲက အိမ်ခြေ တချို့လည်း မီးလောင်ပျက်စီး ခဲ့တယ်လို့ ကိုယ်တိုင်ထွက်ပြေး ခဲ့ရသူ ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ မြ
Posted: 10 May 2015 04:04 PM PDT
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA အပါအဝင် ဝနယ်၊ ပန်ဆန်းဒေသမှာ မေလဆန်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံမြင်ကွင်း။   ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ကိုးကန့်ဒေသမှာ အစိုးရတပ်တွေကသာ ထိုးစစ်ဆင်နေတာကို ရပ်လိုက်မယ်ဆိုရင် ကိုးကန့်ဒေသ စစ်ပွဲတွေ ရပ်စဲသွားမှာဖြစ်ပြီး အပစ်ရပ် ငြိမ်းချမ်းရေးကို ဆွေးနွေးသွားနိုင်မှာဖြစ်တယ်လို့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့် တပ်
Posted: 10 May 2015 04:01 PM PDT
ကားတစ်စီးသည် အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ နေအိမ်အား ၀င်တိုက်မိရာမှ အိမ်ထဲတွင် အိပ်ပျော်နေသည့် လူတစ်ဦး ဒဏ်ရာများရရှိကာ ဆေးရုံမရောက်မီ လမ်း၌ ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့ တွင် ယနေ့ မေလ(၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၁၅ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)ရွာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ
Posted: 10 May 2015 01:50 PM PDT
သူတို့  တတွေဟာ တခြား နေရာတွေမှာ ဘဝသစ် ပြန်တည် ဆောက်ကြ ဖို့  ဖြစ်ပါတယ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကလို့ ယူဆ ရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ လူ ၅၀၀ လောက်ဟာ လှေ ၄ စင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ အာချေး ကမ်းခြေကို ရောက်ရှိ လာကြ ပါတယ်။ ဒီ အထဲမှာ အမျိုး သမီးနဲ့ ကလေးတွေပါ ပါဝင် ကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ရဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ စာရင်း အရ အခု နှစ် ပထမ ၃ လ အတွင်းမှာ လူပေါင်း ၂ သောင်း ၅ ထောင်ဟာ အန္တရာယ် များ
Posted: 10 May 2015 01:38 PM PDT
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းကို လှေစီးပြီး ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံနေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)  မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာမူဆလင် ၅၀၀ လောက် တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားအနောက်ဘက် ကမ်းခြေကို ဆိုက်ကပ်လာခဲ့ပါတယ်။ ဒီလှေစီးပြေး ဒုက္ခသည်တွေထဲက တချို့ဟာ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် အားအင် ကုန်ခန်းပြီး ဆေးကုသမှုခံယူဖို့ 
Posted: 10 May 2015 01:33 PM PDT
လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာ ရှိတဲ့ နာရေး ကူညီမှုအသင်းမှာ မေလ ၁၀ ရက်နေ့က ကျင်းပနေစဉ်။ Photo: Aung Ko Ko/ RFA ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ တည်ထောင်ခြင်း ၇၉ နှစ်ပြည့်နဲ့ လက်ပံ တန်း ကျောင်းသား သပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...