Saturday, May 9, 2015

အိမ်ထောင်ပြုခြင်း


ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲက
အရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။
(မြန်မာတို့ရ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး
အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။
အောင်သင်း


(သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄)
အသိပညာနှင့် ထိန်းကွပ်သောအလှ
မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်
မဟုတ်ဘူး။
အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်းသိတယ်။
လှပတဲ့ရုပ်ရည်ကို ပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာ
အလှဟာ ပိုပြီးတောက်ပြောင်လာတယ် ဆိုတာကိုလည်း သိတယ်။
ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။
အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။
ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ ချစ်ခင်ခြင်းခံရတာကတော့ အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။
အောင်သင်း
(မျိုးဆက်သစ်)
လူ့ဘ၀တွင် အရာရောက်လှသောအရာ
ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့
လူ့ဘ၀တွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက်
အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။
မအိုသေးတဲ့ သူ
(ပေဖူးလွှာ၊ နိုဝင်ဘာ၊ ၈၆)
အချစ်နှင့်မျက်စိ
အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။
ဒါပေမယ့် ဦးနှောက်မှာတော့ဖြင့် မျက်စိရှိရလိမ့်မယ်။
အောင်သင်း
(အမွေ)
အချစ်ကို အချိုသတ်ထားပါ
ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင်
အချစ်ကို အချိုသတ်ထားပါ။
အောင်သင်း
(အမွေ)
ဒေါင်းမြီးတွေရဲ့ အလှ
ဒေါင်းမြီးရဲ့ အလှဟာ ဒေါင်းတွေရဲ့ အသက်ကို အန္တရာယ်ပြုနေတယ် ၊
ဒေါင်းသားကိုစားချင်တာထက် ဒေါင်းမြီးကိုလိုချင်ကြလို့ဒေါင်းတွေကိုသတ်နေကြတာ မဟုတ်လား။
မိန်းကလေးတွေမှာလည်း လှရင် အဲဒီအလှဟာ အန္တရာယ်တစ်ခုလို ဖြစ်လာတက်တယ်။
အောင်သင်း
(မျိုးဆက်သစ်)
ငယ်ငယ်မှာ စန်းပွင့်လွန်းရင်
လှရင် စန်းပွင့်စမြဲပေါ့ ။
ဒါပေမယ့် ငယ်ငယ်မှာ‘စန်းပွင့်’ လွန်းရင်
ဘ၀မှာ လာဘ်တိတ်သွားတက်တာကို သတိပြုသင့်တယ်။
အောင်သင်း
(မျိုးဆက်သစ်)
အမှားနဲ့ ခဲဖျက်
မှားတာတော့ရှိကြစမြဲပေါ့ ၊
လူတိုင်းမှားတတ်ကြလို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားရတာပေါ့ ၊
ဒါပေမယ့် တချို့ အမှားတွေကခဲဖျက်နဲ့ဖျက်လို့မရဘူးနော်။
အောင်သင်း
(စာပေထဲက လူငယ့်သမိုင်း
မန်း၊ ဓမ္မသာလာစာပေ ဟောပြောပွဲ)
ရည်းစားနှင့် ထဘီ
(နင်တို့မိန်းကလေးတွေဟာ) တစ်သက်လုံးပေါင်းရမယ့် လင်လောင်းလျာ ရည်းစားထားတာကျတော့
ထဘီရွေးသလောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့ လားလို့ အောက်မေ့မိတယ်။
ထဘီကျတော့ ကိုယ်နဲ့လိုက်ရဲ့လား၊ အိမ်မှာရှိတဲ့ အင်္ကျီတွေ ၊ လက်ကိုင်အိတ်တွေနဲ့လိုက်ပါ့မလား
ဆိုတာ စဉ်းစားကြတယ်။
ရည်းစားထားလိုက်တော့  ငါ့စိတ်နေစရိုက်နဲ့သင့်ပါ့မလား၊ ငါ့မိဘဆွေမျိုးဝန်းကျင်နဲ့သူနဲ့အဆင်ပြေ
ပါ့မလား ဆိုတာမျိုး စဉ်းစားကြပါရဲ့ လားလို့တွေးမိတယ်။
အောင်သင်း
(ထဘီသင်ခန်းစာ)
(တစ်ခါတုန်းကတပည့်တွေ) ရုပ်ရှင်ကြေးမုံ
မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသောအမျိုးသမီးကြီးတို့၏အမေးအဖြေကို သွားပြီးသတိရလိုက်မိသည်။
“ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲ”
“မိခင်ကောင်းတွေပါပဲရှင်”
“အောင်မလေး၊ စကားတစ်လုံးတည်းနဲ့စနစ်ကြီးတစ်ခုပြီး သွားတာပါပဲလား ကရို့ ”
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ)အသိပညာမြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာ
နိုင်ပါ။
သို့မှသာ “အမေ့သားကောင်းများ” မြောက်မြားစွာပေါ်ထွက်လာမည်ဟု ကျွန်တော်ယုံကြည်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...