Saturday, May 9, 2015

ကံကောင်းလို့ လက်မဖြတ်ရတဲ့ မောင်ဗလ


Ref :: Daily Mirror
ဘရာဇီးနိုင်ငံ Goiania မြို့မှာနေထိုင်တဲ့ အသက်၂၅နှစ်အရွယ် ရိုမာရီအို ဒေါ့စ်ဆန်းတို့စ်အဲလ်ဗက်စ် ဟာ ကိုယ်ကာယဗလလေ့ကျင့်သူတစ်ဦးပါ။ ရိုမာရီအိုဟာ သူ့ရဲ့ခန္ဓာကိုယ် လက်မောင်းကြွက်သားတွေကို သန်မာ ထွားကျိုင်းဖို့အတွက် အားကစားရုံကို နေ့တိုင်း သွားရောက်ကာ လေ့ကျင့်မှုပြုလုပ်တယ်လို့ သိရပါတယ်။
အားကစားရုံမှာ သူနဲ့အတူလာရောက်လေ့ ကျင့်မှုပြုလုပ်သူတစ်ဦးက လက်မောင်းကြွက်သားကြီး စေမယ့် နည်းလမ်းတစ်ခုကို ပေးခဲ့ပါတယ်။
ရိုမာရီအို ဟာ ဖြတ်လမ်းနည်းသုံးကာ ခန္ဓာကိုယ်ကြွက်သား ကြီးအောင် သူ့ရဲ့မိတ်ဆွေပေးခဲ့တဲ့ နည်းလမ်းအတိုင်း ကောက်တေးအဆီနဲ့ ဆိုင်သတစ်ဓာတုဓာတ်တို့ ကို ပေါင်းစပ်ပြီး သူ့ရဲ့လက်မောင်းထဲကို ဆေးထိုး ပြွန်နဲ့ ထိုးထည့်ခဲ့ပြီးမှာတော့ လက်မောင်းကြွက် သားတွေဟာ အဆမတန်ကြီးမားလာခဲ့ပါတယ်။


ရိုမာရီအို ယခုလို လက်မောင်းကြွက်သားထဲကို ဆေး ထိုးတာဟာ စွဲလမ်းခဲ့ပြီး သူ့ရဲ့ဇနီးနဲ့ ကွာရှင်းပြတ်စဲဖို့အထိတောင် ဖြစ်လာခဲ့ပါတယ်။
ရိုမာရီအိုရဲ့ လက်မောင်းကြွက်သားများဟာ တင်းမာနေပြီးနောက် လက်နှစ်ဖက်ဖြတ်ရဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ဆရာဝန်တွေရဲ့ကျေးဇူးကြောင့် သူ့ရဲ့လက်နှစ်ဖက် မဖြတ်ခဲ့ရပါဘူး။ လက်မောင်းကြွက်သားထဲမှာရှိတဲ့ အဆီတွေကိုသာ ဖယ်ရှားခဲ့ရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...