Friday, May 8, 2015

ကြောင်ကိုဘယ်သူကြိုးဖြုတ်ပေးမလဲ


ဗြဟ္မပုတ္တမြစ်ကမ်းဘေးမှာ စာသင်ကျောင်းကြီးတစ်ကျောင်းရှိတယ်။ ဘုရင်မင်းဆက် ရာချီပြီးတည်ရှိခဲ့တဲ့ ကျောင်းဖြစ်သလို၊ ဆရာအဆက်ဆက် ပြောင်းခဲ့တဲ့ ကျောင်းတော်ကြီးလည်းဖြစ်တယ်။ ဒီကျောင်းထွက်တွေ ထဲကပဲ ဘုရင်၊ စစ်သူကြီး၊ အမတ်တွေဖြစ်ခဲ့တာ မနည်းဘူး။ ဒီကျောင်းမှာ အုပ်ချုပ်ပြီးသင်တဲ့ ဆရာတွေ ကလည်း ဒီလိုပဲ အဆင့်ဆင့်ပညာတွေ လက်ပြောင်းပေးခဲ့ရင်းက ကျောင်းတော်ကြီးဟာ နှစ်ရာချီပြီး တည်တံ့နိုင် ခဲ့ပါတယ်။
ကျောင်းစာသင်ခန်းမကြီးထဲမှာ စာသင်ရင် ကြောင်တစ်ကောင်ကို ကျောင်းတိုင်မှာ ကြိုးနဲ့ချည်ထားတတ်တယ်။ အဲဒါ ဘာသဘောနဲ့ ကြောင်ကို ကြိုးချည်ထားတာလဲဆိုတာ မပြောနိုင်ကြဘူး။ စာသင်ချိန်ရောက်ပြီဆိုတာနဲ့ ကျောင်းဝင်းထဲက ကြောင်တစ်ကောင်ကို ဖမ်းလာပြီး တိုင်မှာ ကြိုးနဲ့ ချည်ထားလိုက်ကြတာပဲ။ ကြောင်ကြိုး ချည်ပြီးမှ ဆရာကလည်း စာပို့ချ၊ ကျောင်းသားတွေကလည်း စာအံ၊ ဒါဟာအစဉ်အလာပဲ။ နောက်ပိုင်း ကြောင်ကို ကြိုးချည်မထားရင် စာသင်လို့ရတယ်လို့တောင်မထင်တော့ဘူး။

ကြောင်ကို ကြိုးချည်ပြီးမှ စာသင်တာ ဘာကြောင့်လဲလို့ ဘယ်သူမှ မစူးစမ်းခဲ့တာ နှစ်ပေါင်းများစွာကြာမှ သူရိယ ဆိုတဲ့ ဘုရင်က ဘာကြောင့် ကြောင်ကို ကြိုးချည်ပြီး စာသင်ရတယ်ဆိုတာ စူးစမ်းတော့တယ်။ အမတ်တွေ လည်း အဖြေကိုရှာရင်းက ဒီကျောင်းက ထွက်သွားတဲ့ ဆရာကြီးတစ်ဦးဟာ ဟိမ၀န္တာတောထဲမှာ ရဟန်းပြုပြီး နေတယ်၊ အဲဒီရဟန်းဆရာဟာ အသက် ရာကျော်လောက်ရှိနေပြီဆိုတော့ တောထဲလိုက်ပြီး ရဟန်းကြီး ကိုရှာကာ ကြောင်ပြဿနာကို မေးကြတယ်။
ရဟန်းကြီးက
"အဲဒီကြောင်ကို ကြိုးနဲ့စချည်ခဲ့တာ ငါပဲ" လို့ပြောလိုက်တယ်။
"ဟုတ်တယ်။ တစ်နေ့ ကျောင်းကကြောင်တစ်ကောင်ဟာ စာသင်နေတဲ့ စာသင်သားတွေကြား ပြေးလွှား ဆော့ကစားနေတော့ အာရုံပျက်တယ်ဆိုပြီး ငါ့ဆရာက တိုင်တစ်တိုင်မှာ ကြိုးနဲ့ သွားချည်ထားဖို့ ပြောခဲ့တယ်။ ဒါနဲ့ ငါကိုယ်တိုင် ကြိုးနဲ့ချည်ထားခဲ့တာ။ ဘာလဲ အသင်တို့ ခုထိ အဲဒီကြောင်ကို ကြိုး မဖြုတ်ပေး သေးဘူးလား" တဲ့။
ကြောင်ကို ကြိုးဖြုတ်ပေးဖို့ အချိန်ရောက်နေပြီထင်ပါတယ်။

၆.၅.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...