"ချစ်စနိုးပေးခဲ့သော နာမည်များ အပိုင်း ၁"
1.
2010 လောက်က Boonlay ဘူတာနားက ဆောက်လုပ်ရေး site မှာ အလုပ်လုပ်ရတယ်။
အဲဒီတုန်းက မနက်တိုင်း အစည်းအဝေးတက်ရတယ်။
အဲဒီအစည်းအဝေးတိုင်းမှာ ပိုင်ရှင်ဘက်က ရာထူးအကြီးဆုံးပုဂ္ဂိုလ် အော်ငေါက်နေတာကို စိတ်အညစ်ဆုံးပဲ။
လူပုစိတ်တို... ဆိုတာ ဟုတ်မှာ။
သူ့ကြည့်လိုက်ရင် အမြဲတမ်း ဝူးဝူးဝါးဝါးနဲ့ အော်ဟစ်ဆူညံပူလောင်နေတာ
ဒါနဲ့ ကျနော်တို့က သူ့ကို နာမည်ပေးထားတယ်။
'ဝူးဝါးကြီး' လို့။
2.
လုပ်ငန်းခွင်ထဲရောက်တော့ နောက်ထပ် စိတ်ညစ်ရတဲ့ စလုံးအဖိုးကြီးတစ်ယောက်ရှိတယ်။
သူနဲ့ကိုယ်က ရာထူးအတူတူ တာဝန်ယူရတာလည်း အတူတူ။
တခြား ကိုယ်လိုသူလို ရာထူးအတူတူလုပ်နေတဲ့သူတွေလည်း ရှိသေးတယ်။
ကိုယ့်အလုပ်ကိုယ်လုပ် သူ့အလုပ်သူလုပ်ပေါ့။
ကိုယ့်တာဝန်ကိုယ်ကြေ ကိုယ်ဖြစ်ကိုယ်ရှင်း မရှင်းနိုင်ရင်ခံ။ ဒါပဲ။
ကျနော်တို့အလုပ်က (ကျနော့်အမြင် ပြောရရင်) အတတ်ပညာက ၃၀% နဲ့ တာဝန်ယူမှုက ၇ဝ% လောက် ရှိတာရယ်။
Responsibility အတွက် ပိုပေးထားတဲ့ လစာက ပိုများတယ် ထင်တာပဲ။
ဒါကိုဗျာ အဲဒီအဖိုးကြီးက ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး။
သူများအလုပ်တွေမှာ ဝင်ပါတယ်
သူများကိစ္စတွေမှာ ဝင်စပ်စုတယ်
ဝင်ပြီးစွပ်ဖက်တယ်
နေရာတကာ ဝင်ပါတာပေါ့ဗျာ
ဒါနဲ့ သူ့ကိုကျနော်တို့က နာမည်ပေးထားတယ်...
'ငပိချက်' လို့။
3.
နောက်တစ်ယောက်က ပြည်ကြီးတရုတ်
ငယ်ငယ်ပဲ ရှိပါသေးတယ်။
လူက လူတော်ပါ။
တရုတ်ပြည်ကနေ ပညာသင်ဆုရလို့ စလုံး NUS ကနေ အင်ဂျင်နီယာဘွဲ့ရထားတာ။
စိတ်ထားလေးလည်း ရိုးရှင်းတယ်။
ရာထူးက ကျနော်တို့ထက် တဆင့်မြင့်ရာထူး။
လစာကောင်းတယ်။
အဲလို အဖက်ဖက်က ပြည့်စုံနေပါလျက်နဲ့ သူ့အားနည်းချက်က ကိုယ်နံ့ဆိုးတာဗျ
ရေမှန်မှန်ချိုးပုံ မရဘူး
အဝတ်အစား မှန်မှန်မလဲဘူး
ဝတ်ချင်သလိုဝတ် နေချင်သလိုနေတာ သူ့အကျင့်
နေပူစပ်ခါး အလုပ်လုပ်ကြရတော့ သူသူကိုယ်ကိုယ် ချွေးထွက်တာ အနံ့ထွက်တာတော့ ရှိမှာ ဓမ္မတာပါ။
ဒါပေမယ့် အဲ့ဟာကို ကိုယ်ကဂရုတစိုက်နဲ့ သန့်ရှင်းစင်ကြယ်အောင် နေရမှာ။
သူမို့ ရုံးခန်းထဲဝင်လာရင် ကျနော့မှာ ဟန်မဆောင်နိုင်ဘူး ချက်ချင်းပြေးထွက်ရတယ်။
အဲကွန်းခန်းဆိုတော့ ပိုဆိုးတာပေါ့

'တရုတ်နံနံ' လို့။
နာမည်တွေ ကျန်သေးတယ်။
နောက်မှ ဆက်ပြောမယ်. . .။
.
.
.
သန်၎ကို - ပေါက်ကရရေးတာပါ။

0 comments:
Post a Comment