Posted: 06 May 2015 07:33 AM PDT
အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေအတွက်
ဥပဒေကြောင်းအရ ဆောင်ရွက်နေပြီး မကြာခင် ရက်ပိုင်းအတွင်းမှာဘဲ
ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အီရန်အစိုးရက
ပြောဆိုလိုက်ပါတယ်။
အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောမှာ မြန်မာသင်္ဘောသား ၁၃ ဦးလည်း
လိုက်ပါခဲ့တာမို့ မြန်မာသင်္ဘောသားတွေရဲ့ လွတ်မြောက်မှုနဲ့ လက်ရှိ အခြေအနေ
အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
|
Posted: 06 May 2015 07:22 AM PDT
ဆယ်လ်မန်း ခန်းကို ထောင် ၅ နှစ် ချမှတ်လိုက်ပြီးနောက် ၂ ရက်ကြာ အာမခံနဲ့
လွှတ်ထား။
အိန္ဒိယ ရုပ်ရှင် လောကမှာ နာမည်ကျော် မင်းသား တစ်ယောက် ဖြစ်တဲ့ Salman Khan
ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က အရက်သောက်ပြီး ကားမောင်းစဉ် လူသေဆုံးခဲ့မှု အတွက်
ထောင်ဒဏ် ၅ နှစ် ချမှတ် ခံခဲ့ရပါတယ်။
၂၀ဝ၂ ခုနှစ်က မွမ်ဘိုင်းမြို့မှာ လမ်းဘေး ပလက်ဖောင်းပေါ် အိပ်နေကြတဲ့
လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်မိခဲ့ပြီး အိမ်ခြေမဲ့ အမျိုးသား တစ်ယောက် သေ
|
Posted: 06 May 2015 04:37 AM PDT
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်း ခရီးသွားပြည်သူပိုင်
ကားတစီးကို ပစ်ခတ်မှု၊ ခရီးသည်တဦး သေဆုံးသွားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး
အစိုးရ တပ်ဖွဲ့ဝင် တပ်မတော်သားတဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
မေ ၂ ရက်နေ့ နေ့ခင်းပိုင်းက လားရှိုးကနေ မိုးကုတ်ကိုသွားမယ့် ဗန်ကားတစ်စီးဟာ
ကျောက်မဲမြို့နဲ့ မိုင် ၃၀ ကျော်အကွာ ပန်ဂွမ်ရွာနားအရောက် စစ်တပ်ရဲ့
တားဆီးခြင်းကို ခံ
|
Posted: 06 May 2015 04:14 AM PDT
အဘူဂျာ ၊ ၆-၅-၂၀၁၅
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မကြာသေးမီက ဘိုကိုဟာရမ်
စစ်သွေးကြွများ လက်မှ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည့် အမျိုးသမီးများနှင့်
မိန်းကလေးငယ် များအနက် အနည်းဆုံး ၂၁၄ ဦးမှာ ကိုယ်ဝန် ရှိနေကြောင်း ကုလသမဂ္ဂ
အဖွဲ့က မေ ၄ ရက်တွင် ထုတ်ပြန်ချက်ကို Press TV တွင် ရေးသား ဖော်ပြ ထားသည်။
အဆိုပါ အမျိုးသမီး များနှင့် မိန်းကလေးများ အနက် အချို့မှာ
ကိုယ်ဝန်ရှိကြောင်း မြင်သာသည့် အခြေအေ
|
Posted: 06 May 2015 04:12 AM PDT
မေလ ၆ ရက် ၂၀၁၅
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ် ပန်ဆန်းမြို့တွင် ၅ ရက်ကြာ ကျင်းပ သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ
ညီလာခံ၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်းကို
လက်မခံနိုင်ကြောင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက ပြောဆို
လိုက်ပါသည်။
မေလ ၁ ရက်နေ့ မှ ၆ ရက်နေ့ အထိ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၅
ရက် အစည်း အဝေးတွင် ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက မိန့်
|
Posted: 06 May 2015 03:56 AM PDT
မေလ ၆ ရက် ၂၀၁၅
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်လင်းခေးမြို့နယ်တွ င် ဒေသခံလူငယ်
တဦးအား မြို့နယ်ရဲမှ အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်သည့်အပြင်
လူငယ်၏မိဘများနှင့် ရပ်ကွက်လူကြီးအားလည်း ရဲစခန်းသို့ဆင့်ခေါ်
စစ်ဆေးခဲ့ကြောင်း ဒေသတွင်း သတင်းများကပြောပါသည်။
မေလ ၂ ရက်နေ့ညက မြို့ဦးကွက်သစ်ရပ်ကွက်နေ အဘ ဦးလုံးဆိုင် အမိ
ဒေါ်ပါနောင့်တို့၏သား အသက် ၂၀ ကျော် အရွယ်ခန့်ရှိ အိုက်စိုင်းအား
မြို့နယ်ရဲမှူး ခင်မော
|
Posted: 06 May 2015 03:47 AM PDT
ထိုင်းနိုင်ငံ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအပါအ၀င်
ရေလုပ်သားများကို ထိုင်းအစိုးရက အထူးအခွင့်အရေးတရပ်အနေနဲ့ အလုပ်သမားလက်မှတ်
လုပ်ဆောင်ပေးနေပါတယ်။
ထိုင်းငါးဖမ်းလုပ်ငန်းမှာ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုတွေ
အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အစိုးရက ဒီပြဿနာတွေဖြေရှင်းပေးဖို့
ဥရောပသမဂ္ဂ အီးယူ၊ အမေရိကန် အပါအ၀င် အလုပ်သမားအဖွဲ့တွေရဲ့
တောင်းဆိုဖိအားပေးမှုတွေကြောင့် အခုလို အထူးအခွင့်အရေးတရပ်
|
Posted: 06 May 2015 03:45 AM PDT
အစ္စလာမ် ဘာသာဝင်တွေရဲ့ ကုရ်အာန်ကျမ်းစာကို မီးရှို့တယ်ဆိုပြီး
မှားယွင်းစွပ်စွဲကာ အမျိုးသမီးတဦးကို သေတဲ့အထိ လူအုပ်စုနဲ့
ဝိုင်းရိုက်နှက်မှုတွင် အာဖဂန် အမျိုးသား ၄ ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် Farkhunda ဆိုသူ အမျိုးသမီးတဦးကို ကုရ်အာန်ကျမ်းစာကို
မီးရှို့တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပေမယ့် မျက်မြင်သက်သေတွေက သူမ
မလုပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဖြစ်ပျက်ခဲ့တဲ့ အ
|
Posted: 06 May 2015 03:44 AM PDT
အိုင်အက်စ် စစ်သွေးကြွ ခေါင်းဆောင် ၄ ဦးနဲ့ ပတ်သက်ပြီး သတင်း ပေးနိုင်ပါက
စုစုပေါင်း ဒေါ်လာ သန်း၂၀ ဆုကြေးငွေ ပေးမယ်လို့ အမေရိကန်အစိုးရက
ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလူ ၄ ဦးဟာ Abdul Rahman Mustafa al-Qaduli ၊ Abu Mohammed al-Adnani ၊
Tarkhan Tayumurazovich Batirashvili နဲ့ Tariq bin al-Tahar bin al-Falih
al-Awni al-Harzi တို့ ဖြစ်ကြပါတယ်။
သူတို့ ၄ ဦးဟာ သံသယရှိသူ စာရင်းဝင်တွေအဖြစ် တရားစီရင်ရေး ပရို
|
Posted: 06 May 2015 03:36 AM PDT
ဘောလိဝုဒ်နာမည်ကျော်မင်းသား ဆယ်လ်မန်ခန်းသည် ၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံ
မွန်ဘိုင်းမြို့၌ အိမ်ခြေယာမဲ့ ၅ဦးကို မော်တော်ယာဉ်ဖြင့်တိုက်ပြီး
ထွက်ပြေးမှုတခု ကျုးလွန်ခဲ့သည်။ အဆိုပါယာဉ်တိုက်မှုတွင် လူတဦး သေဆုံးခဲ့ပြီး ၃
ဦး ဒဏ်ရာအပြင်အထန် ရရှိခဲ့သည်။
ဆယ်လ်မန်ခန်းသည် အဆင့်မြင့် ဘားဆိုင်တခုတွင် သောက်စားပြီးနောက်
၎င်းမောင်နှင်လာသည့် တိုယိုတာလန်ခရုဇာ ကားကို အရှိန်မထိန်းနိုင်ဘဲ
အိမ်ခြေယာမဲ့များကို ၀င်တိုက်ခဲ့ြေ
|
Posted: 06 May 2015 03:31 AM PDT
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး
ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး
ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။
မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉
စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း
အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား
အသက် ၂၀ ကျော်ရွ
|
Posted: 06 May 2015 03:26 AM PDT
၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်အစိုးရလက်ထပ်က ရေးဆွဲခဲ့သော
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင် နိုင်သေးသည့်အတွက် အတိုက်ခံပါတီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်သည့် အခွင့်အလမ်းနှင့်
ဝေးကွာနေဆဲ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ၅၉ (စ) မပြင်လည်း သမ္မတ ဖြစ်ခွင့် ရှိနေဆဲဖြစ်သည်။
လွှတ်တော်ကတောင်းဆိုခဲ့သည့် ၆ ပွင့်ဆိုင်တွေ
|
Posted: 05 May 2015 09:39 PM PDT
ယီမင်နိုင်ငံက ဟူသီသူပုန်တွေက ဆော်ဒီအာရေဗီးယား နယ်မြေထဲက မြို့တမြို့ကို
ပထမဆုံးအကြိမ် အမြောက်ဆံတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြပါတယ်။
အဲဒီ Najran မြို့တိုက်ပွဲမှာ ဆော်ဒီ နိုင်ငံသား ၂ ယောက်သေဆုံးတယ်လို့
ယီမင် မြို့နယ်စု ခေါင်းဆောင် တွေက ပြောပါတယ်။
ဆော်ဒီဘက်ကတော့ ဒါကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဲဒီနယ်မြေမှာ အဆောက်အအုံတွေ
ထိခိုက်ပျက်စီးခြဲ့
|
Posted: 05 May 2015 09:39 PM PDT
မြန်မာနိုင်ငံမှာ မျိုးစောင့် ဥပဒေကြမ်းတွေလို့ သိကြတဲ့ အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေး ဥပဒေမူ ကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့
စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက
ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်း နဲ့ တွေ့ဆုံစဉ်အတွင်း အမေရိကန် လက်ထောက်နိုင်
ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုခဲ့တာပါ။
ဒါ့ပြင်
|
Posted: 05 May 2015 09:37 PM PDT
Serge Pun and Associates စီပွားရေးအဖွဲ့ရဲ့ ဥက္ကဌ Mr. Serge Pun ခေါ်
ဦးသိမ်းဝေ က လာမယ့် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်
သပိတ်မှောက်လိမ့်မယ်လို့ သူ့အနေနဲ့ ထင်မြင် ယူဆခြင်းမရှိပါဘူးလို့
ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ရှိ CSIS ခေါ် မဟာဗျူဟာနဲ့
နိုင်ငံ တကာ လေ့လာရေးဌာနမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့
စီးပွားရေးဝန်းကျင်ဆိုတဲ့ အမည်နဲ့ မနေ့က ကျင်းပ တဲ့ဟောပြောပွဲမှာ သူက
အခုလို ပြောကြားခဲ့တြာ
|
Posted: 05 May 2015 09:01 PM PDT
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင်
အစိုးရနဲ့ စီးပွားရေး အသိုင်းအ၀ိုင်း အပါအ၀င် အဘက်ဘက်က ပူးပေါင်း ပါဝင်
ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက
စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ၀ါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ
မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး
ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်
|
Posted: 05 May 2015 08:58 PM PDT
ပြင်သစ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တားဆီးဖို့
ရည်ရွယ်တဲ့အနေနဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို လုပ်ပိုင်ခွင့် အာဏာသစ်တွေ
ပေးရေး ဥပဒေကြမ်းတခုကို ပြင်သစ် ပါလီမန်မှာ မဲအများစုနဲ့
အတည်ပြုလိုက်ကြပါတယ်။
ဇန္နဝါရီလတုန်းက ပြင်သစ်မှာ လူ ၁၇ ဦး သေဆုံးခဲ့ရတဲ့ ၃ရက်ကြာ အကြမ်းဖက်
တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ ဒီဥပဒေကြမ်းကို ပါလီမန်မှာ ထောက်ခံမဲ
၄၃၈ မဲ ကန့်ကွက်မဲ ၈၆ မဲနဲ့ အတည်ပြုလိုက်တာပါ။
ဆက်သွ
|
Posted: 05 May 2015 08:55 PM PDT
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နဲ့ ကျူဘား နှစ်နိုင်ငံ
ကူးတို့သင်္ဘောလိုင်းကို ပြန်ဖွင့်ဖို့ အမေရိကန် အစိုးရဘက်က ခွင့်ပြုလိုက်ပြီ
ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်နဲ့ ကျူဘား နိုင်ငံ
ဟာဗာနားမြို့တော်ကို လူစီးသင်္ဘော ပြေးဆွဲဖို့ ဖလော်ရီဒါပြည်နယ်က
ကုမ္ပဏီတွေကို လိုင်စင်တွေ ထုတ်ပေးထားပြီးဖြစ်ကြောင်း၊
ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီေ
|
Posted: 05 May 2015 08:37 PM PDT
ပခုံးဒဏ်ရာရထားတယ်လို့ ထုတ်ဖော်မပြောဆိုတဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား
ပတ်ကွီရိုကို အမေရိကန် ပြည်ထောင်စု နီဗားဒါးက လူ ၂ ဦးက
တရားစွဲဆိုလိုက်ပါတယ်။
ပတ်ကွီရိုက ဒိုင်ဆုံးဖြတ်ချက်နဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာကို
ရှုံးသွားခဲ့အပြီးမှာ ပခုံးဒဏ်ရာ ရထားတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပွဲမစတင်မီ မေးခွန်းတွေထဲမှာ တံတောင်၊ လက်နဲ့ ပခုံးတွေမှာ
ဒဏ်ရာရထားသလားဆိုတဲ့ မေးခွန်းကို ပတ်ကွီရိုက ဒဏ်ရာမရှိဘူးလို့ ဖြေဆို
|
Posted: 05 May 2015 07:46 PM PDT
ကမာရွတ်မြို့နယ်၊ မြကန်သာအိမ်ရာကစားကွင်းတွင် အမည်မသိ
အလောင်းအားတွေ့ရှိခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ မေ ၆
၃၀.၄.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊
မြကန်သာလမ်း၊ မြကန်သာအိမ်ရာအားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံ အနီးတွင်
အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည့်ကို တွေ့ရှိရသဖြင့် ကမာ
|
Posted: 05 May 2015 07:46 PM PDT
အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း Texas ပြည်နယ်မှာ
တမန်တော်မိုဟာမက်နဲ့ ပတ်သက်ပြီးရေးဆွဲတဲ့ ကာတွန်းပြိုင်ပွဲ
ကျင်းပတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ တနင်္ဂနွေနေ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ
IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ပါဝင်တယ်လို့ ပြောဖို့ရာ
စောလွန်းသေးတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။
အစွန်းရောက်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း သူတို့ရဲ့ ရေဒီယို
အသံလွှင့်ဌာနကနေ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတ
|
Posted: 05 May 2015 07:46 PM PDT
ဂျပန်ရဲ့ ALOS-2 ဆက်တလိုက် ဓာတ်ပုံ (Credit: ABC licensed)
ဆက်တလိုက် ဓာတ်ပုံတွေအရ နီပေါနိုင်ငံ Katmandu မြို့အနားမှာ
မြေကြီးတွေ ၁.၃၇ မီတာလောက်သာ ကျွံကျသွားတဲ့အတွက် နောက်ဆက်တွဲ
ငလျင်အရှိန်တွေ မကုန်သေးမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ငလျင်ရဲ့ အရှိန်က
မသေလောက်သေးဘူးလို့ ပညာရှင်တွေက ယူဆနေကြတာပါ။
ဖေဖော်ဝါရီလ ၂၁ ရက်ကနေ မေလ ၁ ရက်ေ
|
Posted: 05 May 2015 05:30 PM PDT
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ
သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့အပြင်
နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် တိုးတက်အောင်
ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ပါတယ်။
နယူးယောက်မြို့ ကုလသမ
|
Posted: 05 May 2015 05:26 PM PDT
မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းတင်မှာဖြစ်တဲ့အတွက် ပိုပြီးတော့ ခေတ်မီလာ ရွေးကောက်ပွဲတစ်ခုမှာ မဲဆန္ဒရှင်စာရင်းက အရေးကြီး
ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တွေ့ဆုံခြင်း
၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပရာ၌ ဆန္ဒမဲပေးကြရမည့် ပြည်သူများ၏ စာရင်းအား တိကျမှန်ကန်စွာရရှိနိုင်ရေးအတွ က် ရွေးကောက်ပွဲ ကျင်းပမည့် ရက်၊ လ တို့အား အတိအကျ မကြေညာ ရသေးမီကာလ၌ ရွေးကောက်ပွဲ ကော်မရှင်အ
|
Posted: 05 May 2015 05:16 PM PDT
ငွေတောင်အဝင်ဝမှ ဝါးတားဂိတ်တခု (ဓါတ်ပုံ-ကေတီ)
ကယားပြည်နယ်လွိုင်ကော်မြို့ ကနေ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊
ဖားဆောင်းစတဲ့မြို့ တွေကို ဆိုင်ကယ်နဲ့  သွားကြတဲ့ ပြည်သူတွေ အတွက်
စိတ်အနှောင့် အယှက်ဖြစ်စရာ အကောင်းဆုံး တစ်ခုက ဝါးလုံးတား( အများအခေါ်
ဝါးတားဂိတ်) ဂိတ်တွေမှာ စောင့်ဆိုင်းနေတဲ့ တာဝန်ရှိသူ ဆိုသူတွေက
ဘီးခွန်ဆိုပြီး ပိုက်ဆံတွေကို ပရမ်းပတာ တောင်းနေခြင်း ကိစ္စဖြစ်သည်။
ပရမ်းပတာ တောင်းနေသည်ဟု ပြောသည့်
|
0 comments:
Post a Comment