MICC ဖိုရမ်တွင်ပြောကြားသော သမ္မတကြီးဦးသိန်းစိန်၏ မိန့်ခွန်းအပြည့်အစုံ
Hlaing Bwa and Htay Tint shared Ohn Mar Oo's photo.
ယနေ့ကျင်းပတဲ့ "နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်"သိ
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဥက္ကဋ္ဌများနဲ့ ကမ္ဘာတစ်ဝန်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနဲ့
လှယ်များ၊ ဧည့်သည်တော်များ ခင်ဗျား မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအ၀င် အားလုံးစုံညီစွာ တက်ရောက်ပေးကြ တဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
အဆွေတော်တို့ အားလုံးသိရှိကြတဲ့အတိုင်း နိုင်ငံတော်အစိုးရရဲ့ ပထမအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာမှာ နိုင်ငံရေး
စနစ်ပြောင်းလဲခြင်းနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်
တွေ့ရှိခဲ့ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း အဆွေတော်တို့အား ချပြတိုင်ပင် ဆွေးနွေး
သွားမှာဖြစ်ပါတယ်။ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး အခြေခံမူဘောင် (Framework on Economic and Social Reform)အရ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှု (People Centered Development)နည်းလမ်းနဲ့ ချဉ်းကပ်အကောင်အထည်ဖော်
ဆောင်ရွက်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်စနစ်၊ ငွေကြေးကဏ္ဍ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျှော့မှုများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန်များ၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ထိရောက်၊ ထက်မြက်သည့် အစိုးရစနစ်ဖြစ်ပေါ်ရေး အစီအစဉ်များအဖြစ် ဦးစားပေးနယ်ပယ် (၁၀)ရပ် ပါဝင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။
ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား
ယခုအခါ နိုင်ငံတော်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး စနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်
လျက်ရှိပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘ၀ တိုးတက်ရေးအတွက် မိမိတို့ အစိုးရအနေနဲ့
ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် (Good Governance)နှင့် သန့်ရှင်းသောအစိုးရ (Clean Government)ဖြစ်ပေါ်စေရေးတို့ကို
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ပြုပြင်တည်ဆောက်လာခဲ့တာ
၁ နှစ် ၉ လ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်မှုတွေကြောင့
အပေါ်မှာ နိုင်ငံတကာက အကူအညီအထောက်အပံ့ ပေးလိုတဲ့
အဖွဲ့အစည်းများက မိမိတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အစီအမံများကို ဦးစားပေးကဏ္ဍ(Priority Sector)နှင့် ဦးစားပေးနယ်မြေ (Priority Area)တို့ကို သိရှိလိုကြတဲ့အတွက် ယခုကဲ့သို့ ဖိုရမ်ကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါတယ်
မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာမူဝါဒများအနေန
ပြည်နယ်များအကြား အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊
ပြည်သူလူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းအင်းကိန်းဂဏန်းများ မှန်ကန်ရေးနှင့် စာရင်းအင်းဆိုင်ရာ နည်းစနစ်များ ပြင်ဆင်ရေး စတဲ့စီးပွားရေးမူဝါဒတွေကို ချမှတ်ထားပါတယ်။
ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား
၂၀၀၅ ခုနှစ် ပဲရစ်ကြေညာစာတမ်းအရ အကူအညီ အထောက်အပံ့များ ထိရောက်အကျိုးရှိရေးအတွက် ချမှတ်ထားတဲ့ ပိုင်ဆိုင်မှု (Ownership)၊ ညီညွတ်မှု (Alignment)၊ လိုက်လျောညီထွေရှိမှု (Harmonisation)၊
ရလဒ်အတွက် စီမံဆောင်ရွက်မှု (Managing For Result)၊ အပြန်အလှန်တာဝန်ယူမှု (Mutual Accountability)စတဲ့ အခြေခံမူ ၅ ရပ်နဲ့အညီ မိမိတို့နိုင်ငံအနေနဲ့ အကူအညီ အထောက်အပံ့ပေးတဲ့
နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ဖွံ့ဖြိုးမှု အကူအညီတွေ ထိထိရောက်ရောက်ရှိဖို့ ကိစ္စဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ
အတွက် အလွန်အရေးကြီးပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘ၀ အရည်အသွေးကို တိုးတက်စေနိုင်မည့် လူမှုစီးပွားနယ်ပယ် အသီးသီးကို ပြည်တွင်းမှာရှိတဲ့ အစိုးရ (Government)၊ ပြည်သူ (Public) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်မ
Community and Organizations)၊ အပြည်ပြည်ဆိုင်ရာ အစိုးရ
မဟုတ်သည့် အဖွဲ့အစည်းများ (INGOs)စသည့် Stakeholders
အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့နိုင်ငံဖွံ့ဖြိုးမှုဟာ ပိုမိုမြန်ဆန်နိုင်မှာဖြစ်ပါတယ်
အကူအညီအထောက်အပံ့၊ ချေးငွေများကို လက်ခံရယူတဲ့အခါ အိမ်ရှင်နိုင်ငံက အဓိကမောင်းနှင်သူ နေရာယူပြီး နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ထောင်စုနှစ်ပန်းတိုင်များ (Millennium Development Goals-MDGs)ကဲ့သို့သော ပန်းတိုင်နှင့်ရည်မှန်းချက်များ
ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E)
ကိုလည်း သေချာစွာ ဆောင်ရွက်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးမှု
မိတ်ဖက်များမှ မိမိတို့ဆောင်ရွက်နေတဲ့ စီမံချက်များနဲ့ စပ်လျဉ်းသည့် သတင်းအချက်အလက်တွေကို ပုံမှန်ပေးပို့ခြင်းဖြင့် အကူအညီများ ပိုမိုထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရာတွင် နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ အသိပညာ ဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များ
ကို အသုံးပြုနိုင်ရန်အတွက် မိမိတို့အစိုးရအနေနဲ့ ပြည်သူများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ပိုမိုထိရောက်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန် ဖွံ့ဖြိုးမှုပူးပေါင်း
ဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို အတည်ပြုထုတ်ပြန် ကြေညာသွားမှာဖြစ်ပါတယ်။
ဒါကြောင့် ထိရောက်တဲ့ ဖွံ့ဖြိုးမှုအကူအညီဆိုရာမှာ အကူအညီ၊ အထောက်အပံ့များ၊ အတိုးမဲ့ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့
ချေးငွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီြး
မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေခြင်း၊ လူနေမှုဘ၀ အရည်အသွေးတိုးတက်စေခြင်း၊ လူသားဖွံ့ဖြိုးမှု (Human Development) ဖြစ်ပေါ်စေတဲ့အတွက် မိမိတို့ နိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုသို့ ကူးပြောင်းမှု ဖြစ်စဉ်ကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
ကြွရောက်လာကြတဲ့ဧည့်သည်တော်များ
မိမိတို့အစိုးရဟာ ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက်
ပြည်သူရဲ့ အကျိုးစီးပွား၊ ပြည်သူရဲ့ မျှော်မှန်းချက်နဲ့ ပြည်သူရဲ့ဆန္ဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ People centered government ဖြစ်ဖို့ လိုအပ်ပါတယ်။ လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ်လုပ်ငန်းနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစား ပုဂ္ဂလိကငွေစုငွေချေး (Micro Credit) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး။ ကျေးလက်သမ၀ါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး
ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက
နိုင်ငံတကာဈေးကွက်သို့ မိမိနိုင်ငံ၏ ပို့ကုန်များ တင်ပို့နိုင်ရေးကိုလည်း အထူးစီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပါတ
ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား
တိုင်းပြည်တည်ငြိမ်အေးချမ်းရေး (Peace and Stability) နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်နိုင်မှာ ဖြစ်သလို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှလ
သွားရမှာဖြစ်ပါတယ်။ ရင်ကြားစေ့တဲ့ အနေအထားမျိုးရောက်လာအောင် မိမိတို့ လက်တွေ့ကြိုးစားဆောင်ရွက်နေပါတယ
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအ
အစည်းများနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းဟာ မဖြစ်မနေ
ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ
လက်ထက်မှာလည်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မ
နေထိုင်ခဲ့ရသူတွေ၊ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့တွေရဲ့ လူမှုစီးပွား
အခြေအနေများ တိုးတက်ကောင်းမွန်စေရေး၊ အဆိုပါဒေသများမှာ စီးပွားရေးအခွင့်အလမ်းနဲ့ အလုပ်အကိုင်ဖန်တီးရေးတို့အတွက် အလွန်အရေးပါလျက်ရှိပါတယ်။ ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးဖွံ့ဖြိုးမှု ဗဟိုဌာန (Peace Development Centre) ထူထောင်ထားပြီးဖြစ်သလို ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှုရန်ပုံငွေ (Peace Development Fund) မှာ ပါဝင်လှူဒါန်းတဲ့ အလှူရှင်နိုင်ငံများအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။
အလျဉ်းသင့်လို့ KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိသည်အထိ ကျွန်တော့်အနေနဲ့ ဆက်လက်
ဆောင်ရွက်မှာဖြစ်ပါတယ်။ KIO မှလွဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်
အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political Dialogue ကိစ္စရပ်များကို ယခု ၂၀၀၃ နှစ်ဦးပိုင်းမှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်ပြီး ဖြစ်ပါတယ်။ KIO ကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးကိစ္စဆောင်ရွက်မှုများ ရပ်ဆိုင်းဖို့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးသွားဖို့ လိုအပ်ပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကို
ကောက်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ နှစ် ၃၀ ခန့်ကြာမှ သန်းခေါင်စာရင်းကို ထပ်မံကောက်ယူနိုင်ခဲ့ခြင်းဖြစ်ပ
အတ
နိဂုံးချုပ်အနေနဲ့ ဒီဖိုရမ်ဟာ မိမိတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ကျင်းပဆောင်ရွက်တဲ့ ဖိုရမ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနဲ့
ပြောကြားလိုပါတယ်။ ယခု ဖိုရမ်မှာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမျ
ဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးပေးပါရန်နဲ့ ဖွံ့ဖြိုးမှု အတွေ့အကြုံများကို
ဝေမျှနိုင်ဖို့ သီးခြားဆွေးနွေးမယ့် Session တွေမှာလည်း ရလဒ်ကောင်းတွေ
ပေါ်ထွက်နိုင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။
0 comments:
Post a Comment