ရိုးရိုးလေး အသက်ရှင်ချင်တယ် ဆိုတဲ့ Martin Wheeler
Martin Wheeler ဆိုတဲ့ ဗြိတိန်နိုင်ငံသား ပညာတတ် တစ်ယောက်ဟာ ထိုင်းနိုင်ငံ၊ Khon Kaen ခရိုင်က ကျေးရွာလေးမှာ လယ်သမားဘ၀ နဲ့ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်၊ လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကနေ ထိုင်းရွာသူ တစ်ယောက်ကို လက်ထပ်ပြီး အဲဒီ ရွာမှာပဲ လယ်လုပ်ရင်း နေထိုင်ခဲ့တာပါ။
လယ်လုပ်ပြီး နေရတဲ့ ဘ၀ နဲ့ ပတ်သက်ပြီး ထိုင်း ရုပ်မြင်သံကြားလိုင်းများစွ
ဒီဘ၀ ကို ကြိုက်တယ်... အဓိက ကတော့ လွတ်လပ်ခြင်းပဲ။ နောက်ပြီး ပိုက်ဆံ နဲ့ ၀ယ်လို့မရတဲ့ အရာတွေ အများကြီး ဒီရွာမှာ ရှိတယ်။ ဒါကတော့ ရွာသားအချင်းချင်း အခကြေးငွေ စကားမပြောပဲ ရိုင်းပင်းကူညီတတ်တဲ့ ဓလေ့ပါ၊ တဲ့။
သူလယ်လုပ်တာဟာ စားလောက်ရုံလေးပါ။ ခပ်မှန်းခြေ တစ်လ ကို ပျမ်းမျှ ထိုင်းဘတ် လေးထောင် (မြန်မာ ငွေ တစ်သိန်း တစ်သောင်းလောက်) ပဲ ရှိပါတယ်။
ထိုင်းဘုရင် ရဲ့ လူမှုဖိုလုံရေး စီးပွါးရေး စနစ် (sufficiency economy) ကို သဘောကျပြီး လက်တွေ့ အကောင်အထည်ဖေါ်နေကြောင်း ပြောပါတယ်။ Sufficiency Economy ရဲ့ သဘောတရား ကတော့ စားဝတ်နေရေး ဖိုလုံရုံ လောက်အတွက်ပဲ အလုပ်လုပ်ပြီး လိုချင်တောင်းတ စိတ်များကို တတ်နိုင်သလောက် ချိုးနှိမ်ပြီး အသက်ရှင်ခြင်း ဖြစ်ပါတယ်။
လူတွေဟာ အသောမတတ်နိုင်တဲ့ အရာဝတ္ထုတွေအတွက် ကျွန်ဖြစ်နေရ ပါသတဲ့။
သူဟာ အခုဆိုရင်.. ထိုင်း သက္ကသိုလ်များက အထူးဖိတ်ကြားပြီး၊ သူ့ဘ၀ ရပ်တည်ချက်တဲ့ ပတ်သက် တဲ့ ဟောပြောပွဲတွေ လုပ်ခဲ့ရာက နာမည်ကြီးလာပါတယ်။
http://www.youtube.com/
0 comments:
Post a Comment