ချစ်သောအမေ (၅) လပြည့် အလွမ်း (ဟာဂျူလီ-ကသာ)
၁၆ ၊ ၁ ၊ ၂၀၁၃ ရက်နေ့မှာဆိုရင် အမေ ကျွန်တော်တို့ကို စွန့်လွှတ်သွားခဲ့တာ (၅) လပြည့်သွားခဲ့ပါပြီ၊
ဒီ (၅ ) လပြည့်မှာ မန္တလေးက အစ်မတွေ ညီမတွေက စစ်ကိုင်းက ရွှေစေတီမှာရှိတဲ့ ရဟန်း သံဃာတွေကို ဆွမ်းကပ်လှူဒါန်းကြပါတယ်၊ ကျွန်တော်ကတော့ မလိုက်သွားခဲ့ပါဘူး၊ အမေအိမ်ရဲ့ အပေါ်ဆုံး ထပ်က လေသာဆောင်မှာ တစ်ယောက်ထဲထိုင်ပြီး တွေးနေ ဆွေးနေမိပါတယ်၊
ကျွန်တော်တွေးဆွေးမိတဲ့အထဲမှာ အမေ့ဆီ ကျွန်တော်လာတိုင်း မမေ့မလျော့ ယူလာတတ်တဲ့ ယိုးဒယား ဂွေးချိုသီးအကြောင်းလေးလည်း ပါပါတယ်၊
ကျွန်တော်က သစ်ပင်စိုက်တာ ၀ါသနာလေတော့ ကသာက ကျွန်တော်ကအိမ်ကလေးမှာ အပင်တွေ အမျိုးစုံအောင်စိုက်ထားပါတယ်၊စိုက်ထားတဲ့အပင်တွေဟာလည်း
ဒေသခံတွေ သိပ်ပြီး စိုက်လေ့ စိုက်ထ မရှိတဲ့ အပင်မျိုးတွေချည်းပါပဲ၊ဥပမာ လိမ္မော်သီး အနှိမ့်ပင်၊ပိန္နဲသီးအနီ၊နှင်းသီး၊သရက်ပုပင်၊အစေ့ မပါတဲ့ သလဲသီးပင် နဲ့
ယိုးဒယား ဂွေးချိုပင်တို့လို ဟာမျိုးတွေပေါ့၊ကျွန်တော်စိုက်တဲ့ စားပင်တွေက ပထမဆုံး သီးတဲ့ အသီးမှန်သမျှ အမေကို အရင်ဆုံး ပေးလေ့ရှိခဲ့ပါတယ်၊အခြားအသီးတွေနဲ့
ပါတ်သက်ပြီး အမေ သိပ်မတောင့်တပေမယ့် ကျွန်တော်အပင်က သီးတဲ့ယိုးဒယား ဂွေးချိုသီးကို အမေက မှတ်မှ်ရရပြောလေ့ရှိတယ်လို့ ကျွန်တော်ညီမတွေက ကျွန်တော့်ကို
ပြောလာတဲ့အချိန်က စပြီး ကျွန်တော်အိမ်က ယိုးဒယား ဂွေးချိုသီးပင်ကို ကျွန်တော် မာရှယ်လော ထုတ်လိုက်ပါတော့တယ်၊“ယိုးဒယား ဂွေးချိုသီးပင်”က သီးသမျှတွေကို
ဘယ်သူမှ မစားရ၊ အမေအတွက်သာ ဖြစ်ရမယ်..ဆိုပြီးတော့ပေါ့၊ ကျွန်တော် သတ်မှတ်တဲ့အတိုင်း ကျွန်တော် မိသားစုကလည်း လိုက်နာပါတယ်၊သီးသမျှ အသီးမှန် သမျှ
အမေနေထိုင်ရာ မန္တလေးကို လူကြုံနဲ့ ပို့ပေးခဲ့ပါတယ်၊ အမေကလည်း ကျွန်တော်ပို့ပေးတဲ့ ယိုးဒယား ဂွေးချိုသီးတွေကို ဆားလေး ပါးပါးဖြူးပြီး တခုတ်တရ စားလေ့ရှိပါတယ်၊
ကျွန်တော်က သစ်ပင်စိုက်တာ ၀ါသနာလေတော့ ကသာက ကျွန်တော်ကအိမ်ကလေးမှာ အပင်တွေ အမျိုးစုံအောင်စိုက်ထားပါတယ
ဒေသခံတွေ သိပ်ပြီး စိုက်လေ့ စိုက်ထ မရှိတဲ့ အပင်မျိုးတွေချည်းပါပဲ၊ဥပမာ
ယိုးဒယား ဂွေးချိုပင်တို့လို ဟာမျိုးတွေပေါ့၊ကျွန်တော်စိ
ပါတ်သက်ပြီး အမေ သိပ်မတောင့်တပေမယ့် ကျွန်တော်အပင်က သီးတဲ့ယိုးဒယား ဂွေးချိုသီးကို အမေက မှတ်မှ်ရရပြောလေ့ရှိတယ်လို့
ပြောလာတဲ့အချိန်က စပြီး ကျွန်တော်အိမ်က ယိုးဒယား ဂွေးချိုသီးပင်ကို ကျွန်တော် မာရှယ်လော ထုတ်လိုက်ပါတော့တယ်၊“ယိုးဒယ
ဘယ်သူမှ မစားရ၊ အမေအတွက်သာ ဖြစ်ရမယ်..ဆိုပြီးတော့ပေါ့၊
အမေနေထိုင်ရာ မန္တလေးကို လူကြုံနဲ့ ပို့ပေးခဲ့ပါတယ်၊ အမေကလည်း ကျွန်တော်ပို့ပေးတဲ့ ယိုးဒယား ဂွေးချိုသီးတွေကို ဆားလေး ပါးပါးဖြူးပြီး တခုတ်တရ စားလေ့ရှိပါတယ်၊
ဒီလိုနဲ့ ၁၆၊၈၊၂၀၁၂ရက်နေ့မှာ အမေဆုံးပါးသွားခဲ့ပါတယ်၊ အဲဒ
ကြောက်နေမိတာကြောင့် မသွားဖြစ်တော့ပါဘူး၊ အမေ့ရဲ့ (၅)လပြည့်ခါနီး သတိတရ ရှိလှတာကြောင့် အမေနှစ်သက်ခဲ့တဲ့ ယိုးဒယား ဂွေးချိုသီးပင်ရှာရာ ကို အရဲစွန့်ပြီး သွားကြည့်လိုက်တော့ ယိုးဒယား ဂွေးချိုသီးတွေ မှည့်လို့ ရဲလို့ ကြွေလို့..ဝေလို့..၊ သြော်...အမေရယ်...။
(ဟာဂျူလီ -ကသာ)
0 comments:
Post a Comment