Tuesday, January 15, 2013

“ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ”

Share

Share
ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက ‘ပထမ’ များစွာ နဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု
လှုပ်ရှားမှုတွေရှိလာတာကိုတွေ့ရပါတယ်။ ကြော်ငြာ၊ ဘေဘုတ်၊ အလှဓာတ်ပုံတွေကို တောက်လျှောက် ရိုက်လာသလိုပဲ ကိုယ်တိုင်အားကျခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးရဲ့ ကမ်းလှမ်းမှုကြောင့် ပထမဆုံး ဗီစီဒီ ရိုက်ကူးဖြစ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ 

 အခုအချိန်မှာလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ကမ်းလှမ်းမှုကြောင့် ပထမ ဦးဆုံးဇာတ်ကားရိုက်ကူးမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
နန်းခင်ဇေယျာအခုရိုက်ကူးမယ့်ဇာတ်ကားကို လက်ခံဖြစ်ပုံနဲ့ သရုပ်ဆောင်ရမယ့် ကာရိုက်တာကို မေးကြည့်
တော့ “ရိုက်ရမယ့် ကာရိုက်တာ မသိရသေးပါဘူး။ ကာရိုက်တာမသိဘဲနဲ့ လက်ခံ ဖြစ်ပုံကတော့ ဦးကျော်သူ
ကဖုန်းဆက်ပြီးပြောတော့ ဒါပရဟိတပွဲပဲ နန်းခင်ဇေယျာလုပ်မှာပေါ့။ဒါပထမဆုံး ဇာတ်ကားပါ။ကိုယ် တန်ဖိုး
ထားတဲ့အနုပညာနဲ့ကိုယ်မြတ်နိုးတဲ့ပရဟိတအလုပ်မှာပေါင်းပြီးလုပ်ဆောင်ခွင့်ရတော့ပျော်တာပေါ့။
ကျွန်မလက်ခံတဲ့အတွက်ဦးကျော်သူကအမြန်ဆုံးရိုက်မှာပါ။ဦးကျော်သူကိုယ်တိုင်ဒါရိုက်တာအနေနဲ့လုပ်မယ်ဆို
တော့ဝမ်းသာတယ်။ရင်လည်းခုန်နေပါတယ်။အခုပရဟိတပွဲမှာသရုပ်ဆောင်ရတော့မယ်ဆိုတော့ပထမဆုံးဇာတ်
ကားမို့ ကိုယ့်ကိုယ်ကိုယ် တအားကြိုးစားရမယ်ဆိုတဲ့အသိ ဝင်လာတယ်။ ရင်ခုန်စွာနဲ့ပြင်ဆင်နေမှာပါ။
ဘယ်တော့စရိုက်မှာလဲဆိုတာတော့ မသိသေးဘူး။ ကာရိုက်တာတောင်မသိသေးပါဘူး။၂ဝ၁၃ဇန်နဝါရီ လထဲမှာပဲ ပရဟိတခရီးတစ်ခုသွားမယ်။ ဘာခေါင်းစဉ်နဲ့ရိုက်မလဲတော့ မသိသေးဘူး။ ဧည့်လမ်းညွှန် အလုပ်ကိုတော့ ၁၆ရက် ကနေ ၂၃ရက်နေ့အထိ ကျွန်မ အလုပ်တစ်ခု လက်ခံထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး၊ ဓာတ်ပုံ-အောင်ဇော်မင်း
Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...