Friday, January 4, 2013

အရက်ဆိုင်



အရက်ဆိုင် လူတွေတရုန်းရုန်း 
ရင်ထဲကအပူတွေကို ရင်ဖွင့်ကြမယ်
အခက်အခဲတွေကိုပြောပြကြမယ်
နောက်နေ့ ဘာဆက်လုပ်ကြမယ်
ပြောပြကြမယ် ဟုတ်တယ်
သူတို့ အတွက်ဒါတွေဟာ တနေ့ တာအတွက်
အကောင်းဆုံး စိတ်ဖြေရာတခု............
မင်းဘယ်မှာလုပ်နေလဲ ငါတော့ဒီမှာလုပ်နေတယ်
အလုပ်လက်မဲ့တွေက စိတ်ဝင်စား ..........
လက်ရှိအလုပ်လုပ်နေသူတို့ က ခေါင်းတမောမော့
အလုပ်မရှိသူတွေ က အိမ်မှာဘယ်လိုဖြစ်နေတယ်
ဘေးဝိုင်းက ကောင်တစ်ကောင်က အာခေါင်သံကြီးနဲ့ 
အော်ကာ အော်ကာ သောက်မြင်ကပ်လာပြီ
ဒီကောင်ဘာကောင်လဲ ထုချင်နေသူက လက်တပြင်ပြင်
စားပွဲထိုးလေးက ရုပ်ရှင်ကိုစိတ်ဝင်စား
စားသောက်သူတွေက မှာတာကြာသဖြင့် စိတ်တိုသူကတို
ကိစ္စကြီး တခုကို အရေးတကြီး ဆွေးနွေးသူကဆွေးနွေး
ဟော အပြင်မှာရန်ဖြစ်နေကြပြီ ထွက်ကြည့်သူကအနည်းစု
ဒါဟာအရက်ဆိုင် ဟိုကောင်ကဖြင့် မျက်နှာချင်းဆုံအောင်
သွားမကြည့်လေနဲ့  ခဗျားက ဘာလဲ ဘာကောင်လဲဆို
ဒါဟာအရက်ဆိုင် မှာထားတဲ့အမြည်းကဖြင့် ပေါ့သလေးငန်သလေးနဲ့ 
ပြောသူက အနည်းစု ဟေးးးး ဂေါဆယ်ဖိုးဟုဆိုကာ မတ်တပ်မော့သူက
တချို့ တလေ ၀ိုင်းကူးပြီး အကူညီတောင်းသူက ........................
ဒါအရက်ဆိုင် 

ကိုတင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...