သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁)
သစ်ထူးလွင်
|
- အစိုးရဝန်ထမ်း လစာတိုးနိုင်ကြောင်း သမ္မတ အရိပ်အမြွက်ပြောကြား
- ဇန်န၀ါရီလ(၅)ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် Vol 1 No 41
- ဝှက်ထားတဲ့ တိုက်လေယာဉ်ပျံတွေ ဘယ်မှာလဲ
- တုံရွာ သပိတ်စခန်း သံဃာတော်တွေ မပါဝင်ဖို့ မေတ္တာရပ်ခံစာ ပေးပို့ (ရုပ်/သံ)
- အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ဒဏ်ရာရ
- ကချင်တွင် ဓါတု လက်နက်များ သုံး၍ တိုက်ခိုက်နေခြင်း မရှိဟု မြန်မာအစိုးရ ငြင်းဆို
- ပုသိမ်ကြီးမြို့ ၊ အောင်သုခ ရပ်ကွက်မှာ မီးလောင်မှု လူနေအိမ် လေးလုံး ဆုံးရှုံး (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည်ရဲ. အခုလအတွင်း မကြာခင်သွားမယ့် နိုင်ငံခြား ခရီးစဉ် အကြောင်း ရှင်းလင်းချက် (ရုပ်/သံ)
- ၁၇ နှစ်ကြာမှ ပြန်ကျင်းပဖြစ်တဲ့ ပန်းဆယ်မျိုးပြပွဲ
- ဇန်န၀ါရီလ(၄)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ ၃၁ ၊ အမှတ် ၆၀၂
- နန့်မွန်း ကျေးရွာရှိ ပြည်သူ့စစ်စခန်းအား KIA မှ ၀င်ရောက် စီးနင်း၍ လက်နက်များ ယူဆောင်သွား
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးပိုင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး တွေ့ ဆုံ
- စစ်ပွဲများကြား တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကချင်ပြည်နယ်သား ၂ဝဝဝ ခန့် တိုးပွား
- မြိတ်မြို့ မှာ မီးသတ်ဓမ္မာရုံ တလုံးနဲ့ အိမ် ၇ လုံး မီးလောင် (ရုပ်/သံ)
- ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (ရုပ်/သံ)
- ဇန်န၀ါရီလ (၁၀)ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ် နေ့ စဉ်ထုတ် သတင်းစာ
- ဇန်န၀ါရီလ (၅)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်
- လက်ပံတောင်းတောင်စီမံကိန်းအား နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စနစ်တကျ ရေးဆွဲစေလိုကြောင်း ပညာရှင်များဆို
-
ကချင်ဒေသ စစ်ပွဲများရပ်ဆိုင်းပေးရန်ဒေသခံ
ပြည်သူတို့၏ ဆန္ဒဖော်ထုတ်ပွဲ - ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၀၀ မှန်းထားကြောင်းနှင့် အများစုမှာ အမျိုးသမီး များရလိမ့်မည်ဟု ၀န်ကြီးဆို
- ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး
- ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း ၁ ဦး သေဆုံး
- လူစီးရထားမိုင်းခွဲမှု ခရီးသည်တွဲကို ပစ်မှတ်ထားလုပ်ဆောင်ဟုဆို
- ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ ဆက်သွယ်ရေး ဆောင်ရွက် ပေးခြင်းမရှိ
- 3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ
Posted: 10 Jan 2013 06:37 AM PST
အစိုးရ
ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ လာမည့် ဘဏ္ဍာနှစ်တွင် တိုးမြှင့်
ပေးနိုင်တော့မည့် အနေအထား ရှိကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ
၁၀ ရက်နေ့က ပေးပို့သော သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး သဝဏ်လွှာတွင်
အရိပ်အမြွက် ထည့်သွင်း ပြောကြားသွားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 06:25 AM PST
|
||
Posted: 10 Jan 2013 06:13 AM PST
ဒီလ ၄ ရက်ထုတ် (ရိုက်တာ) သတင်းဌာနက ထုတ်ပြန်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည်ရှာဖွေတူးဖော်တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။ ဒီသတင်းက ဒီနေ့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကြီးပါ။ စိတ်အဝင်စားဆုံး တိုင်းပြည်ကတော့ ဗြိတိန်ပေါ့ ခင်ဗျား။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံက သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ တိုက်လေယာဉ်ပျံ။ ဒုတိယ ကမ္ဘာစစ်တုန်းက အလွန် နာမည်ကြီးတဲ့ “ဗြိတိန်လေကြောင်း စစ်ပွဲ” (The battle of Britain) မှာ သူတို့ ရန်သူ ဂျာမန်တွေရဲ့ လေကြောင်း ထိုးစစ်ကို အောင်မြင်စွာ တွန်းလှန် ဖျက်ဆီးအနိုင်ယူခဲ့တာ ဒီ (စပစ်ဖိုင်းရား) တိုက်လေယာဉ် ပျံတွေကြောင့် ပါ။ ဒီတိုက်လေယာဉ်ပျံက သူ့ခေတ်မှာတော့ အကောင်းဆုံး တိုက်လေယာဉ်ပျံပါ။ အဲဒီအချိန်က တိုက်လေယာဉ်ပျံ ဆိုရင် လူတွေ က “စပစ်ဖိုင်းရား” လေယာဉ်ပျံ လို့ပဲ နားလည်ပါတယ်။ ဗြိတိန် လေကြောင်း တိုက်ပွဲကြီးကို စတင်ခဲ့တဲ့အချိန်မှာ ဗြိတိန်ရဲ့ လေတပ် အင်အားက ဂျာမဏီနိုင်ငံ ရဲ့ အင်အားရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။ ဂျာမန်တွေက သူတို့ လေတပ်နဲ့ ဗြိတိန်လေတပ်ကို အချိန်နှစ်ပတ်လောက်အတွင်း အလွယ်တကူ လုံးဝ ဖျက်ဆီးနိုင်လိမ့်မယ် လို့ ထင်မှတ်ခဲ့ပါတယ်။ သူတို့ ထင်မှတ်သလို လုံးဝ မဖြစ်ခဲ့ပါဘူး။ သူတို့ ဗုံးကြဲလေယာဉ်ပျံတွေကို အစောင့်လိုက်တဲ့ တိုက်လေယာဉ်ပျံတွေကို ဗြိတိသျှ လေတပ်မတော်က (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဗုံးကြဲလေယာဉ်ပျံတွေရဲ့ ထိုးစစ်က မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဒီနေ့အထိ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အကြောင်းကို လူတိုင်းကြားဖူးပြီး မှတ်မိနေကြ ပါတယ်။ အထူး သဖြင့် ဗြိတိန်နိုင်ငံသားတွေပေါ့ ခင်ဗျား။ သူတို့နိုင်ငံရဲ့ အကြီးကျယ်ဆုံး နိုင်ငံတော် အခမ်းအနားတွေမှာ လေတပ်က ဂုဏ်ပြုပြီး အခမ်းနားကျင်းပတဲ့ အပေါ် ဖြတ်ပျံ တာတွေ ပြုလုပ်တော့မယ်ဆိုရင် (စပစ်ဖိုင်းရား) လေယာဉ်ပျံတွေ အမြဲပါဝင်စေပါတယ်။ (စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံေ ဒီနေ့အထိ လေထဲပျံသန်းနိုင်တဲ့ (စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ ၃၅ (သုံးဆယ့်ငါး)စီးပဲကျန်ရှိနေပါ ဒီနေ့ မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံ တွေကို ပြန်ရှာ၊ ပြန်တူးဖော်မယ့် အဖွဲ့မှာ အဖွဲ့ဝင် ၂၁ ယောက် ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ (စတင်လီ ကွန်ဗီ)ဆိုတဲ့ ပုဂ္ဂိုလ်လည်း ပါဝင်လိမ့် မယ်။ ဒီပုဂ္ဂိုလ်ရဲ့ အသက်က ၉၀ (ကိုးဆယ်) ကျော်နေပါပြီ။ ဒီပုဂ္ဂိုလ်က လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ကို မြေကျင်းတူးပြီး မြှုပ်ထားခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ဖူးတယ်လို့ ပြောတယ်။ မြှုပ်တဲ့ နေရာကိုတော့ သူ မမှတ်မိတော့ဘူးပေါ့ ခင်ဗျား။ မြေပြင်က ၁၀ မီတာအနက် ကျင်းထဲမှာ မြှုပ်ထားပါတယ်လို့ ပြောပါတယ်။ ယခုလာရောက်ရှာဖွေ တူးဖော် ကြမယ့် အဖွဲ့သားတွေ ရဲ့ ခန့်မှန်းချက်က တိုက်လေယာဉ်ပျံ အစီး ၃၀ (သုံးဆယ်)လောက်ကို ရှိနိုင်တယ်လို့ ဆိုပါတယ်။ (ရိုက်တာ)သတင်းမှာ ဖော်ပြ ထားချက်တွေအရ တွေ့ရှိတဲ့ လေယာဉ်ပျံအရေအတွက်ရဲ့ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းကိုပဲ ဗြိတိန်နိုင်ငံကို ပြန်သယ်ဆောင်သွားမှာဖြစ်ပြီး ကျန် ၇၀ (ခုနှစ်ဆယ်)ရာခိုင်နှုန်းကို သူတို့အဖွဲ့ရဲ့ မြန်မာလူမျိုး ဌာနေ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကို ခွဲဝေပေးလိမ့်မယ်တဲ့။ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဒီတိုက်လေယာဉ်ပျံတွေ ပြန်ရှာဖွေ တူးဖော်ကြမယ်ဆိုတဲ့ သတင်းကို အလွန် စိတ်ဝင် စားနေကြပါတယ်။ ဒီသတင်း မြန်မာသတင်းစာတွေ မှာ စပြီး ဖော်ပြခဲ့တာ တစ်နှစ်နီးပါး လောက်တောင်ရှိနေပါပြီ။ ဗြိတိန်နိုင်ငံသတင်းဌာနတွေရဲ့ အဆိုအရ မြေအောက်မှာ မြှုပ်ထား တဲ့(စပစ်ဖိုင်းရား)တိုက်လေယာဉ် အဲဒီတိုက်လေယာဉ်ပျံတွေ အထဲက ၃၆(သုံးဆယ့်ခြောက်စီး) က မင်္ဂလာဒုံ လေယာဉ်ပျံကွင်း တစ်ဝိုက်မှာပဲ မြှုပ်ထားခဲ့ တာတဲ့။ အဲဒါကြောင့် မင်္ဂလာဒုံလေယာဉ်ပျံကွင်း တစ်လျှောက်မှာသာ စနစ်တကျရှာ ဖွေတူးဖော်ကြရင် ၃၆ (သုံးဆယ့် ခြောက်)စီး အထိ ပြန်ဖော်လို့ ရနိုင်တာပေါ့ခင်ဗျား။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့တဲ့ လေ ယာဉ်ပျံကွင်းက ဒီနေ့မင်္ဂလာဒုံမြို့နယ်က လေယာဉ်ပျံကွင်း မဟုတ်ပါဘူးခင်ဗျား။ အဲဒီလေယာဉ်ပျံကွင်း အဟောင်းက မရှိတော့ပါဘူး။ ပျောက်နေပါပြီ။ တည်နေရာကတော့ ဒီနေ့ လေယာဉ်ပျံကွင်းသစ်နေရာ အနီးမှာပဲ ရှိပါတယ်။ လွတ်လပ်ရေးရပြီးစ ခေတ်က မြန်မာ့လေတပ်မတော်က လေယာဉ်ပျံတွေက အဲဒီကွင်းဟောင်းကိုပဲ သုံးကြပါတယ်။ လေယာဉ်ပြေးလမ်းက သိပ်မကောင်းတဲ့အတွက် (ပီအက်ပီ) သံပြားတွေကို ပြေးလမ်းတစ်ခုလုံးပေါ်မှာ ခင်းထားရပါတယ်။ ဒီသံပြားတွေက တချို့ဒီနေ့မင်္ဂလာ ဒုံမြို့နယ်မှာ နေထိုင်ကြတဲ့ လူတွေ ရဲ့ ခြံဝင်းကို ကာရံရာမှာ အသုံးပြုထားကြပါတယ်။ အပေါက်တွေ အများကြီး ဖောက်ထားတဲ့ ခေါင်မိုး သွပ်ပုံသဏ္ဍာန် သံပြားအထူကြီးတွေပါ။ တကယ်တော့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အများကြီး မြန်မာနိုင်ငံမှာ မြှုပ်နှံထားတာ ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပါပြီ။ ဗိုလ်ချုပ် စောဖြူ၊ ဗိုလ်ချုပ် သောင်းဒန်၊ ဗိုလ်ချုပ်ကြီး အောင်ညွန့်၊ ဗိုလ်မှူးကြီး သူရတင်မောင်အေးတို့လို လွတ်လပ်ရေး မရခင်ခေတ်က လေတပ်ထဲ ဝင်ရောက်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်က လေသူရဲဟောင်းကြီး တွေ ဒီသတင်းကို အကုန်သိကြပါ တယ်။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆိုတာကိုတောင် သူတို့ အကြမ်းသဘော ပြောပြနိုင်ကြပါ လိမ့်မယ်။ ဒီနေ့ ဒီတူးဖော်မှုကို ဦးဆောင်တဲ့ (David J Cundall) အနေနဲ့လည်း လေယာဉ်ပျံ တချို့မြှုပ်နှံထားတဲ့ နေရာကို တိတိ ကျကျ သိနေပြီလို့ ယူဆရပါတယ်။ သူရဲ့ ထုတ်ပြောပြချက်တွေ အရ လေယာဉ်ပျံအစီး ၂၀ (နှစ်ဆယ်) မြှုပ်ထားတဲ့နေရာကို သူ တိတိကျကျ သိထားပြီးပြီလို့ ဆိုပါတယ်။ နောက်လေယာဉ်ပျံ အခြေအနေတွေက အကောင်း ပကတိအတိုင်း ရှိတယ်တဲ့။ မှန်ပါတယ်။ အကောင်းအတိုင်း ရှိနေဖို့က ရာခိုင်နှုန်း အပြည့်နီးပါး သေချာနေပါတယ်။ ဘာကြောင့်လဲ။ ဒီလေယာဉ်ပျံတွေကို မြေမြှုပ် ဝှက်ထားတာက တစ်စီးလုံး ကျင်းတူးပြီး ဝှက်ထားတာ မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အမဲဆီ အထပ်ထပ်သုတ်ထားတဲ့ အဝတ်တွေ၊ စက္ကူတွေ၊ သစ်သားတွေနဲ့ စနစ်တကျ အဆင့်ဆင့် ထုပ်ပိုးပြီး ပို့လိုက်တဲ့အတိုင်း မြှုပ်ထား တာ၊ အပိုင်းအလိုက် မြှုပ်ထားတာ။ ဒီအပိုင်းတွေကို စုစည်းပြီး ပြန်ဆင် လိုက်မှ လေယာဉ်ပျံသစ်တစ်စီး ဖြစ်လာပါလိမ့်မယ်။ အပိုင်းလိုက် မြှုပ်နှံထားတာ ဆိုတော့ မြှုပ်နှံရတာ ဝှက်ရတာလည်း လွယ်ကူပြီး အပျက်အစီး မရှိနိုင်ဖို့ လည်းများတာပေါ့ ခင်ဗျား။ ဘာကြောင့် ဒီလို မြေမြှုပ်ပြီး ဝှက်ခဲ့ကြရတာလဲ။ အလွန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ဒီနေ့အသက်ရှင်ကျန်နေသေးတဲ့ အဲဒီခေတ်က မင်္ဂလာဒုံလေတပ်စခန်း မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လေတပ်သားတွေ အဆိုအရ ဒီလေယာဉ်ပျံတွေကို မြေမြှုပ်ပြီး ဝှက်ခဲ့တာ ၁၉၄၅ ခုနှစ်အတွင်းကပါ။ အဲဒီအချိန်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးပါတော့မယ်။ ဂျပန်တွေ မြန်မာပြည်က ဆုတ်သွားပြီး မလေးရှားနိုင် ငံလောက်တောင် ရောက်နေပါပြီ။ လေကြောင်း စစ်ဆင်ရေးတွေက မရှိတော့တဲ့ အချိန်၊ အဲဒါကြောင့် အသစ် ရောက်လာတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်တွေက စစ်မြေပြင်မှာ သုံးဖို့ မလိုတော့တဲ့ လေယာဉ် ပျံတွေ။ ဒီလေယာဉ်ပျံတွေကို ဗြိတိန် ကို ပြန်ပို့ဖို့ဆိုတာလည်းမလွယ်ဘူး။ အကယ်၍ ပြန်ပို့ခဲ့ရင်လည်း ဥရောပ မှာ ဖြစ်တဲ့ စစ်ကြီးက ပြီးသွားပြီ မို့ ဒီလေယာဉ်ပျံတွေက အသုံးမဝင်တော့ဘူး။ ပြန်ပို့စရိတ်၊ ပြန်ထိန်းသိမ်း ထားရမယ့် စရိတ်တွေ အများကြီး ထပ်ကုန်ဦးမယ်။ ဒါကြောင့် ငွေကုန် အသက်သာဆုံး နည်းဖြစ်တဲ့ ရောက်ရှိနေတဲ့ နိုင်ငံမှာပဲ စိတ်ချရမယ့် နေရာတွေ ရွေးချယ်ပြီး သူတို့မြေမြှုပ်ပြီး ဝှက်သိမ်းထားခဲ့ကြတာပါ။ ဒီနေ့ မြန်မာပြည်မှာ ဝှက်ထား၊ မြှုပ်ထားတဲ့(စပစ်ဖိုင်းရား)တို အဲဒီလေယာဉ်ပျံ အမျိုးအစားမှာ သုံးထားတဲ့ စက်က (Rolls Royce Griffon) စက်။ စောစောပိုင်းက ထုတ်လုပ်တဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ မှာက (Merlins Engine) ပဲသုံးတယ်။ ယခုမြန် မာပြည်မှာ လျှို့ဝှက် မြှုပ်ထားတဲ့ လေယာဉ်ပျံတွေက တစ်နာရီ မိုင် ၄၄၀ (လေးရာ့လေးဆယ်)နှုန်း အထိ ပျံသန်းနိုင်ပြီး စက်အားက မြင်းကောင်ရေ ၂၀၅၀ (2050 Horse Power) ရှိတယ်။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ထုတ်လုပ်မှုက ၁၉၄၇ ခုနှစ်မှာ ရပ်လိုက်တယ်။ စုစုပေါင်း ထုတ်လုပ်ခဲ့တဲ့ (စပစ်ဖိုင်းရား) အရေအတွက်က ၂၀၃၄၄ (နှစ်သောင်း သုံးရာ လေးဆယ့်လေး) စီး ရှိတယ်။ အဲဒီ အထဲမှာ မြန်မာပြည်မှာ ဝှက်ထား တဲ့ (Griffon) စက်အားသုံး လေယာဉ်ပျံက ၂၀၅၃ (နှစ်ထောင် ငါးဆယ့်သုံး) စီးပဲ ရှိတယ်။ အရေအတွက် နည်းနည်းပဲ ထုတ်လုပ်ခဲ့တဲ့ တိုက် လေယာဉ်ပျံ။ ဒါကြောင့်လည်း ဒီလေယာဉ်ပျံတွေကို ပြန်ရှာဖွေနိုင်ကြဖို့ သဲကြီးမဲကြီး ကြိုးစားနေကြတာပါ။ ဒီရှာဖွေမှုကို ဦးဆောင်တဲ့ (David J Cundall) ဆိုသူက ဒီလုပ်ငန်းကို သူ စလုပ်နေတာ ၁၅(ဆယ့်ငါးနှစ်)ရှိ သွားပါပြီ။ သုတေသန အလုပ်တွေ အတွက် စုစုပေါင်း သူသုံးခဲ့၊ ကုန်ခဲ့တဲ့ ငွေကလည်း အမေရိကန်ဒေါ်လာ ၂ သိန်းတောင် ကျော်သွားခဲ့ပြီတဲ့။ သူ့အသက်ကလည်း ၆၂ (ခြောက်ဆယ့်နှစ်) ရှိနေပါပြီ။ သူက ဒီလေယာဉ်ပျံ ရတနာသိုက် ရှာဖွေမှုကို ငွေအတွက် လုပ် ကိုင်နေတာ မဟုတ်ပါဘူး။ ဝါသနာအရ လုပ်နေတာတဲ့ဗျာ။ ဦးလှဝင်း (လေသူရဲတစ်ဦး) မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ် |
||
Posted: 10 Jan 2013 05:53 AM PST
ဆားလင်းကြီးမြို့နယ် မြို့နယ်သံဃာမဟာ နာယကအဖွဲ့က တုံကျေးရွာအနီးမှာ သပိတ်စခန်း ဖွင့်လှစ်ထားတဲ့အထဲ သံဃာတော်တွေ မပါဝင်ဖို့ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 05:24 AM PST
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီလောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jan 2013 04:56 AM PST
နိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်အတွင်း ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အားတိုက်ခိုက်နေသော စစ်ဆင်ရေးများ အတွင်း ဓါတုလက်နက်များ အသုံးပြု ခဲ့သည်ဆိုသော စွပ်စွဲချက်များအား မဟုတ်မှန်ကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 04:42 AM PST
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ ၊ အောင်သုခ ရပ်ကွက်မှာ မီးလောင်မှု တခုဖြစ်ခဲ့ပြီး လူနေအိမ် လေးလုံး ဆုံးရှုံးခဲ့ရပါတယ် ။ ရိုက်ကူး ICJ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 04:38 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ. အခုလအတွင်း မကြာခင်သွားမယ့် အမေရိကန် ပြည်ထောင်စုနဲ့ ကိုရီးယား နိုင်ငံ ခရီးစဉ်အကြောင်းကို အဖွဲ.ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က DVB ကို အခုလို ရှင်းပြသွားပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jan 2013 04:29 AM PST
ငြိမ့်ညောင်း လှတဲ့ စောင်းသံ ပျံ့လွင့်နေ တဲ့ အခန်းထဲမှာ မြန်မာ့ ရိုးရာ တူရိယာ စောင်းတွေ ကိုယ်စီ ပိုက်ပြီး ရှေးခေတ် မင်းသမီးလေးတွေရဲ့ဟန်ပန်နဲ့ ဣနြေ္ဒရရ ထိုင်နေတဲ့ မိန်းမ ပျိုလေးနှစ်ဦး။ အဲဒီ မိန်းမ ပျိုလေးတွေရဲ့ အလှ ပုံရိပ်တွေကို သွက်လက် မြန်ဆန်တဲ့ စုတ်ချက်တွေနဲ့ အမိအရ ပုံဖော် နေတဲ့ အသက်ကြီးကြီး ပန်းချီဆရာ ၁၂ ဦး။ ဒါကတော့ "Art 13 Myanmar" လို့ အမည်ပေးထားတဲ့ မြန်မာ့ရိုးရာလက်မှု အနုပညာပန်း ဆယ်မျိုးပြပွဲရဲ့ ပုံရိပ်တစ်ခု ဖြစ်ပြီး ပြပွဲကိုတော့ ဇန်န၀ါရီလ ၄ ရက် နေ့ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့တာပါ။ ပန်းဆယ်မျိုးထဲက အထင်ကရအဖြစ် ဆုံးပန်းချီနဲ့ ပန်းပုရုပ်တုတွေ ခြံရံထားတဲ့ ပွဲကျင်းပရာ ခန်းမရဲ့အလယ်ဗဟိုမှာ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့နဲ့ ပန်းရန်တို့ရဲ့ အနုပညာတစ်မျိုးချင်းစီရဲ့ အခြေခံကအစ အဓိပ္ပာယ်၊ ထုတ်ကုန်နဲ့ သမိုင်းကြောင်းတွေကို သက်ဆိုင်ရာ ပြခန်းအသီးသီးနဲ့ ပြသထားပါတယ်။ ယွန်းထည်ပစ္စည်းပေါ်မှာ ပန်းချီ ကနုတ်ပန်းယွန်းပြခန်းကို တာဝန်ယူရတဲ့ ရေးရာမှူး ဦးရဲစိုးက ကိုယ်တိုင်ပန်းယွန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေ တဲ့အတွက် ပန်းရိုးရာပညာရှင်များ အစည်းအရုံးရဲ့ ပန်းယွန်းရေးရာမှူး တာဝန်ပေးအပ်ခံရတဲ့အပေါ် ကျေနပ် တယ်လို့ ပြောပါတယ်။ "ပန်းယွန်းနဲ့ပတ်သက်ပြီး အရင် န၀တလက်ထက် ၁၉၉၆ ခုနှစ်တုန်းက တစ်ကြိမ်ပြိုင်ပွဲတွေ လုပ်ခဲ့ဖူးတယ်။ ယွန်း ပေါ်မှာ ကညစ်နဲ့ရေးတဲ့ ရွှေဇ၀ါပြိုင်ပွဲမှာ တစ်နိုင်ငံလုံးအနေနဲ့ ဒုတိယဆု ရခဲ့တယ်။ အဲဒီတုန်းက ပန်းဆယ်မျိုးစလုံးအတွက် ပြိုင်ပွဲလုပ်ခဲ့တာလေ။ အခုမှ ပြန်ကျင်းပ တာဆိုတော့ ၁၇ နှစ်နီးပါး ဖြစ်နေပြီ"လို့ ပြောပါတယ်။ ပန်းယွန်းပြခန်းက ပစ္စည်းတချို့ကို ရောင်းချပေမယ့် အများစုကတော့ မြင် ဖူးအောင် လုပ်ငန်းခွင် ကနေ ငှားလာတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ရောင်းချဖို့ မဟုတ်ဘူးလို့ သိရပါတယ်။ "မြန်မာနိုင်ငံကို လာတဲ့ ကမ္ဘာလှည့် ခရီးသွားအများစုကလည်း အမှတ်တရ ပစ္စည်းဆိုရင် ယွန်းထည်ပဲ ၀ယ်သွားလေ့ ရှိတာဆိုတော့ ယွန်းထည်တွေပေါ်မှာ အလှဆင်တဲ့ ပန်းယွန်းက လည်း တန်ဖိုး ဖြတ်လို့မရတဲ့ ပန်း ၁၀ မျိုးလက်ရာတစ်ခု အဖြစ် သိစေချင်ပါတယ်" လို့ ဦးရဲစိုးက ပြောပါတယ်။ ဘိလပ်မြေမပေါ်ခင် ရှေးမြန်မာ့ပန်းရန် လုပ်ငန်းမှာ ဘိလပ်မြေအစားထိုး သရိုး (အုံတုံခေါက်၊ တင်လဲရည်၊ ကျွဲကော်ရည်၊ ဥသျှစ်သီးအနှစ်၊ လဲမှို့နဲ့ နှမ်းဆီတို့ ရောနယ်ထားသောအရာ) ကိုသာ အသုံး ပြုခဲ့ကြပြီး ရှေးခေတ်ပန်းရန်လက်ရာနဲ့ ခိုင်ခံ့မှုတွေကို ပုဂံလို ရှေးဟောင်းမြို့တွေ ရဲ့ ဘုရားပုထိုးတွေမှာ ဒီနေ့ထိတိုင် တွေ့ရပါတယ်။ "ပန်းရန်နဲ့ပတ်သက်တဲ့ ပြခန်းကို ပြရမယ်ဆိုတော့ သံလက်နဲ့ ဒယ်အိုးပဲ ရှိပါ တယ်။ ဒါပေမယ့် ရှေးခေတ်ပန်းရန် လုပ်ငန်းက စိတ်ဝင်စားစရာကောင်းတာ မို့ ဦးစားပေး တင်ဆက်ထားပါတယ်။ ရေချိန်ပိုက်တွေ မပေါ်ခင်က ၀ါးရေတံ လျှောက်တွေနဲ့ ရေအမြင့်ချိန်ခဲ့တာတွေ၊ ရှေးရိုးအုတ်တွေ၊ ချိန်သီးနဲ့ ပန်းရန်လုပ် ငန်းသုံးပစ္စည်းဟောင်းတွေ ပြဖြစ်ပါ တယ်"လို့ ပန်းရန်ရေးရာမှူး ဦးကျော်မြင့် ဦးက ပြောပါတယ်။ ပန်းရန်လက်မှုပညာမှာ ပန်းတော့ ငယ်လို့ခေါ်တဲ့ ကနုတ်ဖောင်းကြွလို လက်ရာတွေ ပါဝင်ပြီး ပြခန်းတစ်ခုလုံးကို တော့ ဖော့တုံးကို အသုံးပြပြီး တင်ဆက် ပုံဖော်ထားပါတယ်။ ပန်းပဲ၊ ပန်းထိမ် နဲ့ ကျောက်ဆစ်ပညာ ဟာ ပန်းတမော့ဆိုတာကို မသိကြသူတွေ များတာကြောင့် လူထုသိ လာအောင် ပန်းတမော့အနုပညာကို ပြသခဲ့တယ်လို့ ပြောလာသူကတော့ ပန်းတမော့ရေးရာမှူး ဦးအောင်နိုင်သက် ပါ။ "ပန်းတမော့မှာ ကျောက်ကို ထွင်းထုတဲ့နည်းနဲ့ တိုက်စားတဲ့နည်းဆိုပြီး အလှ ဆင်တာနှစ်မျိုး ရှိတယ်။ စကျင်ကျောက်၊ မာဘယ်အလှဆင်ကျောက်နဲ့ သဲကျောက် တွေကို စို့နဲ့ထွင်းတဲ့ ရိုးရာ လက်မှုလုပ် နိုင်ပေမယ့် မာသတ္တိနှုန်းမြင့်တဲ့ ကျောက် စိမ်းကိုတော့ စက်နဲ့ပုံဖော်မှ ရတယ်။ ကျောက်အနုစိတ်အလှဆင်လေ စက် အကူအညီလိုလာလေပဲ" လို့ ဦးအောင် နိုင်သက်က ပြောပါတယ်။ သစ်သားတွေကို လုံးချောနေအောင် ပြုလုပ်တဲ့ ပန်းပွတ်ပညာရှင် ကိုရဲထွန်း အောင်ကလည်း ပန်းပွတ်ပြခန်းရဲ့ ထုတ် လုပ်ရေးပိုင်းကို တာဝန်ယူထားပြီး လူသိ နည်းတဲ့ အနုပညာတစ်ခု ဖော်ထုတ်ခွင့် ရတဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါ တယ်။ ပန်းချီ၊ ပန်းပုကို အခြေခံထားတဲ့ ပန်း တော့အနုပညာကတော့ ပန်-ဖန်တီး ခြင်းလက်မှုပညာ၊ တော့-တေ(ရောနှော ကြိတ်နယ်ခြင်း)က ဆင်းသက်လာပြီး ဘိလပ်မြေ၊ သဲ၊ ကော်ရည်တို့နဲ့ ရောနှော ရာကရလာတဲ့ သရွတ်ကို ပုံဖော် အလှဆင်တဲ့ အနုပညာတစ်မျိုးပဲ ဖြစ် ပါတယ်။ "စေတီဘုရားကျောင်းကန်တွေနဲ့ ခု နောက်ပိုင်း လူနေတိုက်တာအဆောက် အအုံတွေမှာ ပန်းတော့လက်ရာတွေ သုံးလာတယ်။ ဘိလပ်မြေပေါ်လာပြီး နောက်မှာ ကော်ရည်ကို မသုံးကြ တော့ ဘူး။ ပြသထားတဲ့ အင်းဝခေတ်၊ ပုဂံ ခေတ်လက်ရာတွေကိုတော့ ဆရာကြီး ဦးအေးမြင့် ဒီဇိုင်းလက်ရာစာအုပ်ထဲက ကောက်နုတ်ဖော်ပြထားပါတယ်" လို့ ရွှေတိဂုံစေတီတော်ရဲ့ မြန်မာ မှုတာဝန်ခံ၊ ပန်းတော့ရေးရာမှူး ဦးကြည်စိုးက ပြောပါတယ်။ ပြပွဲမှာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပန်းဆယ်မျိုးပညာရှင် ၇၀၂ ဦးရဲ့ ပန်းချီ ကား ၉၉၂ ကားနဲ့ ပန်းပု ၁၅၄ ရုပ်ကို ပြသထားပြီး လက်တွေ့ပန်းချီရေးဆွဲ ခြင်း၊ ရုပ်ပြောင်ပန်းချီရေးဆွဲခြင်းနဲ ကလေးပန်းချီကဏ္ဍတွေကိုလည်း စုံစုံ လင်လင် တွေ့ရပါတယ်။ "ပန်းဆယ်မျိုးပညာရှင်တွေကို မြို့ နယ်အလိုက် စာရင်းတွေကနေ ဆက် သွယ်ခဲ့ပေမယ့် တချို့ လည်း သတင်း ကြားရာက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မျှော်လင့်ထားတဲ့အရာတွေထက် ပို အံ့ဩရတဲ့ လက်ရာကောင်းတွေကို စိတ် ၀င်တစားနဲ့ ပြသကြတဲ့အတွက်လည်း ပညာရှင် တွေကို ကျေးဇူးတင်ပါတယ်။ပွဲမလုပ်ခင် ခြောက်လအလိုကတည်းက အမျိုးမျိုး စဉ်းစားပြင်ဆင် လာခဲ့ရတာ အခုလိုအောင်မြင်တဲ့အတွက် အလွန်ပီတိဖြစ်ရပါတယ်"လို့ မြန်မာနိုင်ငံပန်း ရိုးရာ ပညာရှင်များအစည်းအရုံးဗဟိုမှ အတွင်းရေးမှူး ဦးနီပိုဦးက ပြောပါ တယ်။ ပြသထားတဲ့ ပန်းချီလက်ရာတွေမှာ လည်း ကြေးကို အခြေခံပုံဖော်ရတဲ့ ပန်း တဉ်းနဲ့ဆင်တူတဲ့ သရုပ်ဖော်ပန်းချီတွေ၊ တိုင်းရင်းသားဓလေ့တွေ၊ ရှုမျှော်ခင်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ပုံတူပန်းချီ တွေ ကိုပါ စုံလင်စွာ တွေ့ရပါတယ်။ ငြိမ်းအိအိထွေး - မြန်မာတိုင်း(မ်) |
||
Posted: 10 Jan 2013 04:14 AM PST
ဇန်န၀ါရီလ(၄)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ ၃၁ ၊ အမှတ် ၆၀၂ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 01:14 AM PST
ဇန်န၀ါရီ၊ ၇ ၊ ၂၀၁၃ နေ့တွင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ အထွက် နန့်မွန်း-လုံးတုံ ကားလမ်းနံဘေး ရှိ နန့်မွန်း ပြည်သူ့စစ်စခန်း အား နံနက် (၄း၂၀) မှ (၄း ၄၅ ) ထိ KIA အင်အား(၂၀)ခန့် သည် စခန်း၏ အရှေ့ဖက်လယ်ကွင်းမှ လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 12:58 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဇန်န၀ါရီ ၉ရက် ညနေ ၄နာရီ ၃၀မိနစ်တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 10 Jan 2013 12:46 AM PST
စစ်ဖြစ်နေသော ကချင်ပြည်နယ် အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက်လွှာ တင်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ယခင်နှစ်ထက် ၂ဝဝဝ နီးပါး ပိုတိုးလာကြောင်း ကချင်ပြည်နယ် ပညာရေး ဌာနစာရင်းများအရ သိရှိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 12:21 AM PST
တနင်္သာရီတိုင်း၊ မြိတ်မြို့ မှာ မီးလောင်မှု ဖြစ်ပွားခဲ့ တာကြောင့် မီးသတ်ဓမ္မာရုံ တလုံးနဲ့ အိမ် ၇ လုံး မီးသင့် သွားခဲ့ ပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ဦးခိုင်ထူး ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 12:16 AM PST
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ပထမနေ.ကို ဒီကနေ.ဇန်န၀ါရီ ၁၀ ရက်နေ. မနက်၁၀ နာရီမှာ ပြည်ထောင်စု လွှတ်တော် အစည်းဝေး ခန်းမမှာစတင် ကျင်းပပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို. ထားပါတယ်။ (ရိုက်ကူး - ကိုသိုက်) ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jan 2013 12:04 AM PST
|
||
Posted: 10 Jan 2013 12:01 AM PST
|
||
Posted: 09 Jan 2013 11:22 PM PST
မုံရွာ၊ ဇန်နဝါရီ ၁၀။ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၌ ပြုလုပ်လျှက်ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရေး အတွက် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ စနစ်တကျ ပြန်လည်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ဆိုသည်။ မန္တလေးမြို့ခံ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မြစ်ဆုံစီမံကိန်းရပ်တန့်အောင် ကန့်ကွက်လှုပ်ရှားခဲ့သူများထဲမှ တစ်ဦးဖြစ်သူ မုံရွာဒေသခံ ဒေါ်ဒေ၀ီသန့်စင်ကလည်း ၂၀၁၂ခုနှစ်အတွင်းက ထွက်ရှိခဲ့သော သတ္ထုတွင်းဥပဒေအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်စေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ “ကြေးစင်တောင်နဲ့လက်ပံတောင်းတော လက်ပံတောင်းတောင်အနီးရှိ စံပယ်တောင်တွင် ကြေးနီစတင်ထုတ်ယူစဉ်က အမှုန့်ကြိတ်ချေသန့်စင်သည့် နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း စရိတ် စကကြီးမားသောကြောင့် မိုးကာပေါ်ပုံပြီး ဆာလဖြူရစ်အက်ဆစ် ဖြန်းသည့် စနစ်(စပန်လာစနစ်)ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ကြကြောင်း၊ အက်စစ်ဖြန်း ထားသည့်မြေဧကမှာပင် ၇၀၀ ကျော်ရှိနေပြီး မိုးရာသီတွင် အက်စစ်များ မပြန့်ရန် ဆည်ဘောင်များ ပြုလုပ်ထားသည် ဆိုသော်လည်း စနစ်တကျ မရှိခြင်းကြောင့် ကျေးရွာစိုက်ခင်းနှင့် ရေမြောင်းများထဲသို့ ပျံ့နှံခြင်းများ ရှိခဲ့ဖူးကြောင်း၊ စပယ်တောင်မှ ထွက်ရှိသော ကြေးနီစွန့်ပစ်မြေများကို အနီးရှိ ကံကုန်းကျေးရွာ၊ ဒုန်းတောကျေးရွာ၊ ဂုံတော်ကျေးရွာနှင့် ရွာသာကျေးရွာ များမှ လယ်မြေများတွင် စွန့်ပစ်ထား ခြင်းကြောင့် မူလစပယ်တောင်အမြင့်၏ ထက်ဝက်ကျော်သို့ ရောက်ရှိနေကြောင်းလည်း စပယ်တောင်ကြေးနီထုတ် ယူမှုအား လေ့လာခဲ့သူ သစ်ပင်ချစ်သူများကွန်ယက်မှ ဦးစိုင်းကျော်အေးက လည်း ဆိုသည်။ ၎င်းအပြင် ကြေးစင်တောင်ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများကြောင့် ကောက် ဒေသခံများကလည်း ဆိုသည်။ “သတ္ထုတူးဖော်ရေး ကုမ္ပဏီကနေ စွန့်ပစ်မြေစာပုံကြီးတွေ လယ်ကွင်းထဲ လာပုံတော့ လယ်ထွန်လို့လည်း မရတော့ဘူး။ စိုက်လို့လည်း မရတော့ဘူး။ ဒီအတိုင်းထားလိုက်ရတယ်။ အစက သုံးနှစ်သီးနှံလျော် ကြေးပေးမယ်။ အဲဒီ နောက်ပိုင်း ပြန်စိုက်လို့ရတယ်လို့ ပြောပြီး အခုကျတော့ မြေလျော်ကြေးလို့ နာမည်တပ်ပြီး မြေပါသိမ်းသွားတယ်”ဟု ဆည်တည်းရွာသားတစ်ဦးက ပြောကြားသည်။ စပယ်တောင်အနီးရှိ ကံကုန်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ကိုမိုးခိုင်က လည်း “ကျွန်တော်တို့ရွာမှာ သောက်ရေတောင် သောက်လို့ မရတော့ဘူး။ တရုတ်ကုမ္ပဏီတစ်ခုက ရေသန့်စက် လုပ်ပေးထားပေမယ့် စက်ကရေက သိပ်မကောင်းဘူး”ဟု ဆိုသည်။ လက်ပံတောင်းတောင်တွင် လုပ်ဆောင်နေသော ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယခင်စံပယ်တောင်၊ ကြေးစင်တောင်များတွင် စီမံကိန်းများ ပြုလုပ်ခဲ့စဉ်က လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြော “အရင် စံပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်း အနီးတစ်ဝိုက်မှာရှိတဲ့ ကန်ကုန်းကျေးရွာမှာ (၁၁)လအတွင်း လူ၂၅ဦးသေတယ်။ (၉)ဦးက ကင်ဆာရောဂါနဲ့ သေတယ်။ အက်စစ်အနံ့တွေကြောင့်ပဲ သူတို့ခံစားနေရ တယ်လို့ လေ့လာတဲ့ပညာရှင်တွေက ပြောတယ်။ NLDက လွှတ်တော်အမတ် လာစစ်တုန်းကလည်း သူကိုယ်တိုင် အက်စစ်အနံ့တွေ ရှုသွားရတယ်။ လက်ပံတောင်းတောင်ကို အရင်တောင်တွေလို ဆက် လုပ်မယ်ဆိုရင် ဒီလိုပဲဆက်ဖြစ်အုန်းမှာပဲ”ဟု မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်း သားများကွန်ယက်မှ ကိုသော်ဇင်က ပြောကြားသည်။ စပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီထုတ်ယူမှုတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝ ပတ်ဝန်းကျင်အခြေအနေများကြောင့် လက်ပံတောင်း တောင်တွင်လည်း အလားတူထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည် စိုးသည့်အတွက် ဒေသခံများကမူ လက်ပံတောင်းတာင် စီမံကိန်း လုံးဝ ရပ်ဆိုင်ပေးရန်အတွက်သာ မျှော်လင့်နေကြသည်။ ပထမအကြိမ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ပြီး လက် ပံတောင်းတောင်ကြေးနီစီမံ ကိန်းရပ်ဆိုင်းရေးအတွက် အဓိက ပါဝင် လှုပ်ရှား ခဲ့သောမသွဲ့သွဲ့ဝင်းက “အခု တုံရွာမှာ သပိတ်စခန်း ဖွင့်ထားတယ်ဆိုပေမယ့် ကျွန်မတို့က အဲ့ဒီကိုမသွားပါဘူး။ ကော်မရှင်ဝင်နေလို့ ခဏ စောင့်ကြည့်နေ တယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က ကျွန်မတို့ လိုချင်တဲ့ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းပေးမယ်ဆိုတဲ့ အဖြေမဟုတ်ရင်တော့ ဆက် လက်ဆန္ဒဖော်ထုတ်သွားမှာပါ”ဟုဆို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ပြည်တွင်းမှ သဘာဝ ပတ်ဝန်းကျင်ပညာရှင်များက လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ချက်များအား စုံစမ်းစစ်ဆေးနေသော ကော်မရှင်၏အဖြေကို စောင့်မျှော် ဆိုမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေသခံတချို့ကလည်း ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်မျှတမှန်ကန်ရေးတို့ “လက်ရှိ အခြေအနေမှာဒေသခံတွေအနေနဲ့ ကျန်းမာရေး ထိခိုက်တာတွေ လယ်မြေတွေ ဆုံးရှုံးပြီး စားဝတ်နေရေး ကျပ်တည်းနေတာတွေ၊ လူ့ အခွင့် အရေးဆုံးရှုံးနေတာတွေအတွက် ထာဝစဉ်တားဝရမ်းထုတ်ဖို့ လက်ရှိအစိုးရကို တရားစွဲသင့် တော့်အမြင်အရ ဒေသခံတွေဘက်က နိုင်ဖို့ (၇၅%)လောက် ရှိတယ်လို့ ထင်ပါတယ်”ဟု လက်ပံတောင်းတောင်စီမံကိန်းအား လေ့လာနေသော ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးမြင့်သွင်မှ အကြံပေးပြောကြားသည်။ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အား ပြင်းထန်စွာ ထိခိုက်စေနိုင် သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းမှာ(၃)ခု ရှိနေပြီး ၎င်းတို့မှာ မြစ်ဆုံ စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိ ကြေးနီစီမံကိန်းတို့ ဖြစ်သည်။ မြစ်ဆုံစီမံကိန်းအား ခေတ္တရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတက ယမန်နှစ်က ကြေညာခဲ့သည်။ မောင်ထိန်လင်း - The Myanma Age ဓာတ်ပုံ - စူးရှ |
||
[Message clipped] View entire message
0 comments:
Post a Comment