သစ်ထူးလွင် သတင်း စုစည်းမှု (၂၂-၁)
သစ်ထူးလွင်
|
- ဇန်န၀ါရီလ (၂၂) ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ(၁၆)၊ အမှတ်(၁၂)
- ကချင်ဒေသတွင် သူပုန်နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီး နှိပ်စက်ခံရသူ အများအပြားရှိနေ
- ဒီကေဘီအေနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး
- ဘင်္ဂလာဒေခ်ျ့က သချိင်္ုင်းတွေမှာ မြုပ်နှံထားတဲ့ အလောင်းတွေ ပျောက်ဆုံး
- နိုင်ငံတော် သမ္မတ ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ထားခြင်း အခြေခံ ဥပဒေ နှင့် ညီ၊ မညီ အဆိုတင်
- ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ထိုး
- သံဖြူဇရပ် ဈေးမီးလောင်မှု ရှို့မီးဟု သံသယရှိ
- ချောင်းဦးတရားရုံးနှင့် ဥပဒေ၀န်ထမ်းများ ငွေကြေးတောင်းခံမှု ပေါ်လွင်နေ
- ဘုရားစိန်ဖူးတော် ခိုးယူသူများအား ခိုးယူနေစဉ် ဖမ်းဆီးရမိ
- မုန်းမြို. မြို.နယ်ခန်းမတွင် ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ မိန်.ခွန်း (ရုပ်/သံ)
- လိုင်ဇာ အထိ ငြိမ်ချမ်းရေး လမ်းလျှောက်သူတွေ တားမြစ်ခံရ (ရုပ်/သံ)
- ရေနုတ်မြောင်းတူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့
- ဒယ်အိုးဆရာတော် ပိတ်ပင်ခံရပြီး ပထမဆုံး စတင်ဟောပြောခွင့်ရ
- မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေး အရေးယူမှု ယနေ့စတင်
- မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
- ဗန်းမော် - လွယ်ဂျယ်ကားလမ်းတွင် ဗုံးကွဲ၊ ခရီးသည် ၂၀ ကျော် ဒဏ်ရာရ
- ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၄
- KIA လက်နက်ကိုင်များ ကျောက်မျက် ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်
- သမ္မတအိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ လူထု ၈ သိန်းတက်ရောက်
- လိုင်ဇာအနီး ခါရာ တောင်ကြောမှာ တိုက်ပွဲ ပြင်းထန်
- အစိုးရနဲ့ တိုက်ရိုက် မဆွေးနွေးဖို့ KIO ဆုံးဖြတ်
- ဘင်္ဂလားဒေ့ရှ် တရားဟော ဆရာကို သေဒဏ်ချမှတ်
- ရိုဟင်ဂျာတွေ လူကုန်ကူး ခံနေရ
- ရိုဟင်ဂျာ လူကုန်ကူးမှုမှာ ထိုင်းစစ်တပ် အကြီးအကဲတွေ ပါဝင်ပတ်သက်နေ
- ဇန်န၀ါရီလ (၂၄)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၄)၊ အမှတ်(၄)
Posted: 22 Jan 2013 07:01 AM PST
|
||
Posted: 22 Jan 2013 06:08 AM PST
ကချင်
လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ တရားမ၀င် ဆက်သွယ်တယ်ဆိုပြီး
အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ညှဉ်းပန်း နှိပ်စက်ခံ ရမှုပေါင်း ၃၀
ကျော်ရှိတယ်လို့ ဟောင် ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်
(AHRC) က ပြောကြား လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Jan 2013 05:48 AM PST
ဗိုလ်ချုပ်
စောလားဘွယ် ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စု ၀န်ကြီး
ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တွေ
ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 05:25 AM PST
ဘင်္ဂလာဒေခ်ျ့နိုင်ငံက
ဖါရိပူရ် ( Faridpur) ခရိုင်အတွင်း ရွာတချို့က သချိင်္ုင်းတွေမှာ
မြုပ်နှံထားတဲ့ အလောင်းတွေ ပျောက်ဆုံး နေတယ်လို့ ဘင်္ဂလာဒေခ်ျ့ သတင်းစာ
တွေကရေးသား ဖေါ်ပြကြပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာဘဲ ဖါရိပူရ်
ခရိုင် နာဂါကန်ဒ ( Nagarkanda) မြို့နယ် ချာဂဲလ်ဒီ ကျေးရွာက သချိင်္ုင်းမှာ
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 05:17 AM PST
နိုင်ငံတော်
သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်ကြီး များသည် ရာထူး သက်တမ်း
အတွင်း နိုင်ငံရေး ပါတီ၏ လုပ်ငန်း များတွင် မပါဝင် ရန် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတွင် ပြဋ္ဌာန်းချက် ကို အဓိပ္ပါယ် ဖွင့်ဆို ပေးရန် ပုသိမ် မဲဆန္ဒ နယ်မှ
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇန်နဝါရီ လ ၂၁ ရက် နေ့တွင်
အဆို တင်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 04:47 AM PST
ဖွဲ့စည်းပုံ
အခြေခံ ဥပဒေနှင့် ဆန့်ကျင် ဟု မှတ်ချက် ပြုခဲ့သော်လည်း လွှတ်တော် ကိုယ်စား
လှယ် အများစု၏ သဘော ဆန္ဒကို လေးစား သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ
ခုံရုံး ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက ဇန်နဝါရီလ ၂၂ရက်နေ့တွင် အတည်ပြု
လက်မှတ် ရေးထိုး ပေးလိုက်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 04:04 AM PST
မွန်ပြည်နယ်
သံဖြူဇရပ် မြို့မဈေး မီးလောင်တာဟာ ရှို့မီးလို့ သံသယ ရှိနေတဲ့ အကြောင်း
သံဖြူဇရပ်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ
အာဏာပိုင်တွေက မီးလောင်ခဲ့တဲ့ ဈေးအတွင်းကို သွားရောက် စစ်ဆေးစဉ် ရာဘာ
အစီးခြစ်ရာမှာ သုံးတဲ့ ဓာတုဗေဒဆေးတမျိုးဖြစ်တဲ့ ကာဗိုက်ဘူးတွေ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 03:44 AM PST
စစ်ကိုင်းတိုင်း
ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ နယ်ရှိ တရားစွဲ အဖွဲ့ အစည်း နှင့်
တရားစီရင်ရေးအဖွဲ့ တို့မှာ တရားရေး မဏ္ဏိုင်မယိုင်း ရိုင်အောင် ထိန်းညှိ
ဆောင်ရွက်ခြင်း မရှိသည့် အပြင် ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှု ကို
ပပျောက်အောင် ဆောင်၇ွက်ရမည့်အစား ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 03:28 AM PST
၂၁-၁-၂၀၁၃
ရက်နေ့ ၀၁၀၀ အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ လယ်ကိုင်း
ကျေးရွာ၊ လယ်ကိုင်း ဘုန်းကြီးကျောင်း တိုက်အတွင်းရှိ ဂန္ဓကုဋိတိုက် အပေါ်တွင်
ဘုံ(၇)ဆင့်ပြဿဒ်၌ တင်လှူထားရှိသည့် ထီးတော်၏ အထွဋ် ကြေးစိန်ဖူးတော်အား ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:57 AM PST
ပဲခူးတိုင်းဒေသကြီး မုန်းမြို. မြို.နယ်ခန်းမတွင် ပြောကြားခဲ့သော
ဒေါ်အောင်ဆန်းစုကြည် ၏ မိန်.ခွန်း (၂၀ ဇန်န၀ါရီ ၂၀၁၃) ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:46 AM PST
ပြည်တွင်း
စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်မြို့ ကနေ
ကချင်ပြည်နယ် လိုင်ဇာအထိ ခရီးရှည် လမ်းလျှောက်တဲ့ သူတွေကို ပဲခူးတိုင်း
အ၀င်မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:39 AM PST
စမ်းချောင်းမြို့နယ်
လင်းလွန်း မြောက်ရပ်ကွက် အတွင်း လမ်းခင်းရန် ရေနုတ်မြောင်း တူးဖော်စဉ်
အသုံးမပြု ရသေးသော ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း
သတင်းရ ရှိသည်။ လင်းလွန်း မြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ်
၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:32 AM PST
ကျောင်းတိုက်
ပြင်ပတွင် လူအများကို တစ်နှစ်ကြာ တရားဟောခွင့် ပိတ်ပင်ခံ ခဲ့ရသော
ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ၏ တရားပွဲကို စမ်းချောင်းမြို့နယ် ကျွန်းတော
ကျောင်းတိုက်၌ ဇန်န၀ါရီ ၂၁ ရက်က ကျင်းပရာ ဆရာတော်၏ တရားတော်များနှင့်
ဝေးကွာနေသောကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:16 AM PST
ယာဉ်စည်းကမ်း လိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေး အရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊
ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင် ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Jan 2013 02:24 AM PST
မန္တလေး
ခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ် အတွင်းက ညပိုင်း ဖြစ်သည့် ည၆နာရီမှ
ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများ ဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ခရိုင်အတွင်း ယာဉ် တိုက်မှု စာရင်း
ထုတ်ပြန်ချက်များ အရ သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jan 2013 06:17 PM PST
KIA
နှင့် အစိုးရ စစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော
ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ နေ့လည်
၁၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တန်း များ ဖြတ်သန်းနေစဉ်
ဗုံးတစ်လုံးကွဲခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၂ ဦးခန့် ဒဏ်ရာရ ရှိခဲ့ကြောင်း
သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jan 2013 06:04 PM PST
ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၄
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jan 2013 06:02 PM PST
၂၀၁၃
ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ၊
မရှီကထောင် ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာ ကုမ္ပဏီ အုပ်ချုပ်ရေး ရုံးခန်းသို့ KIA ၇
ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီ ၀န်ထမ်း အိပ်ဆောင်အား ဓာတ်ဆီလောင်း
မီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရို ကားတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ
တိုက်ခိုက် ခဲ့ကြောင်း သိရသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jan 2013 05:36 PM PST
အမေရိကန်သမ္မတ အိုဘားမားရဲ့ ဒုတိယ အကြိမ် သမ္မတ သက်တမ်း အတွက် ကျမ်းသစ္စာ
ကျိန်ဆိုပွဲ အခမ်းအနားကို မြို့တော် ၀ါရှင်တန်ဒီစီက မနေ့က တနေ့လုံး
ခြိမ့်ခြိမ့်သဲ ကျင်းပ ခဲ့ကြပါတယ်။ အိမ်ဖြူတော် သတင်းထောက် Kent Klein ရဲ့
သတင်း ပေးပို့ချက်ကို အခြေခံ ပြီးတော့ ၀ါရှင်တန်ဒီစီမှာ ကျင်းပသွားတဲ့ သမ္မတ
ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား အကြောင်း ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနေ့မှာ ရာသီဥတု ချမ်းအေးပေမယ့် တနေ့လုံး နေ သာတယ် လို့ ပြောရပါမယ်။ အမေရိကန်လွှတ်တော်အဆောက်အအုံ အနောက်ဘက် အမျိုးသားရင်ပြင်က သမ္မတအိုဘားမားရဲ့ ဒုတိယအကြိမ် ကျမ်းသစ္စာ ဆိုပွဲကို အမေရိကန်ပြည်သူ ရှစ်သိန်းဝန်းကျင် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။ အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို တရားသူကြီးချုပ် John Roberts က ကမကထ လုပ်ပေးပါတယ်။ သမ္မတ အိုဘား သမ္မတအဖြစ် ကျမ်းသစ္စာဆိုမှုကို တရားသူကြီးချုပ် John Roberts က တိုင်ပေးခဲ့ တာပါ။ ဒါဟာ အများပြည်သူရှေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုတာပါ။ တနေ့က ဇန်န၀ါရီ ၂၀ ရက် နေ့ကတော့ တရားဝင်ကျမ်းသစ္စာဆိုပွဲကို အိမ်ဖြူတော် မှာပဲ ပြုလုပ်ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအရ ရွေးချယ်ခံရတဲ့ သမ္မတသစ်အနေနဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာဆိုရမှာဖြစ်ပေမယ့် အဲဒီ နေ့က တနင်္ဂနွေနေ့ ကျပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအတိုင်း တရားဝင် အိမ်ဖြူတော်မှာပဲ အကျဉ်းချုပ် လုပ်ပြီး မနေ့က ဇန်န၀ါရီ ၂၁ ရက်နေ့ တနင်္လာနေ့မှာတော့ အစဉ်အလာအတိုင်း အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲ ပြုလုပ်တာပါ။ အများပြည်သူရှေ့ ကျမ်းသစ္စာဆိုပွဲမှာတော့ သမ္မတအိုဘားမားက သမ္မာကျမ်း စာအုပ် နှစ် အုပ် သုံးပါတယ်။ တစ်အုပ်ကတော့ ၁၉၆၁ ခုနှစ်တုန်းက သမ္မတလင်ကွန်း သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ လုပ်ကြံခံခဲ့ရ တဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်းရဲ့ သမ္မာကျမ်း စာအုပ်ဖြစ်ပါတယ်။ အခု တနင်္လာနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မာတင် လူသာ ကင်း အထိမ်းအမှတ် ရုံးပိတ်ရက်လည်းဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်လာတဲ့ လူထုကို ပြောတဲ့ ၁၉ မိနစ်ကြာ သမ္မတ အိုဘားမား မိန့်ခွန်းမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကြုံနေရတဲ့ ပြဿနာရပ်တွေကို အတူတကွဖြေရှင်းရာမှာ နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားဖို့ တိုက်တွန်း သွားပါတယ်။ အလယ်အလတ်လူတန်းစားတွေ တိုးပွားလာဖို့နဲ့ ၀င်ငွေမညီမျှမှုတွေကို လျှော့ချဖို့ကိစ္စ အပါအ၀င် အခု ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအတွင်းမှာ စည်းရုံးဟောပြောခဲ့တာတွေထဲက အဓိကအချက်အချို့ကို ပြန်ထောက်ပြ ပြောဆိုသွားပါတယ်။ “လူအနည်းအကျဉ်းလေးပဲ ကောင်းကောင်းမွန်မွန်နေနိုင်ပြီ ဒါ့အပြင် လူမှုကူညီထောက်ပံ့ရေးအစီအစဉ်တွေ၊ ပညာရေး၊ နည်းပညာ၊ အစားထိုးစွမ်းအင် အသုံးပြုမှု စတာတွေကို ဆောင်ရွက်သွားမယ်လို့ သမတ အိုဘားမားက ပြောပါတယ်။ ကမ္ဘာရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုင်တွယ်တုန့်ပြန်သွားဖို့ လိုမယ်လို့ သူက ပြောပါတယ်။ ကမ္ဘာ့အရေးနဲ့ပတ်သက်လို့လည်း ပြောသွားပါသေးတယ်။ “အာရှကနေ အာဖရိကတလွှား၊ အမေရိကန်တိုက်နိုင်ငံတွေကနေ အရှေ့အလယ်ပိုင်းအထိ ဒီမိုကရေစီ အရေးကိစ္စတွေကို ထောက်ခံသွားပါမယ်။ လွတ်လပ်မှုအတွက် တောင့်တနေတဲ့ အဲဒီဒေသက ကမ္ဘာ့ ပြည်သူတွေအတွက် ကိုယ်စားဆောင်ရွက်ဖို့ဟာ ကျနော်တို့ရဲ့ စိတ်ဝင်တစား လိုလားမှု ကျနော်တို့ရဲ့ အသိတရားဖြစ်ပါတယ်။” သမ္မတအိုဘားမားဟာ ဒီနောက် လွှတ်တော်ထဲမှာလုပ်တဲ့ နေ့လည်စာ ဧည်ခံပွဲကို တက်ရောက်ပါတယ်။ အဲဒီမှာ အမေရိကန်ပြည်ထောင်စုက အထင်အရ နိုင်ငံရေး သမားတွေ၊ လွှတ်တော် အမတ်တွေ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ မွန်းလွဲပိုင်းမှာတော့ လွှတ်တော် ကနေ သမ္မတအိမ်ဖြူတော်အထိ ကားတန်းနဲ့ ထွက်ခွာ ပါတယ်။ ၀ါရှင်တန်ဒီစီရဲ့ Pennsylvania လမ်းတလျှောက် ကြိုဆိုနှုတ်ဆက်ကြတဲ့ ပရိသတ်တွေကို ပြန်လည်နှုတ်ဆက်ရာမှာ သမ္မတနဲ့ သမ္မတကတော်နှစ်ဦးဟာ လက်တွဲပြီး ကားအပြင်အထွက် လမ်းဘေးဝဲယာက ပရိသတ်တွေကို နှုတ်ဆက်ပါတယ်။ ဒီနောက်တော့ သမ္မတအိမ်ဖြူတော်ရှေ့မှာ ယာယီဆောက်လုပ်ထားတဲ့ မှန်အဆောက်အအုံ ထဲကနေ အစဉ်အလာအတိုင်း ဗိုလ်ရှုခံပွဲလုပ်ပါတယ်။ ပြည်နယ်အလိုက် အတီးအမှုတ် အကအခုန်အဖွဲ့တွေက ချီတက်ပြီး ဂုဏ်ပြုတာကို မှန်အဆောက်အအုံထဲကနေ နှုတ်ဆက် ကြည့်ရှုပါတယ်။ ဒီကနေ့ ၀ါရှင်တန် ဒီစီ မြို့တော်မှာ တနေ့လုံးကျင်းပြုလုပ်နေတဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲ အခမ်းအနားတွေ ဗိုလ်ရှုခံပွဲတွေကို တိုးဝှေ့စောင့်ကြည့်နေတဲ့ လူအုပ်ထဲမှာ ၀ါရှင်တန်ဒီစီက မဆွေလည်း အပါအ၀င်ပါ။ "ဂိတ်အထပ်ထပ်နဲ့ပေါ့နော်။ ကွန်ဂရက်စ်နားထိ ရောက်အောင်လို့ လက်မှတ်တွေ ကြိုယူ ထားရတယ်။ not ticket gate လည်းရှိတယ်။ ဂိတ်ပေါင်းကတော့ အများကြီး ဖွင့်ထားတယ်။ သူတို့ သမ္မတတွေလည်း တက်လာပြီဆိုလို့ ရှိရင် များသောအားဖြင့်ကတော့ ထုံးစံအတိုင်း ဘယ်သူတွေကတော့ ဘယ်လိုလုပ်ပေးနိုင်တယ်-ဘာတယ်ပေါ နှိုင်းယှဉ်ချက်အရ ပြောရရင်တော့ အခုတခေါက် ဒုတိယသက်တမ်း ကျမ်းသစ္စာဆိုပွဲဟာ ပြီးခဲ့တဲ့ ပထမအကြိမ် ကျမ်းသစ္စာဆိုပွဲ ၂၀၀၉ ခုနှစ်လောက် လူအုပ်မများပါဘူး။ အဲဒီတုန်းကဆို လူထု နှစ်သန်းနီးပါး တက်ရောက်တယ်လို့ ခန့်မှန်းပါတယ်။ သမ္မတ အိုဘားမားနဲ့ ဒုတိယသမ္မတ ဘိုင်ဒန် တို့မိသားစုဟာ မနေ့က ပွဲတွေ မစခင်မှာတော့ အိမ်ဖြူတော်အနီးက ဘုရားကျောင်းကို တက်ရောက်ပြီး အရင်ဆုံး ဘုရားဝတ်ပြုပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာတော့ အိမ်ဖြူတော်မှာ အောက် လွှတ်တော် ဥက္ကဋ္ဌ John Boehner နဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell အပါအ၀င် ရီပတ်ပလင်ကန်ပါတီရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ ကော်ဖီသုံးဆောင် စကားပြောခဲ့ပါတယ်။ အခု ညပိုင်း ဗိုလ်ရှုခံပွဲပြီးရင်တော့ Inauguration Ball လို့ခေါ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထိမ်းအမှတ် ဧည်ခံကပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ကိုသားညွန့်ဦး (ဗွီအိုအေ) |
||
Posted: 21 Jan 2013 01:58 PM PST
ကချင်
လွတ်လပ်ရေး အဖွဲ့ အေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာ အနီး လဂျားယန် တဝိုက်
ခါရာ တောင်ကြော မှာ တနင်္လာနေ့က တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေခဲ့ ပါတယ်။
တနင်္ဂနွေ ညက (၇)နာရီ ခွဲ ကျော် အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ သလို၊ တနင်္လာနေ့
မှာလည်း မနက် ကတည်းက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ပွိုင့် (၇၇၁)တောင်ကုန်း အနီးက ကုန်းကို အစိုးရ တပ်တွေက သိမ်းဖို့ ကြိုးစားနေ |
||
Posted: 21 Jan 2013 01:51 PM PST
ကချင်
ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတာကြောင့် အစိုးရနဲ့ သီးခြား
တွေ့ဆုံ ဆွေးနွေးမှုတွေ မပြုလုပ်တော့ဘူးလို့ KIO ကချင် လွတ်လပ်ရေး အဖွဲ့က
ကြေငြာခဲ့ပါတယ်။ KIO ကနေ တနင်္ဂနွေနေ့ ရက်စွဲနဲ့ အစိုးရရဲ့ ပြည်ထောင်စု
ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ဆီကို ပေးပို့တဲ့ စာထဲမှာ အဲဒီလို
ဖော်ပြတာ ဖြစ်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jan 2013 01:45 PM PST
ဘင်္ဂလားဒေ့ရှ်
နိုင်ငံမှာ နာမည်ကျော် မူဆလင် ဘာသာရေး ဆရာ တယောက်ကို လူသား မဆန်တဲ့
ပြစ်မှုတွေ ကျူးလွန် ခဲ့မှု အတွက် တရားရုံးက သေဒဏ် ချမှတ်လိုက် ပါတယ်။ ၁၉၇၁
ကာလ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်မြောက်ရေး စစ်တွင်း ကာလမှာ အခု နာမည်ကျော်
အစ္စလာမ် တရားဟော ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jan 2013 01:35 PM PST
ရခိုင်
ပြည်နယ် ကနေ စက်လှေ တွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ထိုင်း နိုင်ငံကို
ရောက်လာတဲ့ ရိုဟင်ဂျာ တွေ လူကုန်ကူး ခံရမှုမှာ ထိုင်း အစိုးရ တာဝန်ရှိ
သူတွေလည်း ပါဝင် ပတ်သက် နေတဲ့ အကြောင်း ထိုင်းအစိုးရ တာဝန်ရှိ သူတွေ က
ဝန်ခံ ပြောကြား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jan 2013 09:38 AM PST
ရိုဟင်ဂျာတွေကို
ထိုင်းနိုင်ငံဖက် လူမှောင်ခို တင်သွင်းနေတဲ့ လုပ်ငန်းတွေမှာ ထိုင်းစစ်တပ်
အရာရှိတွေ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ် က
ပြောတယ်လို့ မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့ ထုတ် ထိုင်းနိုင်ငံထုတ်
ဘန်ကောက်ပို့စ်နဲ့ The Nation သတင်းစာတွေက ရေးသားကြပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jan 2013 08:19 AM PST
|
0 comments:
Post a Comment