Thursday, January 24, 2013

ပို့စ်မော်ဒန် နိုင်ငံရေး/ ရေဒီကယ်ဒီမိုကရေစီနှင့် မြန်မာဒီမိုကရေစီ

January 24, 2013 ရက် ၊ 10:30 တွင် ကိုကိုနန်းညွန့်ဦး ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

We can return to the beasts. But if we wish to remain human, then there is only one way, the way into the open society.
Popper

ကျွန်တော်တို့ဟာ သားရဲတိရစ္ဆာန်ဘ၀ ပြန်ရောက်သွားနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လူအဖြစ်နဲ့ ဆက်တည်ရှိနေချင်သေးတယ်ဆိုရင် လမ်းက တစ်လမ်းတည်းပဲရှိတယ်။ အဲဒီလမ်းက ပွင့်လင်းလူ့အဖွဲ့အစည်း the open society ကိုသွားတဲ့ လမ်းပဲ။
ပေါ့ပ်ပါး



(Karl R.Popper, The Open Society and Its Enemies, 1963, Routledge & Kegan Paul, Vol.1, P.201) * ပေါ့ပ်ပါးဟာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ အလုံးစုံ သဘောမတူနိုင်ပေမယ့် အချို့ကို သဘောတူ တဲ့အတွက် ကိုးကားခဲ့ပါတယ်။ လေးစားစွာဖြင့်။
I think there are good reasons for suggesting that the modern age has ended. Today, manythings indicate that we are going through a transitional period, when it seems that something is on the way out and something else is painfully being born. It is as if something were crumbling, decaying and exhausting itself, while something else, still indistinct, were arising from the rubble.
မော်ဒန်ခေတ် ကုန်သွားပြီလို့ပြောရာမှာ အကြောင်းအကျိုး ခိုင်လုံတယ်လို့ ထင်ပါတယ်။ဒီနေ့ အကြောင်းခြင်းရာ အတော်များများဟာ ကူးပြောင်းရေးကာလတစ်ခုကို ဖြတ်သန်းနေတယ်လို့ ဆိုညွှန်းနေတယ်။ တစ်စုံတစ်ခုဟာ ထွက်ခွာသွားနေတယ်။ တစ်စုံတစ်ခုဟာ နာကျင်စွာ မွေးဖွားလာနေတယ်လို့ ထင်ရတယ်။ တစ်စုံတစ်ခုဟာ မောပန်းကြီးစွာ ပျက်စီးပြိုလဲနေတယ်။ အဲဒီအခါမှာပဲ တစ်စုံတစ်ခုဟာ အခုအထိ မသဲမကွဲနဲ့ အပျက်အစီး အစုအပုံတွေထဲက ပေါ်ထွက်လာနေတယ်လို့ ထင်ရတယ်။
ဟာဗဲလ်

(Václav Havel, The Search for Meaning in a Global Civili-zation, aqmif;yg;? The Fontana Postmodernism Reader, Editor: Walter Truett Anderson, Fontana Press, 1996, P.208) *ကွယ်လွန်သူ ချက်သမ္မတကြီး ဖြစ်ပါတယ်။ အလွန် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မြန်မာနိုင်ငံအပေါ်မှာ အထူးသဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မြန်မာ့ဒီမိုကရေစီ တိုက်ပွဲကို အဆုံးစွန်အထိ ထောက်ခံခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်။ အလွန်လေးစားစွာဖြင့် (မှတ်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူအလွန်လေးစား ခင်မင်ကြောင်း ပြောဖူးပါတယ်။)

* ဟာဗဲလ် Havel ပြောတဲ့ ပေါ်ထွက်လာဆဲ တစ်စုံတစ်ခုဆိုတာ ပို့စ်မော်ဒန် မဖြစ်နိုင်ဘူးလား။ အပျက်အစီး အစုအပုံ rubble ဆိုတာ မော်ဒန်ကို ပြောတာကော မဖြစ်နိုင်ဘူးလား။ စဉ်းစားကြည့်ကြဖို့ပါ။

* ပို့စ်မော်ဒန်ဆိုတာ ဘာလဲ။ အခုအထိ မသိကြသေးဘူးလား။ အခုအထိ ပြောရဆိုရတုန်းလား။ပညာရှင်တစ်ယောက် . . . ပို့စ်မော်ဒန်ရဲ့ အကြီးအကျယ် သြဇာသက်ရောက်ခဲ့တဲ့ ခေတ်ကုန်သွားပြီ . . the period of its greatest influence is now over . . လို့ ဆိုမိန့်ခဲ့ဖူးတယ်။ ချောင်ဂလောင်ထဲက ဂျပလွတ်မဟုတ်ဘူး။ Oxford တက္ကသိုလ်က အင်္ဂလိပ် ဘာသာစကားနဲ့ စာပေပါမောက္ခ။ စာအုပ်တွေ အများကြီးရေးထားတဲ့ ပညာရှင်ဖြစ်တယ်။ (မှတ်ချက်။ စာ အုပ်တစ်အုပ်မှ မရေးဖူးတဲ့ ပညာရှင် မဟုတ်ဘူးဆိုတာ ပြောချင်လို့ပါ။) ၂၀၀၂ ခုနှစ်က ထုတ်ဝေတဲ့ Post modernism ဆိုတဲ့ သူ့စာအုပ်၊ စာမျက်နှာ ၁၂၇ မှာ ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ကတော့ ပါမောက္ခ ခရစ္စတိုဖာ ဘတ်တလာ Christopher Butler ဖြစ်ပါတယ်။

* နောက်ပုဂ္ဂိုလ်တစ်ယောက်ကတော့ ပိုပြတ်တယ်။ . . . ပို့စ်မော်ဒန် ကွယ်လွန် (သေ)သွားပြီ . . .လို့ ကြေညာတယ်။ ၁၉၉၁ ခုနှစ် ဂျာမနီနိုင်ငံ၊ ရှတူးဂတ် Stuttgart မြို့မှာ ကျင်းပတဲ့ Cultural Studies ဆွေးနွေးပွဲ seminar တစ်ခုမှာ အဲသလို death of postmodernism လို့ ကြေညာသွားတယ်။ ရေမွန်ဖယ်ဒါမင် Raymond Federman ဆိုတဲ့ ပုဂ္ဂိုလ်က ကြေညာသွားတာပါ။ အဲဒီပုဂ္ဂိုလ်ဟာ(ထူးခြားတာက) ဒီနေ့ အောင်မြင်ကျော်ကြားနေတဲ့ ''ပို့စ်မော်ဒန် ၀တ္ထုရေးဆရာ'' ဖြစ်နေပါတယ်။
* အဲသလို အဆိုအမိန့်တွေ ရှိခဲ့ပေမယ့် (ဘာမှ သိပ်မသိသေးတဲ့) ကျွန်တော်တို့ကတော့ ပြောကြဆိုကြရဦးမှာ ဖြစ်ပါတယ်။ ဒီအဆိုအမိန့်တွေကို သိကြရအောင် တမင်ဖော်ပြခဲ့တာပါ။
ပို့စ်မော်ဒန်
ဒီလိုအဆိုတွေရှိတယ်။ ပို့စ်မော် ဒန်ဆိုတာ . . .
၁။ ခေတ်ကာလအပိုင်းအခြား တစ်ခု။ သမိုင်းရဲ့ ပြောင်းလဲဖြစ်ထွန်းမှု အခြေအနေ (phase)အပိုင်းအခြား တစ်ခု။
၂။ နေရာတစ်နေရာ အချိန်တစ်ချိန် (space-time continnum) အတွင်းမှာရှိတဲ့ အဖြစ်အပျက် အခြေအနေတွေ။
၃။ စာပေအနုပညာ (literary arts) နဲ့ အခြားအနုပညာများ (other arts) အပါအ၀င် ယဉ်ကျေးမှု (culture) ကြီးတစ်ရပ်လုံး။
၎။ အခြားသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအယူအဆ သဘောထားများ။
၅။ လူတစ်ဦးချင်းစီရဲ့ ဘ၀ (space) တစ်ခု။* ယေဘုယျအဆို (၅) ခု၊ ကိစ္စ (၅) ခု၊ ဖွင့်ဆိုချက် (၅) ခုလို့ပဲ ဆိုကြပါစို့။ ပြောစရာတွေကတော့ အများကြီး ရှိသေးတယ်။
* လိုင်ယိုတာ Lyotard ရဲ့ ကမ္ဘာကျော် စာအုပ်နာမည်က The Postmodern Condition တဲ့။ ၁၉၇၉ ခုနှစ်က ဒီလိုလည်း ပြောလို့ ရသေးတယ်။

ပို့စ်မော်ဒန် အခြေအနေ

ပို့စ်မော်ဒန်ဆိုတာ . . .
၁။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အရေးအရာအခြေအနေတွေ။ (State of affairs) သိပ်ယေဘုယျကျပြီး ကျယ်ပြန့်လွန်းတယ်။
၂။ အဲဒီ (အထက်ပါအချက်-၁)နဲ့ ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ စိတ်ကူးစိတ်သန်းတွေ (idea)
၃။ အနုပညာဟန်တွေ။ ဖန်တီး၊ ပြုလုပ်၊ ဆောင်ရွက်ပုံတွေ။ (Styles)
၎။ စကားလုံး/ဝေါဟာရတစ်ခု။ အထက်ဖော်ပြပါ အချက်သုံးချက်နဲ့ ဆက်စပ်နေတဲ့ (context) အခြေအ နေတွေ အားလုံးကို ဖော်ပြနေတဲ့ ဖော်ပြရာမှာ သုံးတဲ့စကားလုံး/ဝေါဟာရ တစ်ခု။ (word)
*

ဒီလိုချုပ် . .

State S
Idea I
Style S
Word W

ဆက်ပါမည်။

Written by ဇော်ဇော်အောင်

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6227922&xgs=1&xg_source=msg_share_post

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...