ဝမ်းနည်းဂုဏ်ယူမိပါသည်။
ဝမ်းနည်းဂုဏ်ယူမိပါသည်။
ဂုဏ်ယူသည်က ခြောက်ဘာသာဂုဏ်ထူးနှင့်
အခြေခံပညာအထက်တန်းစာမေးပွဲကို
ဝမ်းနည်းသည်က ဆေးတက္ကသိုလ် တက်ခွင့်မရ၍ပါ
အံ့သြ စရာ မြန်မာ့ ပညာရေးအခင်းအကျင်း
ပါပေ။ ဘာသာစုံဂုဏ်ထူးထက်သာလွန်သော
အောင်မြင်မှု မရှိပါပဲနှင့် ကာယကံရှင် တက်
ရောက်လိုသော တက္ကသိုလ်တက်ခွင့်မရသည်
မှာရင်နာစရာပေ။ အမှတ်နည်းများအလိုက်
ခွဲတမ်းနှင့်သာ တက်ရောက်စေသည်ဆိုပါက
ဂုဏ်ထူး ရမှတ်ကိုပြင်ဆင်စေချင်ပါသည် ။
ဥပမာ သိပ္ပံ အတွဲများကို ရမှတ်၉၀နှင့် ကျန်
ဘာသာများကို ရမှတ်၈၅ မှတ်သတ်မှတ်လျှင်
ဘာသာစုံ ဂုဏ်ထူး ရသူသည် အနည်းဆုံး
ရမှတ် ၅၃၀ မှတ်ရပေမည်။သို့ဆိုလျှင် သူတို့
သတ်မှတ် သည့်စံအရ ဆေးလိုင်းကို ကပြီး
ဝင်ပေမည်။ ခုတော့ အရေအတွက်ဂုဏ်ထူး
ဖြစ်နေပေပြီ။ ဘာသာစုံဂုဏ်ထူးသည် အရည်
အချင်းမပြည့်သလော စဉ်းစားစရာပါပေ။
ပူးတွဲပုံပါကလေးသည် လှေလှော်ရင်းတက်
ကျိုးရပေပြီ။ ရမှတ်နှင့်လိုင်းခွဲလျှင် ဂုဏ်ထူး
ပေးမှတ်ကိုလည်းမြင့် ရပေတော့မည်။
Tin Maung စာမျက်နှာမှ ကူးယူဖေါ်ပြသည်
0 comments:
Post a Comment