Saturday, January 19, 2013

ငါတို့  သမ္မတပေါ့ ..........

Way Min and 2 other friends shared Nay Min's photo.
ငါတို့  သမ္မတပေါ့ ..........

စစ်ရုံးထဲကို ရုံးပိတ်ရက်မို့  တံခါးက ပိတ်ထားတယ်
ရတယ်ရတယ် ငါလမ်းလျှောက်ဝင်လိုက်မယ်
တဲ့ လေ................

ရုံးကိုလာတက်တာ
သာမာန်ပြည်သူတွေလို့  စက်ဘီးနဲ့  လာတက်တယ် တဲ့ လေ......

သူမြေးလေး နေမကောင်းဖြစ်တော့ 
ပြည်သူတစ်ဦးလိုပဲ ဆေး၇ုံတင်တယ်...
ဆေးရုံဆင်းမှ သူမြေးမှန်းသိကြတယ်တဲ့ လေ.............

သူ့သမီးလေယာဉ်စီးခွင့်ရဖို့ 
ဘာအမိန့် မှမညွှန်ကြားဘူး
ကုတ်ကုတ်နေ ရိုးရိုးသားသားနဲ့  သာမာန်ပြည်သူတွေလိုပဲ တိုးဝှေ့စီးလို့ ..........

တကယ်လို့  သမ္မတ သာ ရာထူးလက်မဲ့ဖြစ်ခဲ့ ရင်
အဝေးပြေးကွင်းမှာ မုန့် ဟင်းခါးရောင်းမဲ့  ပါရမှီဖြည့်ဖက် တဲ့ လေ......

အဖွကောင်းတဲ့  မြန်မာပြည်မီဒီယာမှာ
မှင်နီ တစက်မှသွေးမစွန်းခဲ့ တာနဲ့ တင်.......

ဒါမှမဟုတ်

ငွေလွယ်လွယ်ရပြီး လုပ်ပိုင်ခွင့်များတဲ့  ဒေသမှာတာဝန်ကျတာတောင်
ကိုယ်ကျင့်တရားခေါင်းမရွေ့ခဲ့ တာနဲ့ တင်.............

ဆယ်ခါပြန်လေးစားလို့ ရနေပြီ။

ဘယ်သူတွေက မြန်မာနိုင်ငံကို မယုံကြည်သင့်သေးဘူးလို့ ဝေဖန်ပါစေ
ဘယ်သူတွေက စစ်အရေခြုံသမ္မတ လို့ ပြောနေပါစေ.....
ဘယ်သူတွေက ကြိုးဆွဲသမ္မတလို့ ပြောနေပါစေ........
စကားနည်းနည်းပြောပြီး အလုပ်များများသူလုပ်နေခဲ့ တယ်......

ကျနော်တို့  အွန်လိုင်းပေါ်မှာဖတ်ဖူးတဲ့  ချစ်သူရွေးနည်းနဲ့ အိမ်ထောင်ဖက်လို ပဲ
နောင်တချိန် ကျ မှ ချစ်ရကောင်းသိမှာ စိုးမိပါတယ်...........

From:ပုံရိပ်စစ်

  2 comments:

  1. လေးစားပါတယ် သမ္မတကြီး ခင်ဗျား...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...