Friday, January 25, 2013

သ က်ေ မွ့  လ က်ေ ဆာ င် ။


သူ … ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ လူရှင်းနေသည်။ သူမြင်နေရာသော နေရာ ကို မမှိတ်မသုန်ကြည့် ရင်း ပတ်ဝန်းကျင်ကို ထပ်၍ ကြည့်လိုက်သည်။ သူ့ လက်ကို လှမ်းမည် ပြုလိုက်သည်။ လမ်းခုလပ်တွင်ပဲ သူ့ လက် ကို ပြန်ရုပ်လိုက်ပြီး စဉ်းစားမနေပဲ အသံပြုလိုက်သည်။
သူ့ အသံကို ကြားသည်ထင်သည် လှုပ်ရှားသံ အချို့ စကားသံ အချို့ ကြားလိုက်ရသည် …။ သူ့ ရင်တွေ ခုန်နေ သည် ။ အကယ်၍ သူ့ အနား တစ်ဦးတစ်ယောက် ရောက်လာရင် ဘယ်က စပြောရမလဲ ။ သူပြောတာကို ရော လက်ခံပါ့ မလား ။ သူ့ ကို ငေါက်ငမ်း မောင်းထုတ်လိုက်လေမလား ။ အင့်ဟင်း မဖြစ်ဘူး အရဲစွန့်ပြောဖို့ စိတ်ကို ဆုံးဖြတ်ထားရမယ် ဒါ သူတို့ အတွက် ရီ(ရယ်)စရာ ဖြစ်ချင်ဖြစ်မည်။ သူ့ကို ရူးတာ လို့ ပြောချင်ပြောလိမ့်မယ်။ သူ့မျက်ဝန်းတွေက အရောင်ပြန်လက်လာသလို ထိုနေရာ ကို တချက်ပြန်ကြည့်ရင်း အသံ တစ်ချက် လှမ်းပေး လိုက်သည်။
“ဘာလဲ.. ဘာကိစ္စ ခဏ ခဏ ခေါ်နေတာလဲ ”
ဆိုသည့် မိန်းကလေး တစ်ဦး ၏ အသံနှင့် အတူ ချောမောနုပျို သည့် ကောင်မလေးက အိမ်ထဲက ထွက်လာပြီး မေးလည်းမေး ရန်ထောင်လည်း ရန်ထောင်နေသယောင် မေးသည့် အချိန် … သူ ဒူးတွေ တုန်နေသည်။ ဘယ်က စပြောရမယ် မှန်း မသိဖြစ်ပြီး ကောင်မလေးကို မှင်သက်၍ ငေးကြည့်နေမိသည်။
“ ဒီမယ် မေးနေတာ ဖြေလေ …”
“ဟုတ် .. ဟုတ် … ”
သူ့ အသံတွေ ထစ်အနေသည့်။
ကြောက်ပါတယ် ဆိုမှ လေသံမာမာ နဲ့ ပြောလာသော ကောင်မလေးကို သူဆက်ပြောဖို့ ကြိုးစားဆဲ…။
“ကဲ … ဘာမှ မဟုတ်ရင် အိမ်ရှေ့က နေ သွားတော့ … အူကြောင်ကြားလာမလုပ်နဲ့နော်
“မဟုတ်ပါဘူးဗျာ … ကျွန်တော် …ကျွန်တော်..”
“ကဲ.. ဘာလဲ ဘာကိစ္စလဲ မေးတာဖြေ ၊ ဘာလို့ အိမ်ထဲ လှမ်းခေါ်တာလဲ …”
“ဟုတ် … ဟုတ်.. ဟို… ဟိုဟာလေ”
“နင့် ကြည့်ရတာ မူမှန်ဘူး တခုခု ပဲ … ဒယ်ဒီရေ ..ဒယ်ဒီ .. မာမီ… ” ဟု လှမ်းခေါ်လိုက်တော့ …
သူ ဆောက်တည်ရာမရ ဖြစ်သွားသည် ။
အိမ်ထဲမှ လူကြီးတစ်ယောက်ထွက်လာပြီး …
“သမီးလေး ဘာဖြစ်လို့လဲ .. သူက ဘယ်သူလဲ ..”
“မသိဘူး ဒယ်ဒီ … မီးမေးတာလည်း မဖြေဘူး အူတူတူ လုပ်နေတယ်”
“ ဒီက ကလေးက ဘာကိစ္စလည်းကွဲ့ ….”
ဂရုဏာသံပါသော လေသံ ၊ သူ့ကိုကြည့်သော အကြည့် အေးအေးကြောင့် သူစိတ်ထဲ နည်းနည်း ပေါ့သွားသည်။ မပြောလည်း မပြီး ပြောရမည်။ သူအလိုချင်ဆုံး အရာအတွက် သူ အရဲစွန့်မှ ရတော့မည် ဟုတွေးလိုက်သည်။ အလွန်ဆုံး သူ့ ကို မောင်းထုတ်ရုံ အပြင် ဘာမှ မဖြစ်နိုင်ဟု တွက်ဆလိုက်သည်။
“ ပြောလေကွယ် ကလေး … ဒီကို ဘာလုပ်တာလဲ .. ဘာကိစ္စလဲ ဦးကို ရဲရဲပြော…”
“ ဟိုလေ ဟို … ”
ဟု ပြောရန် မထွက်၍ လက်ညှိုး ထိုးပြလိုက်သည်။
“ဘာလဲကွဲ့ …. ဘာကို ပြတာလဲ”
“ ကျွန်တော် ဦးတို့ဆီက တောင်းစရာလေး တခု ရှိလို့ပါ အဲတာကြောင့် ..”
“ ဟေ .. ဦးတို့ ဆီက ဟုတ်လား”
ပြန်မေးရင်း ကောင်မလေး ကို လှမ်းကြည့်သည်။
ကောင်မလေးက မျက်လုံးပြုးပြ၍ ပခုံးတွန့်ပြသည်။
“ ကဲ… ကဲ .. ပြော ဘာလဲ ဘာလို ချင်တာလဲ … ”
“ ဟုတ်ကဲ့ ဦး .. ကျွန်တော် လိုချင်တာ ဟို … ဟို … ဗို လ် မ ရုပ် က လေး ပါ ”
ဟု ပြောရင် ပန်းအိုးတွေ ကြားက ဗိုလ်မရုပ် ကလေးကို လက်ညှိုးထိုးပြလိုက်တော့
“ ဟား ဟား ဟား ” လူကြီးက အားရ ပါးရ ရယ်သည်။
“ အော် ဘာမြန်းလဲ လို့ကွာ … သမီးရေ … သမီးဆော့နေတဲ့ ဗိုလ်မရုပ်ကလေး လိုချင်တာတဲ့ ပေးလိုက်ပါ သမီးရယ် …”
“ အာ မီး ဗိုလ်မရုပ် ကလေး မပေးနိုင်ပါဘူး …၊ ဒယ်ဒီကလည်း … မပေးဘူး ..မပေးဘူး ..” ဟု
ကောင်မလေးက အာခေါင်ချစ် အော်သည်။
သူ မျက်နှာပျက်သွားသည်။
ထပ်၍လည်း မတောင်းရဲ ။
သူ မျက်ရည် ဝဲလာသည်။
“ ငါ့ကို ပေးပါဟယ် .. ငါ မဝယ်နိုင်လို့ပါ .. ငါ့အတွက် အရမ်းလိုလို့ပါနော် …”
“ ကဲပါ သမီးရယ် ဒယ်ဒီ အသစ်ဝယ်ပေးပါ့မယ် ဟောင်းလည်းဟောင်းနေပြီ
အကျီ င်္လေးကလည်း စုတ်နေပြီ သမီးရဲ့ .. သမီးပဲ အကြိုက်ခြင်းတူနေလို့ လွှင့်ပစ်ထားတာဆို .. ”
ကောင်မလေး အဖေက ပြောသည်။
ကောင်မလေး အသံ ထွက်မလာသေး။
သူ မျက်ဝန်းတွေ မျှော်လင့်ချက် ရှိလာသည်။
ဒီဦးဦး ကြင်နာ တတ်လိုက်တာ ဟု ပျော်လာသည်။
“ သမီးရယ် ကိုယ်မလိုချင်တော့လို့ အသုံးမလိုတော့တာပဲ သူတစ်ပါးက အသုံးပြုတာ
လိုချင်တာ ပေးလိုက်ရင် ကုသိုလ်လည်း ရတယ် ဟော ဗိုလ်မရုပ်လေး လှူရတော့
သမီးလေးလည်း ဗိုလ်မရုပ် ကလေးလို လှလာ မှာပေါ့ ..”
ကောင်မလေး မျက်နှာ ပြုံးသွားသည်။
“ မီး တကယ် ကုသိုလ်ရမှာနော် ၊ တကယ် လှမှာနော် ဟုတ်လား ဒယ်ဒီ ”
“ အင်း ပေါ့ သမီးလေးရဲ့ …”
“ အင်း ဒါဆို နင်နေဦး …”
ဟု ပြောလျက် အိမ်ထဲ ပြေးဝင်သွားသည်။
ပြန်ထွက်လာတော့ လက်ထဲမှာ အဝတ်စလေးတွေ ချုပ်ထားသော
အကျီင်္ င်္သေးသေးလေးတွေ ပါလာသည်။
“ ရော့ နင် အရုပ်ကို အဝတ်လဲပေးလို့ရအောင် ယူသွား၊
ဒါမှ ငါလည်း အဝတ်အစား အသစ်တွေ ဝတ်ရမှာ ..”
သူပျော်သွားသည်။
ဝမ်းသာအားရယူလျက် …
“ ကျေးဇူးပါဟာ.. ဦးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ”
ပြောပြီး လူကြီးကို သူထိုင်ကန်တော့လိုက်သည်။
ပြီးတော့ သူ ဝမ်းသာ ရွှင်လန်းစွာ လှည့် အထွက် …
“ ဟေ့ .. ဟေ့ နေဦး နေဦး ”
“ ဗျာ .. ဘာလို့လဲဟင် “ ဟု သူမေးရင် ဗိုလ်မရုပ်ကလေး ကို နောက်ကျောဘကသို့ ပို့လိုက်သည်။
စိတ်ပြောင်းပြီ ပြန်တောင်းတော့ မှာလားလို့လည်း … သူ့စိတ်ထဲ ထင်လိုက်သည်။
ကောင်မလေးက …
“ နေပါဦး … နင်က ယောကျာင်္းလေးဖြစ်ပြီး ဗိုလ်မရုပ် ကို ဘာလို့ လိုချင်ရတာလဲ ”
“ ငါ….”
“ ငါ…”
သူ့ ပါးပေါ် မျက်ရည်တွေ ကျလာသည် ….။
“ ဟင် နင်ကလည်း ဒါလေးမေးတာကို .. ငါ ပြန်မယူပါဘူးဟ .. ငါသိချင်လို့ပါ …”
“ ငါ့ အတွက် မဟုတ်ပါဘူးဟာ .. ဆေးရုံပေါ်က ငါ့ ညီမလေး မသေခင် ပေးဆော့ချင်လိုပါ .. ဟာ” ။
ပြောလည်းပြောရင်း သူ့ခြေလှမ်းတွေ ညီမလေးရှိရာ ပြေးလေတော့သည်။

--------------------။

ကိုဝိုင်ဝိုင်ကေ
၂၆-၁-၁၃
( ပြာသိုလ်လပြည့်နေ့ )
နံနက် (၀၁း၀၁)နာရီ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...