Wednesday, January 23, 2013

ကော့သောင်းကို ဈေးပွဲတော်ကြီး လာပြန်ပြီ....

ကျွန်တော်တို့ နေထိုင်တဲ့ ကော့သောင်းမြို့ကလေးမှာ တစ်လကျော်ကျော်လေးအတွင်း ဈေးရောင်း ပွဲတော်တွေ ကျင်းပနေတာ ဒီတစ်ကြိမ်ပါနဲ့ဆိုရင် (၃)ကြိမ်မြောက်ပါပြီ....... ဈေးပွဲတော် လာရောက်ရောင်းချရခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားမိတာကတော့ ကော့သောင်းမြို့မှာ နေထိုင်သူဦးရေက တစ်မြို့နယ်လုံး (ကျေးရွာတွေအပါ) ခြောက်သောင်းလောက်ရှိပါတယ်။ မြို့ပေါ်ရပ်ကွက်မှာ နေတာက နှစ်သောင်းကျော်လောက် နေပါတယ်။ ဆိုင်ခန်းပေါင်းတစ်ရာကျော်ရှိတဲ့ မြို့မဈေးကြီးလည်းရှိတယ်.... ရပ်ကွက်ဈေးတွေလည်း များစွာရှိတဲ့အပြင် အိမ်ဆိုင်တွေလည်း အများကြီး လမ်းမကြီးတစ်လျှောက်လုံးနီးပါး အိမ်ဆိုင်တွေ ရှိပါတယ်....။ ကျောက်မျက်ရတနာကနေ အိမ်ဆောက်ပစ္စည်း... လျှပ်စစ်ပစ္စည်း... အ၀တ် အထည်...၊ အိမ်သုံးပစ္စည်း စတဲ့ ယိုးဒယားမိတ် ပစ္စည်းတွေအပြင် တန်ဘိုးနည်း တရုတ်ပစ္စည်းနဲ့ ပြည်တွင်းဖြစ်ပစ္စည်းတွေ အကုန်ရနိုင်ပါတယ် ဒါမှ မဟုတ်ရင်လည်း ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လေးနဲ့ဖြစ်ဖြစ် ရနောင်းကို သွားပြီး လိုတာဝယ်လို့ရပါတယ်...။ တစ်ခုပဲရှိပါတယ်... တစ်လလုံးနေလို့မှ နှစ်ကြိမ်သာ ဈေးဦးပေါက်တဲ့ ဆိုင်ခန်းတွေတော့ ဈေးကြီးထဲမှာရှိနေပါတယ်....။ ဒါ့အပြင် ဈေးထဲက ဆိုင်ခန်းတွေရော... ရှိရှိသမျှ အိမ်ဆိုင်တွေရော... အားလုံး အခွန်ဆောင်ထားရပါတယ်.... အခွန်ဆောင်ပြီး ရောင်းချနေကြရပါတယ်....။ ဈေးပွဲတော်ဆိုတဲ့ နယ်လှည့်ဈေးသည်တွေကတော့.... ဘယ်မှာ အခွန်ဆောင်ထားသလဲ မသိပါဘူး...၊ ခဏခဏ လာနေပါတယ်။ ကျွန်တော်တို့ မြို့မှာတော့ ခေါင်းရွက် ဗျတ်ထိုးဈေးသည်တွေကအစ အနည်းဆုံး ဈေးကောက်ပေးရပါတယ်...။ ဒီလိုပေးဆောင်နေပေမဲ့လည်း VIP လာရင်တော့ စားစရာရှိသည်ဖြစ်စေ မရှိဖြစ်စေ လမ်းဘေး ဈေးသည်လေးတွေ နားပေးရပါတယ်ဗျာ...။ ဆိုင် ထွက်ခွင့် မရပါဘူး.... ဈေးပွဲတော်ဆိုတဲ့.... သူတို့လာလို့ ဒေသမှာ ရှားပါးပစ္စည်းလေးတွေ ၀ယ်ရခြမ်းရတယ်ဆိုရင်...။ ဒါမှမဟုတ် ပြည်တွင်းဖြစ် ပုစွန်ချဉ်...၊ ငါးချဉ်....၊ သနပ်ခါးတုံးလေးတွေ၊ နံ့သာဖြူ နံ့သာနီလေးတွေ... ကြက်သွန်ချဉ်၊ ဆီတို့ဟူး...၊ နှမ်းဖတ်ချဉ် လ္ဘက်စတဲ့ စားစရာတွေ... ဒါမှ မဟုတ်လည်း ယွန်းထည်လို၊ ပန်းပုရုပ်လေး တွေလို.... ရှမ်းရိုးရာ ကရင်ရိုးရာ အ၀တ်အထည်တွေလို ပစ္စည်းလေးတွေ လာရောက်ရောင်း ချပေးတယ်ဆိုရင်....၊ ဒါမှမဟုတ် ဈေးနှုန်းသက်သာပြီး အရည်အသွေးမကွာတဲ့ အိမ်သုံး၊ လူသုံးပစ္စည်းလေးတွေ ဆိုရင် ဘာမှ မပြောလိုပါဘူး...။ အခု လာရောင်းနေတာကတော့ ပေါပေါလောလော ပြည်တွင်းဖြစ်နဲ့ တရုတ် အ၀တ်အထည်လေးတွေရယ်...၊ ဈေးကွက်မ၀င်တဲ့ စတီးနဲ့ အိမ်သုံးပစ္စည်း လေးတွေရယ်လောက်ပဲ သေသေချာချာ တွေ့ရတယ်...။ တစ်ခုတော့ ရှိတာပေါ့..... ဆိုင်ခန်းခကတော့ တစ်ည တစ်သောင်းခွဲလောက် အထိ ကောက်ခံတယ်ဆိုပဲ... ဆိုင်ခန်းပေါင်းကတော့ (၄၀)လောက်ရှိမယ်။ သူတို့အတွက် မီးစက်တော့ လုပ်ပေးထားရတယ်တဲ့လေ....။ တစ်ခါလုပ်ရင် (၅)ညပဲထား... ကန်ထရိုက်ဆိုတဲ့ မောင်က ဘယ်လောက်ရပြီလဲဆိုတာ တွက်ကြည့်ပေါ့.......။ ဒီကြားထဲ တစ်ခါစီးရင်(၅၀၀) ဆိုတဲ့ ချားရဟတ်ရယ်... သင်္ဘောပုံလုပ်ထားတဲ့ ပင်လယ်ဓါးပြဆိုတဲ့ လှေကြီးရယ်ကလည်း ကလေးငယ်တွေရော... ကလေးကြီးတွေရော... ချမ်းသားမပေးဘူး။ ဈေးရောင်းတဲ့ သူတွေကလည်း ပြောမှာပေါ့.... ခင်ဗျားတို့က ဈေးကောက် ကောက်တာပဲ မြင်တယ်... ကျွန်တော်တို့ ဒေသရံပုံငွေ ဘယ်လောက်ထည့် ထားရတယ်ဗျ..´´ ဆိုပြီးတော့လေ... တကယ်သူတို့ပြောသလို ဒေသရံပုံငွေကောက်ခံပြီး ဈေးရောင်းခွင့်ပြုလို့ ရလားဆိုတာတော့ ကျွန်တော် သေသေချာချာ မသိပါဘူး... ရချင်လည်း ရနိုင်ပါတယ်...။ မရချင်လည်း မရဘူးပေါ့ဗျာ။ နောက်တစ်ခု ရှိသေးတယ်ဗျ..... ဈေးရောင်းပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ် ဒေသခံ တီးဝိုင်းက ချာတိတ် လေးတွေလည်း ဖျော်ဖြေတယ်.... နောက်ပြီး မိန်းမလျာဒန်ဆာတွေလည်း ဖျော်ဖြေတယ်.... 

 ဗရုတ်သုက္ခတွေအတွက်တော့ ပျော်ရွှင်စရာဖြစ်နေတာပေါ့။ ဒီဈေးရောင်းပွဲတော်ကြောင့် အခွန်ဆောင်ပြီး ရောင်းစားနေတဲ့ ဒေသခံ ဈေးသည်တွေ နစ်နာစေတယ်လို့ မြင်လာမိတယ်....။ မူးယစ်ဆေးဝါးခေတ်စားနေတဲ့ ကာလမှာ ကလေးတွေ အပြင်ထွက်စရာအ ကြောင်းဖြစ်နေတော့....အရွယ်ရောက်စ သားသမီးတွေရဲ့ မိဘတွေလည်း သားသမီးအတွက် စိတ်ပူရတယ်....။ ``မကျေနပ်ရင်ကိုယ့်သားသမီးကိုယ်ထိန်းပေါ့.... မလာစေနဲ့ပေါ့´´လို့ ပြန်ပြောရင်တော့ ရပါတယ်... ဒါပေမဲ့ ခက်နေတာက အခုလုပ်နေတဲ့ ဈေးပွဲတော်က မြို့ပြင် မြို့စွန်မှာ မဟုတ်ဘူးဗျ.... မြို့လည်ကောင်တည့်တည့်မှာ လုပ်နေတာ.... ဘုရင့်နောင်ကုန်းဘေးက ဘုရင့်နောင်ကွင်းလို့ အမည်တပ်ထားတဲ့ နေရာမှာ လုပ်နေတာလေ..... မသွားချင်လဲ မြင်နေရတယ်... မဖြတ်ချင်လည်း ဖြတ်နေရတယ်... ဒီထက်ဆိုးတာ တစ်ခု ရှိသေးတယ်...။ ဖေဖော်ဝါရီလထဲမှာ တက္ကသိုလ်ဝင်တန်း မဟုတ်တဲ့ ကလေးတွေ စာမေးပွဲ ဖြေကြရတော့မယ်......။ အခု လက်ရှိ တက္ကသိုလ် ၀င်တန်းတွေအတွက် မြိတ်တက္ကသိုလ်က ပါမောက္ခတွေ..၊ ကတိကတွေလာပြီး ကလေးတွေ အားနည်းတဲ့ ဘာသာရပ်မလိုက် စာသင်ပေးနေကြပြီ.... ဒါကလည်း ကျွန်တော်တို့မြို့ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာလေးပေါ့ဗျာ......။ နောက်ပြီး အထက(၁)မှာလည်း ညနေ(၆)နာရီကနေ ည(၁၀)နာရီအထိ စာကြည့်ဝိုင်းလေး လုပ်ပေးထားပြီး ဆရာ/ဆရာမတွေက ကြီးကြပ်ပေးနေ ကြပြီ.... အခုရက်ပိုင်းအတွင်းမှာပဲ ပညာရည်ချွန်ဆု ချီးမြှင့်ပြီး ကျောင်းသား၊ မိဘ၊ ဆရာစတဲ့ သူတွေ စုံစုံညီညီ တွေ့ဆုံတဲ့ စုံညီပွဲတော်တွေလည်း ကျင်းပနေ ကြပြီ.....။ ဒါကတော့ ကျောင်းသူ ကျောင်းသားတွေကို ဆုရခြင်းဆိုတဲ့ ဂုဏ်ကိုဖော်ပြပြီး အားကျ ကြိုးစားအောင် စည်းရုံးဆောင်ရွက်မှုလေးလို့ မြင်ပါတယ်။ ဒါဟာလည်း ပညာရည်မြှင့်တင်မှု ကဏ္ဍတစ်ရပ်ပါပဲ......။ နောက်ပြီး ကျူရှင်တွေဆိုရင်လည်း အရင်ကထက် အချိန်တိုးသင်တာတွေ တစ်ချိန် နှစ်ချိန် ပိုသင်တာတွေ လုပ်လာ နေကြပါပြီ....။ ကလေးတွေ ပညာရေးအတွက်ပေါ့ဗျာ....။ ကလေးတွေ ပညာရည်တိုးတက်ဖို့ အတွက် မိဘရော ဆရာရော... ကျောင်း သားတွေရော.... အားသွန်ခွန်စိုက် ဆောင်ရွက်နေကြချိန်မှာ ဒီဈေးပွဲတော် ဆိုတဲ့ မြင်ကွင်းကိုတော့ မကြည့်ချင်တာ အမှန်ပါပဲ... တာဝန်ရှိသူများအနေဖြင့်..... ပြန်လည်သုံးသပ်နိုင်စေရန်နှင့် စာမေးပွဲကာလကို ရင်ဆိုင်နေရတဲ့ ကလေးတွေအတွက် ဈေးပွဲတော်ကို ဆင်ဆင်ခြင်ခြင်သာ ခွင့်ပြုသင့်ပါကြောင်း တိုက်တွန်းရင်း...... (ကွန်ဆူးမား)(၂၃-၂-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...