Tuesday, January 8, 2013

မင်းတို့ဗိုလ်ချုပ် တို့ဗိုလ်ချုပ်


၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့၊ ဗမာ့လွတ်လပ်ရေးနှစ်ပတ်လည်နေ့ပွဲတော် ရောက်ရှိ လာခဲ့ပေပြီ။
၂၀၁၃ ခုနှစ် ဤနှစ်သည် ဗမာ့လွတ်လပ်ရေးရသည့် ၆၅ နှစ်မြောက်နေ့ ဖြစ်ပေသည်။ "လွတ်လပ်ရေးရဲ့ ရလဒ်၊ လွတ် လပ်ရေးရဲ့ အသီးအပွင့်တွေ ဘယ်မှာလဲ" စသည့် ပြည်သူတို့၏ စကားများမှာ ယခင်က ကျွန်ုပ်တို့ အကြိမ် ပေါင်းများစွာ ကြားဖူးခဲ့သည့် ပဲ့တင်သံ များသာဖြစ်နေပေသေးသည်။
ထို့ပြင် ဗမာ့လွတ်လပ်ရေးပိသုကာ၊ ဗိုလ်ချုပ်အောင်ဆန်း၏
ထင်ရှားကျော်ကြားသည့် မိန့်ခွန်းများသည် ပရိသတ်များ၏အသဲနှလုံးထဲတွင်
ပဲ့တင် ရိုက်ခတ်နေသည်ကို တွေ့ရှိရပေသည်။
"တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးက လွတ်လပ်တယ်ဆိုပေမယ့်
ဟိုလူ့မြင်လည်း မျက်နှာချိုသွေးရ ဒီလူ့မြင်လည်း မျက်နှာချိုသွေးရ
“ဖာသည်လိုနိုင်ငံ” ပဲဖြစ်နေမယ်ဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ကြပါ"။
ဗိုလ်ချုပ်၏ ပြောဆိုမှုများက "မလုပ်ခင် သေချာတွေး" ရန် ကျွန်ုတို့အား သတိ
ပေးပြောကြားနေပေသည်။
ဗိုလ်ချုပ်၏ စိတ်ထားကြီးကျယ်မြင့်မြတ်မှု (၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၃
ရက်နေ့၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ပြောကြားသည့်
ဗိုလ်ချုပ်၏သမိုင်းဝင်မိန့်ခွန်းအပြည့်အစုံကို ကြည့်ပါ။
ကျနော်မှတ်မိသလောက်တော့ ဒီလိုခါးသည်းချိုမြိန်တဲ့ ဒါမှမဟုတ် ချိုမြရှတတဲ့
အမှတ်တရလက်ဆောင် တွေထဲက အလွန် လေးစားဖွယ်ကောင်းတဲ့ဗိုလ်ချုပ်ကတော်
ဒေါ်ခင်ကြည် ကိုယ်တိုင်ပြောတဲ့ စကား ပဲ့ တင်သံတွေကို ယခုတိုင်
ကြားယောင်နေမိပါတယ်။ အဲဒီအထဲမှာ သူ့ရဲ့ ပထမဆုံးစကားကတော့ ဗိုလ်ချုပ်
အောင်ဆန်းအကြောင်း ကျနော့်ကို ပြောတဲ့အခါမှာ "မင်းတို့ဗိုလ်ချုပ်"
ဆိုပြီး သုံးပါတယ်။ သူက ဆက်ပြီး မင်း တို့ဗိုလ်ချုပ်က အင်္ဂလိပ်စတိုင်
ခန့်ခန့်ငြားငြား ၀တ်စုံကို ၀တ်ရမှာ သိပ်စက်ဆုပ်တယ်။ အထူးသဖြင့်
သူတို့ရဲ့ ဆောင်းရာသီဝတ်စုံထူထူကြီးကို မ၀တ်ချင်ဘူး။ လို့ ပြောပါတယ်။
သူ့ အကြောင်းပြချက်ကတော့ သူဟာ ဗြိတိ သျှကိုလိုနီအုပ်ချုပ်ရေးအောက်က
အင်္ဂလိပ်ကျွန်ဖြစ်တဲ့ ဗမာပြည်သား တယောက် ဖြစ်နေတဲ့အတွက်ကြောင့် လို့
ပြောပါတယ်။ နောက်ထပ်အကြောင်းတခုကတော့ ကိုလိုနီတွေရဲ့ကျွန်ဝတ်စုံကို
ဝတ်ပြီး ဗမာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှအင် ပါယာကို သွားတောင်းဖို့ ဆိုတာ
"ဘယ်လိုမှ မဖြစ်ဘူး" ဆိုတာပါပဲ။ သူဟာ ဒီလို ရှေး မူမပျက် စံနမူနာတွေကို
လိုက်လုပ်ဖို့ မနှစ်မြို့ပါဘူး။
နောက်ပြီး သူ့ရဲ့ဒီအပေါ်ကုတ်အင်္ကျီကို ဗမာပြည်မှာချုပ်ဖို့ပဲ
ရည်ရွယ်ထားပါတယ်။ ကျနော်ဟာ သူ့ရဲ့ဝံသာနု စိတ်ဓါတ်ကနေ သင်ခန်းစာတခု
ရခဲ့ပါတယ်။ အဲဒါကတော့ လူတယောက်ရဲ့ ပင်ကိုယ်မျိုးနွယ်မူလဇစ်မြစ်ကို
ထိန်းသိမ်းရမယ်ဆိုတဲ့ အသိပါပဲ။ ဗိုလ်ချုပ်ဟာ သူ့နိုင်ငံသားတွေကို
တာဝန်သိစိတ်နဲ့ ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတဲ့နည်းလမ်းကို ပြသချင်ခဲ့တာပဲ
ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်ဟာ ရန်ကုန်မြို့က ၀တ်လုံကြီး ဦးလေး
ဦးရွှေဘော်နဲ့ တွေ့ဖို့ အခွင့်အလမ်းတခု ရခဲ့ပါတယ်။ ဒါဟာ
တကယ့်အဖြစ်အပျက်ဆိုပြီး သူက ကျနော့် ကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟာလာနေရူးက ဆောင်းရာသီ
ဝတ်စုံကုတ် အင်္ကျီကြီး ၀တ်ဖို့ပေးတာကို ငြင်းပယ်ခဲ့တယ်။ ဆိုတဲ့
စကားတွေလည်း ကြားဖူးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့
ရိုးသားဖြောင့်မတ်မှန်ကန်တဲ့ လူတယောက်ဖြစ်ဖို့ဆို
နှုတ်စလျှာစကောင်းယုံသက်သက်၊ ရုပ်ရည်သွင်ပြင်ချော
မွေ့ပြေပြစ်ယုံသက်သက်သာမကဘဲ၊ မနာလိုဝန်တိုစိတ်ကင်းခြင်း၊ အတ္တ
တကိုယ်ကောင်းစိတ် မထားခြင်း၊ မုသာဝဒါဆိုတဲ့ လိမ်ညာပြောဆိုမှုကင်းခြင်း
စတာတွေနဲ့ ပြည့်စုံရမယ်၊ ဆိုတဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရား တော်ထဲကက
မဟာမင်္ဂလသုတ် တွေက ကျနော့်အသိတွေကို ပိုမို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။
ဘယ်လောက် ရိုးသားဖြောင့်မတ်တဲ့ တို့ဗိုလ်ချုပ်ပါလဲ။ အကြွင်းမဲ့နှိုင်းတုမရ
လို့ ပြောရပါမယ်။
အန်တီဒေါ်ခင်ကြည်ရဲ့ စကားတွေထဲက ဒုတိယကတော့ " သူ လန်ဒန် ကိုရောက် ရင်
အစည်းအဝေး တခုမှာ မိန့်ခွန်းပြောဖို့ ရှိတယ်။ ညနေတိုင်း
မင်းတို့ဗိုလ်ချုပ်က မိန့်ခွန်းကို ရေးပြီး လက်တွေ့ကျင့်တယ်"။
အစည်းအဝေးမတက်ခင်မှာ သူ့စာတမ်းကို ဥပဒေရှုဒေါင့်ကကြည့်ရင်
ခိုင်ခိုင်လုံလုံဖြစ်အောင်၊ အဆင်သင့်ဖြစ် အောင် ကိုယ်တိုင်ပဲ လုပ်ခဲ့တယ်။
ဆိုတာကို အန်တီတွေးနေမိတယ်"။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒါတွေဟာ
ကျနော် တို့အားလုံးအတွက် သင်ခန်းစာကောင်းတွေပါပဲ။ တောင်ကြီးတွေဆီက
ကျယ်ကျယ်လောင် ပီပီသသ ပြန်လည်ရိုက်ခတ်လာတဲ့ ပဲ့တင်သံအလား သူ့ရဲ့
ထင်ရှားကျော်ကြားတဲ့မိန့်ခွန်းတွေကို ကျနော်တို့ အားလုံး အခုထိ
ကြားနေနိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့အသိပညာ အသံအားအင်ဟာ ဘယ့်ကလောက် ကြီးမား
သန်စွမ်းလှသလဲဆိုတာ ကျနော့်ကိုယ် ကျနော် ပြန်ပြောမိပါတယ်။ နောက်ပြီး
အန်တီဒေါ်ခင်ကြည်က ဆက် ပြောပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်က
သူ့ကိုဒီလိုမေးတယ်။ "အောင်ဆန်း မင်းလန်ဒန်ကို လာပြီး ဗမာ့လွတ် လပ်ရေးကို
တောင်းတယ်။ ဟုတ်ပြီ်။ ဒါပေမဲ့ မင်းမှာ စစ်တပ်တောင်မရှိဘူး။ မင်းအနေနဲ့
မင်းတို့နိုင်ငံမှာ အခုထိ ကိုယ်ပိုင်စစ်တပ်တောင်
ဖွဲ့စည်းထူထောင်ထားတာမရှိဘူး" တဲ့။ ဒီတော့ ဗိုလ်ချုပ်က မဆိုင်းမတွ ပြန်
ပြောလိုက်တာကတော့။ "ဟုတ်တယ်၊ မှန်တယ်။
ငါတို့နိုင်ငံမှာကိုယ်ပိုင်တပ်မတော်တခု မရှိသေးဘူး၊ ဒါပေမဲ့ ကျနော်
ခင်ဗျားကိုပြောချင်တာက ဗမာပြည်သားတွေအကုန်လုံးဟာ ကျနော်တို့တပ်မတော်က
စစ်သားတွေ ဖြစ်တယ်" တဲ့။ ဗြိတိသျှဝန်ကြီးချုပ်ကို သူ အဖြေပေးပုံပေးနည်းက
တပ်မတော်မှာ သုံးတဲ့ အချက်ပြခရာသံ တခုလို ဖြစ်နေပါလားလို့။ ကျနော်
တွေးမိပါတော့တယ်။
ကျနော်တို့က ၀ရံတာရှေ့မှာ ထိုင်နေချိန် တတိယအနေနဲ့ နောက်ထပ်တခု
မပြောခင်မှာ အန်တီဒေါ်ခင်ကြည် ဟာ ထပြီး ဧည့်ခန်းဆီကို ဖြည်းဖြည်း
လမ်းလျှောက်သွားပါတယ်။ သူ အထဲဝင်သွားပြီး သူ့လက်ထဲမှာ အနက် ရောင် ကစားစရာ
ကားရှည်ရှည် လေးတစီး ကိုင်ကာ ပြန်ထွက်လာပြီး ကျနော့်ကို ပြောပါတယ်။ "
ဒါကတော့ အန်တီ့အိမ်မှာ ကျန်နေတဲ့ တခုတည်းသော ကစားစရာအရုပ်လေးပါပဲ၊
မင်းတို့ဗိုလ်ချုပ် အင်္ဂလန်သွားတုန်းက အန်တီက ကလေးငယ်တော့
စောင့်ရှောက်နေရတော့ အန်တီ့ညီအစ်မတွေထဲက တယောက်က သူနဲ့အတူပါ သွားတယ်၊ သူက
မင်းတို့ဗိုလ်ချုပ် မသိဘဲ ဒီအရုပ်လေးယူလာပြီး သူ့သေတ္တာထဲကို ထဲ့လိုက်တယ်၊
ဗိုလ်ချုပ် အိမ်ပြန်ရောက်လာတော့မှပဲ ဒီအရုပ်ကလေး ပါလာမှန်း သိတော့တယ်"။
အန်တီရဲ့မိခင်မေတ္တာစကားတွေ ကြားရပြီး သူပြနေတာကို မြင်ရတော့
ကျနော့်မျက်လုံးထဲမှာ မျက်ရည်စို့လာ ပါတယ်။
ကျနော့်စိတ်တွေမတည်မငြိမ်ဖြစ်နေပေမဲ့လည်း ဒီစကားတွေထဲက ကျနော်
နိဂုံးချုပ် ကောက်ချက်ချ နိုင်ခဲ့ပါတယ်။ ဒါကြောင့် တို့ဗိုလ်ချုပ် က
အမျိုးသားသူရဲကောင်း ဖြစ်နေတာကိုး၊ သူ့ရဲ့ရိုးသား ဖြောင့်မတ်တဲ့ ၊
သူ့နိုင်ငံသူနိုင်ငံသားတွေအပေါ် ရိုးသားဖြောင့်မတ်မှုကို အစွန်းအထင်းမရှိဘဲ
အပြောနဲ့အလုပ်နဲ့ ညီတဲ့ ကျင့်ကြံ မှုကြောင့် သူဟာ ဒီကနေ့အထိ
ထင်ရှားကျော်ကြားနေဆဲ ဖြစ်တယ်ဆိုတာပါပဲ။ ကျနော်တို့ ဗမာပြည်ရဲ့ ဖခင်
ဗိုလ်ချုပ်လို လေးစားကြည်ညိုဖွယ်ကောင်းတဲ့ ဗိုလ်ချုပ် ကို
ချစ်ခင်မြတ်နိုးမှုအပေါင်း နဲ့အတူ ကျနော် ဦးညွှတ် အရိုအသေ ပြုလိုက်ပါတယ်။
၁၉၅၀ခုနှစ်၊ ကျနော် အသက် ၁၄နှစ်က မင်္ဂလာဒုံ၊ ဗမာ့တပ်
မတော်လေ့ကျင့်ရေးတပ်၊ "ရဲညွှန့်တပ်ခွဲ"၊မှာ ၀င်တုန်းက
နိုင်ငံတော်အလံတော်၊ ဗိုလ်ချုပ်နဲ့အာဇာနည်ကြီးတွေ ကို အရို အသေပေး၊
အလေးပြုဖို့ ကျနော်တို့ သင်ရပါတယ်။ ကျနော့်အတွက်ဘယ်တော့မှ
မေ့လို့မရပါဘူး။ ပြန်တွေးကြည့်တော့ ခေါင်းဆောင်မှုအနုပညာ ဆိုတာဟာ
အတိုချုပ်ပြောရရင် တယောက်တယောက်ကို တခုခုလုပ်ဖို့
အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ လုပ်ဖို့ ဆွဲဆောင်စည်းရုံးတာပဲ
ဖြစ်ပါတယ်။ အနုပညာမဟုတ်တာ ဘာများ ရှိပါသလဲ။
အောက်မှဖော်ပြထားတွေကတော့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်ထဲက
မဟာမင်္ဂလသုတ်မှာ ဖော်ပြ ထားတဲ့ ခေါင်းဆောင်အားလုံးမှာ ရှိသင့်တဲ့
အရည်အသွေး ခြောက်ရပ် ဖြစ်ပါတယ်။
၁။ သည်းခံခြင်း၊ ၂။ နိုးနိုးကြားကြားရှိခြင်း ၃။ လုံ့လ၀ိရိယရှိခြင်း။
၎။သဘောထားကြီးခြင်း ၅။ ကိုယ်ချင်းစာ စိတ်ရှိခြင်း၊ ၆။
စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးခြင်း။ စတာတွေ ဖြစ်ပါတယ်။
၁၉၇၀စု အစောပိုင်းက ဗိုလ်ချုပ်ကတော် အန်တီဒေါ်ခင်ကြည်နဲ့ အဲဒီလို
တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့တာကတော့ ၁၉၉၁ခုနှစ် နိုဗဲလ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဆိုတာ
ကျနော် ရိုးသားစွာ ၀န်ခံပြောဆိုလိုပါတယ်။
ကျနော်တို့ချစ်ခင်မြတ်နိုးတဲ့ အမိဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
စစ်မှန်တဲ့အမြင်သဘောထား ကွဲလွဲသူ များ (၎င်းတို့အစိုးရတွေနဲ့သဘောထား
ကွဲလွဲပြီး အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သူများ) ခေါင်းဆောင် တဲ့
စစ်မှန်တဲ့ဒီမိုကရေစီ ၊ "ဒုတိယလွတ်လပ်ရေး" "အကြမ်းမဖက်တော်လှန်ရေး" ဟာ
အနှေး နဲ့အမြန် အောင်ပွဲဆီကို ရောက်ရှိလာနိုင်ပါစေ။
ငြိမ်းချမ်းမှု၊ ခင်မင်မှုများဖြင့်
အောင်ကို (Beyond Rangoon)

Xxxxxx
နားကပ်မပန်တဲ့ ကျနော်တို့ရဲ့ ဗိုလ်ချုပ်ကတော်

နားကပ်မပန်တဲ့ ကျနော်တို့ရဲ့ ဗိုလ်ချုပ်ကတော် အန်တီ ဒေါ်ခင်ကြည်။
ဖြစ်ရပ်။ ၁၉၅၀ခုနှစ် အသက် ၁၄နှစ်မှာ ကျနော် မင်္ဂလာဒုံက
"ဗမာ့တပ်မတော်လေ့ကျင့်ရေးတပ်ဖွဲ့"၊ "ရဲညွန့်တပ်ခွဲ" ကို
စတင်ဝင်ရောက်ချိန်က ကျနော်တို့အားလုံးဟာ "ဗိုလ်ချုပ်" "ဗိုလ်ချုပ်ကတော် "
နဲ့ "ဗိုလ်ချုပ်သမီး" ဆိုပြီး ဗမာပြည်သား တွေ အားလုံး ခေါ်သလိုပဲ
တမြတ်တနိုးချစ်ခင်လေးစားမှုနဲ့ ခေါ်ကြပါတယ်။ ဒါဆို ဒီအမည်အမှတ်သညာတွေက
ဘယ်သူ တွေကို ရည်ညွှန်းတယ်ဆိုတာ ဗမာပြည်သားတိုင်း ကောင်းကောင်းသိကြပါတယ်။
တို့ဗိုလ်ချုပ်လို့ ခေါ်တာက တိုင်းပြည်မှာ ဘယ်သူနဲ့မှမတူ တမူထူးခြားတဲ့
ဗိုလ်ချုပ်ကြီးအောင်ဆန်းကို ဆိုလိုတာပါ။ ဗိုလ်ချုပ်ကတော် လို့ဆိုတာက
ဗိုလ်ချုပ် အောင်ဆန်းရဲ့ဇနီးဖြစ်ပြီး၊ ဗိုလ်ချုပ်သမီး ဆိုတာက သူတို့သမီး
ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတယ်၊ ဆိုတာ လူတိုင်းသဘောပေါက်ကြပါတယ်။
နှစ်စဉ် ရေဒီယိုကနေ ထုတ်လွှင့်တဲ့ ဥသြသံရှည်နဲ့အတူ "အမေ" "အမေစု" ရဲ့
ဝမ်းနည်း စရာကောင်းတဲ့အသံကို ကျနော်တို့ကြားရတော့ ဒါ...
ဗိုလ်ချုပ်အမေရဲ့အသံမှန်း လူတိုင်း သိကြပါတယ်။ ဗိုလ်ချုပ်အောင် ဆန်း
အမေဆိုပေမဲ့လည်း ကျနော်တို့အားလုံးကလည်း "အမေစု" လို့ပဲ ခေါ်ကြပါတယ်။
ဒီကနေ့မှာတော့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ "အမေစု"
ဖြစ်လို့လာပါပြီ။ တိုင်းပြည်ရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ ငယ်ရွယ်သူတွေက
သူမကို ချစ်မြတ်နိုးမှုနဲ့ "အမေစု" ဆိုတဲ့ ဂုဏ်ယူဘွယ်ကောင်းတဲ့
အလားတူဘွဲ့ကို ပေးလိုက်တာလည်း ဖြစ်ပါတယ်။
သမိုင်းတကျော့ပြန်လည်တတ်ပါတယ်။ (ဒါမှမဟုတ်၊ ဘာမှ
ကြားဖူးနားဝမရှိတဲ့အကြောင်းအရာအတွက် သမိုင်း တပတ်ပြန် မလည်တော့ဘူးလား)။
သမိုင်းဝင်ဖြစ်ရပ် တွေဟာ သူတို့အစစ်အမှန်အတိုင်း ရှိနေတတ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်ပြီး ရှေးဟောင်းသဘာဝဥပဒေသ အဆိုအရ "
မိမိတို့ပြုသမျှအရာအားလုံးကို မိမိတို့ မပျက်ပြယ်စေနိုင်ပါဘူး" ဆိုတာကို
ကျနော်တို့ သင်ကြားဘူးပါတယ်။
အတိတ်ကပဲ့တင်သံ။ ကျနော်သတိထားမိသလောက် ဗိုလ်ချုပ်ကတော်
အန်တီဒေါ်ခင်ကြည်ကို ဘယ်တော့မှ နားကပ် ပန် တာ မတွေ့ရပါဘူး။ ဒါ့ပြင်
ဆွဲကြိုး၊ လက်စွပ် စတာတွေလည်း ၀တ်တာ မတွေ့ရပါဘူး။ ဘာ့ကြောင့်လဲ ဆိုတာ
ကျနော် အံ့ အားသင့်မိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကတော် အန်တီဒေါ်ခင်ကြည်
သက်ရှိထင်ရှားရှိစဉ်တုန်းက သူကိုယ်တိုင် ကျနော့်ကို
ထုတ်ဖော်ပြောဆိုခဲ့ဖူးတာကို ကြားရတော့ လုံးဝအံ့သြစရာမဟုတ်တော့ပါဘူး။
"မင်းတို့ဗိုလ်ချုပ်နဲ့လက်ထပ်တဲ့ နေ့ကတည်း ကစပြီး ဒါတွေ ၀တ်ဖို့
ဘယ်တော့မှ အခွင့်အရေး မရတော့ပါဘူး၊ မင်းတို့ဗိုလ်ချုပ်က ဒါတွေမ၀တ်ဖို့
ပိတ်ပင်လိုက်လို့ပါပဲ" လို့ အန်တီက ပြောပါတယ်။ သူ့နိုင်ငံသားတွေအပေါ်
ဘယ်လောက်ရိုးသား၊ ဘယ်လောက်နှိမ့်ချ၊ ဘယ်လောက် ပွင့်လင်း
ပြီးရိုးဖြောင့်လိုက်ပါသလဲ လို့ ကျနော့်ကိုယ်ကို ကျနော် ပြောမိပါတယ်။
ကျနော် အရမ်းခံစားရပါတယ်။ ဒါပေမဲ့ စိန်နားကပ် ရောင်နဲ့ပါးပြောင်တာ
မဟုတ်ပါဘူးလေလို့ ဆိုပြီး ကျနော့်ခံစားစိတ်ကို ဖြေသိမ့်ဖို့
ကြိုးစားလိုက်ရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
ရိုးသားဖြောင့်မတ်မှုဟာ သာမန်မဟုတ်ပါလား။ လို့ ကျနော့်ဖာသာ ကျနော်
ပြောမိပါသေးတယ်။ ထပ်ပြီးတော့လည်း ထူးခြားတဲ့ပြည်သူလူထုအကြောင်းတွေးပြီး
ဖြေသိမ့်ရပါတယ်။
အန်တီဒေါ်ခင်ကြည်ဟာ တိုင်းပြည်ရဲ့ အကြီးအကဲ ကတော်ဖြစ်ပြီးအခုထိ
ဗိုလ်ချုပ်ရဲ့ဆန္ဒတွေကို မသွေဖီဘဲ ကျင့်ကြံအား ထုတ် နေထိုင်ခဲ့ပါတယ်။
ဗမာ့ယဉ်ကျေးမှုအရဆို ဗမာအမျိုးသမီးတယောက်နဲ့နားကပ်ဆိုတာဟာ လိုက်ဖက်ညီတဲ့
စုံတွဲဖြစ် ပါတယ်။ ဗမာပြည်မှာ နားကပ်ဝတ်တယ်ဆိုတာဟာ
သာမန်ကျေးတောသူအတွေအတွက်တောင်မှ ထူးဆန်းလှတာ မဟုတ် ပါဘူး။
ဒါပေမဲ့ ကျနော်တို့ဗိုလ်ချုပ်အောင်ဆန်းအတွက်တော့
ကျနော်နားလည်သလောက်ပြောရရင် တဖက်မှာ သူကိုယ်တိုင်နဲ့သူ့ ဇနီးဟာ
စံနမူနာကောင်းတရပ် ပြခဲ့တာလို့ ဆိုရမလို၊ တခြားတဖက်မှာလည်း သူပြောတာကို
နမူနာပေးရမယ်ဆိုရင် "တပ်မတော်ဟာ ပြည်သူ့အတွက်ပဲ ဖြစ်ရမှာ ဖြစ်ပြီး၊
ပြည်သူတွေဟာ တပ်မတော်အတွက်မဖြစ်ရဘူး" ဆိုတာပါပဲ။ ဝေနေ
ယျသတ္တ၀ါအားလုံးအပေါ်ထားရှိတဲ့ ဗိုလ်ချုပ်ရဲ့ရှင်သန်နေတဲ့အကြင်နာမေတ္တာတွေ
အဓွန့်ရှည်ပါစေ။
ဓမ္မနီတိ။ Honesty pays. The Dhammaniti" : "The ear shines on account of
its hearing, not account of an earring; the hand by a gift, not by a
bracelet; the person of one exalted shines by his goodness to others,
not by the application of sandal-wood"; [LOKANITI, translation by
James Gray, 1886, or the Niti literature of Burma, section XX, 262].
[နားရွက်သည်နားထောင်ခြင်းအတတ်ပညာနှင့်တောက်ပြောင်သည်၊
နားကွင်းနားကပ်အရှိန်အဝါကြောင့်မဟုတ်ပေ။ ဤနည်းတူ လက်သည်လည်း
လက်ဆောင်ပေးခြင်း ရက်ရောမှုကြောင့်တောက်ပြောင်သည်၊ လက်ကောက်
လက်ဝတ်တန်ဆာဝွတ်ဆင်ခြင်းကြာင့်မဟုတ်ပေ။ဂုဏ်သရေသိက္ခာနှင့်ပြည့်စုံသော၊အဆင့်အတန်းမြင့်သောသူတဦးတယောက်သည်လည်းသူ၏မေတ္တာစေတနာရှေ့ထား၍သူများတွေရဲ့ကောင်းကျိုးအတွက်လုပ်ဆောင်ပေးတတ်သည့်ကောင်းသောဂုဏ်အင်္ဂါ
နှင့် ပြည့်စုံခြင်းကြောင့်တောက်ပြောင်သည်၊စန္ဓကူးနံ့သာဆီလိမ်းကျံခြင်းကြောင့်မဟုတ်ပေ။အထူးကျွမ်းကျင်သူ၏ဘာသာပြန်မဟုတ်ပါကြောင်းဝန်ခံပါသည်။
အောင်ကို].
ကျနော့ဘ၀မှာ ကျနော်တို့အလွန်လေးစားတဲ့အန်တီဒေါ်ခင်ကြည်နဲ့ တွေ့ရဖို့
ရှားရှားပါးပါး အခွင့်အရေးရခဲ့တာဖြစ်လို့ အန်တီဒေါ်ခင်ကြည်ဆီက တိုက်ရိုက်
ကြားခဲ့တဲ့ အပိုင်းတပိုင်းကို ကျနော်ပြောပြပါမယ်။ ဒါဟာ တကယ်တော့ ၁၉၇၀
စုနှစ်စောစောပိုင်းကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်၏ကျေးဇူးကြောင့် ရခဲ့တဲ့
အဖိုးထိုက်တန်လှတဲ့ လက်ဆောင်တခု ဖြစ်ပါ တယ်။
ကျနော်တို့ရဲ့ဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ဇနီး
အန်တီဒေါ်ခင်ကြည်တို့ ပြီးမြောက်အောင် မြင်အောင် လုပ်ဆောင်ခဲ့သမျှတွေ
ရှေ့မှောက်မှာ ကျနော် လေးစားချစ်ခင်စွာ ဦးညွှတ်အရိုအသေ ပေးလိုက်ပါတယ်။
ငြိမ်းချမ်းမှု၊ ချစ်ခင်မှုအပေါင်းဖြင့်

အောင်ကို (Beyond Rangoon)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...