သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁)
သစ်ထူးလွင်
|
- မြိတ်မြို့ အမှတ်(၄) နယ်မြေ ရဲစခန်းမှ ခြိမ်းခြောက်ပြီးငွေညှစ်
- ဂျိုး ပျံရင် သစ်ငုတ်ကျန်သော်လည်း တရုတ်ပြန်ရင်တော့ ငုတ်မြစ်ပါမကျန် ဖြစ်နေတဲ့ မဘိမ်းမြို့လေး
- မင်းလှမြို့နယ်တွင်း ရေနံစိမ်းများကို မှောင်ခိုကုန်သွယ်နေခြင်း
- ဆက်သွယ်ရေးရုံးများ၌သာ ရောင်းချမည့် တစ်သိန်းနှင့် တစ်သိန်းနှစ်သောင်းတန် ဖုန်းကဒ်များ
- နိုင်ငံရေးပါတီ ဆွေးနွေးချက်များအား အစိုးရထံ တင်ပြပေးမည်ဟု ဦးတင်အေးပြောကြား
- ၆၅ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားတွင် သီးလေးသီး အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှု (ရုပ်/သံ)
- လာမည့်လွှတ်တော်တွင် ဒီမိုကရေစီနှင့် ကိုက်ညီသည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ဟုဆို
- တရုတ်နိုင်ငံဘက် ဗုံးတွေ ကျလို့ မြန်မာကို ကန့်ကွက်
- ဇန်န၀ါရီလ (၃)ရက်နေ့ ထုတ် ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၂၇
- ဇန်န၀ါရီလ (၃)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၁)
- ဇန်န၀ါရီလ (၄)ရက်နေ့ ထုတ် Focus Online Issue 23
- Focus Online Academy Special Issue စာအုပ်
- (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား (ရုပ်/သံ)
- ကလေးတွင် လူသတ် တရားခံပြေး အသတ်ခံရ
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကော့သောင်းမြို့ မှ ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်ပွဲ
- အိမ်မဲမြို့မှ ဘိုးဘပိုင်မြေ အမှုတွဲ(၂)ခုအား စုံစမ်းရေးကော်မရှင်အဖွဲ့လာ ရောက်စစ်ဆေး
- ပဲခူးမြစ်ကူး တံတားထိပ်တွင် ဟိုင်းလတ်တစီး ဖ၇ိန်ကျိုးကြ
- ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတင်ဦး အမှာစကား (အသံဖိုင်)
- ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည် အမှာစကား (အသံဖိုင်)
- စီးပွားရေးအခက်အခဲများကြောင့် အရွယ်မရောက်သေးသူများ လုပ်ငန်းခွင်သို့ ရာက်ရှိနေ
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ
- ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO, KIA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်း
- မြစ်ကြီးနားမြို့ပေါ်တွင် ဖုန်းအလုံးရေ ငါးသောင်းကျော် လိုင်းဆက်သွယ်ရေး ပြတ်တောက်
- တစ်ဦးနှင့်တစ်ဦး နားလည်မှု မပေးနိုင်လျင် စစ်မှန်သော ဒီမိုကရေစီ မထူထောင်နိုင်
- ၆၅ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနား (ရုပ်/သံ)
Posted: 04 Jan 2013 06:57 AM PST
(၂.၁.၂၀၁၃)ရက်နေ့  နံနက် ၅း၃၀ အချိန်တွင် မြိတ်တောင်နယ်မြေ မီးသွေးဖောင်း လမ်းနေ ကိုကျော်ထွန်းမှာ ဆိုင်ကယ်ဖြင့် စက်ဝင်းရင် ဦးမြတ်လေးလမ်း အတိုင်းမောင်းနှင်လာရာ (ဂရင်း)မင်္ဂလာခန်းမ ရှေ့ တွင် အမည်မသိ လူ(၃)ယောက် မှ ကိုကျော်ထွန်းအား ဝင်ရောက် ထိုးသတ်ခဲ့ ကြောင်း သိရပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 06:40 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ်အတွင်း တရားမ၀င်သစ်များ စည်ကမ်းမဲ့စွာ ခုလဲရောင်းဝယ်နေကြပါသည်။ တရုတ်လောပန်း များသည်ကျွန်သစ်လုံး၊ ကျွန်းသစ်ခွဲသား၊ သံမလန်းသစ်လုံး၊ ဓါးရွှေတုံးများ၊ ပိတောက်သစ်လုံးများ၊ ပိတောက်ငုတ်ရင်းမြစ်များ၊ ကျွန်းငုတ်ရင်းမြစ်များ၊ အချပ်ပြား(မီတာပြား)များကို သူခိုးဈေးနှင့် ၀ယ်ယူနေကြပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 06:21 AM PST
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင်းရှိ ဒဟတ်ပင်ရေနံမြေ အနီးအနား တစ်ဝိုက်တွင် တရားမ၀င် ရေနံစိမ်းများကို မှောင်ခို ကုန်သွယ် နေကြောင်းသိရသည်။ အဆိုပါ ရေနံစိမ်း မှောင်ခို ကုန်သွယ်နေခြင်းကို မင်းလှမြို့နယ် ရေနံမဒေသရှိ စည်ပင်ရွာ၊ ကုန်းသွန်းရွာ၊ ညှင်းသွန်းရွာ အနီးတစ်ဝိုက်တွင်၎င်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 05:40 AM PST
ဇန်န၀ါရီလ ဒုတိယ အပတ်အတွင်း ထွက်ရှိမည့် တန်ဖိုးနည်း မိုဘိုင်း ဖုန်းကဒ်များအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံး များ၌သာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ GSM ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှင့် WCDMA ဖုန်းကဒ်အတွက် ကျပ်တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ရောင်းချ မည်ဖြစ်ကြောင်းနှင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 05:35 AM PST
နိုင်ငံရေးပါတီ(၅၂)ခုမှ တင်ပြဆွေးနွေး ချက်များအား သက်ဆိုင်ရာ အစိုးရထံသို့ တင်ပြပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ဒီဇင်ဘာ(၃)ရက်နေ့ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေး ပါတီများသည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 05:05 AM PST
ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၅ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အခမ်းအနားတွင် သီးလေးသီး အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှု။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 04:52 AM PST
လာမယ့် လွှတ်တော် အတွင်း ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဖို့၊ ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် အမတ်တွေ အနေနဲ့ ပြင်ဆင်ထား တယ်လို့ သိရှိရပါတယ်။ အခုလအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 04:42 AM PST
မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေ သူပုန်တွေ အပေါ် လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ် နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက် ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 04:26 AM PST
| ||
Posted: 04 Jan 2013 04:24 AM PST
| ||
Posted: 04 Jan 2013 04:20 AM PST
| ||
Posted: 04 Jan 2013 04:13 AM PST
အကယ်ဒမီ ဖက်ရှင်ကတ်တလောက် အထူးထုတ်ကို စာဖတ်သူများ တစ်စုတစ်စည်းတည်း ကြည့်ရှု သိမ်းဆည်းနိုင်ရန်အတွက် အရောက်ပို့ပေး လိုက်ရပါသည်။
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 04:02 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား။ (ရိုက်ကူး- ကျော်ဇေယျာဝင်း)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 03:56 AM PST
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် လူသတ်မှု ကျူးလွန်ထားပြီး ကလေး ရဲစခန်းက (ပ) ၄၄၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ထွက်ပြေးနေသည့် လူသတ် တရားခံပြေး ဦးကြွက်သိုး (ခ) ငြိမ်းချမ်း အောင် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့နယ် ထန်ဘုရား ရေနံမှော်တွင် အသတ်ခံခဲ့ရ ကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 02:55 AM PST
၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာ ပြုလုပ်ခဲ့သည်။ နံနက် ၇း၃၀ တွင် မြို့နယ်ရုံး ရှေ့တွင် စုရပ်လုပ်ကာ ကော့သောင်းမြို့ ၊အဏ္ဏ္ဏ္ဏ၀ါရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် အဖွဲ့ဝင် ၃၀၀ ခန့် သွားရောက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 02:43 AM PST
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင်(၂၄.၁၂.၂၀၁၂)ရက်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 02:26 AM PST
ဇန်န၀ါရီလ (၄)ရက်နေ့  နံနက် ၉ နာ၇ီခန်.က ပဲခူးဘက်မှ ၇န်ကုန်ဘက်သို. မှောင်းနှင်.သွားသော. ဟိုင်းလတ်တစီး ပဲခူးမြစ်ကူး တံတားထိပ်တွင် ဖ၇ိန်ကျိုးကြ ကာ ပဲခူးဘက်သို. ပြန်လည် ခေါင်းလှည့်သွားခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်တွင် ခ၇ီးသည် များ ထိခိုက်မှု မရှိကြောင်း သိရသည်။ ကြံခိုင့် မှု အားနည်းသော အပ်ကားများကို ကညန မှပိုက်ဆံယူကာ သတ်တမ်း တိုးပေးသော့ကြောင့် အခုလို ဖ၇ိန်ကျိုးကြ တာဖြစ်ကြောင်း သိရသည်။ သတင်း - ဓါတ်ပုံ ။ ။ ညီညီဇော် | ||
Posted: 04 Jan 2013 02:13 AM PST
အမျိးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD ) ပါတီ၏ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ အမှာစကား ပြောကြား ထားသည့် အသံဖိုင် အပြည့် အစုံ။
အသံဖိုင် နားဆင်ရင် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 02:03 AM PST
အမျိးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD ) ပါတီ၏ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြား ထားသည့် အသံဖိုင် အပြည့် အစုံ။
အသံဖိုင် နားဆင်ရင် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 01:30 AM PST
မန္တလေး တိုင်းဒေသကြီး အတွင်း စီးပွားရေး ကျပ်တည်း မှုများကြောင့် အခြေခံ လူတန်းစား အများစု၏ အရွယ် မရောက်သေးသော ကလေးငယ် များသည် လုပ်ငန်းခွင်တွင်းသို့ ၀င်ရောက်လုပ်ကိုင် လျက်ရှိနေကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 01:21 AM PST
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစား အပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ခင်ဗျား- ယနေ့အခါသမယသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့ ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ့မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ မြန်မာလူမျိုးတို့၏ ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားများကို ပျက်ြပားအောင် စနစ်တကျ စီမံလုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ခင် ညီညွတ်မှုပျက်ပြားအောင် တောင်ပေါ်နှင့် မြေပြန့်ဟူ၍ ခွဲခြားအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း သံသယဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ကျွန်သက်ရှည်စေရန်အတွက် ကျွန်ပညာရေးစနစ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ပညာတတ် မျိုးချစ်လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြပါသည်။ ကိုလိုနီနယ်ချဲ့တိုကို တွန်းလှန်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ပြည်သူတို့ ခါးစည်းခံခဲ့ရပြန်သည်။ ထိုအခါ တပ်မတော်နှင့် ပြည်သူသည် ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ရပါသည်။ ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နယ်ချဲ့အစိုးရ ပြန်လည်ဝင်ရောက် လာသောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ ကြရပါသည်။ လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူအားလုံး အပြည့်အဝ ရရှိခံစားနိုင်ရေအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ နိုင်ငံ့ခေါင်းဆောင်ကြီးများနှ လွတ်လပ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အသည်းနှလုံးဖြစ်ပါသည်။ လွတ်လပ်သော တိုင်းပြည်ဖြစ်မှသာ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း တစ်ရပ်ကို ကိုယ်တိုင်ထူထောင်နိုင်ပါမည်။ ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးတို့အတွက် လွတ်လပ်ရေး အရှည်တည်တံ့ရန် အရေးကြီးပေသည်။ ထိုလွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အရင်းခံပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ပြည်သူအားလုံးက တာဝန်သိစွာဖြင့် ဝိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရပါမည်။ ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ လွတ်လပ်ရေးရရှိပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရာတွင် ခေါင်းဆောင်အချင်းချင်း မညီ ညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေးအားနည်းမှု၊ လက်နက်ကိုင် ပဋိပက္ခမှုများကြောင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဆင့်သို့ ရောက်ရှိမလာဘဲ အိမ်နီးချင်းနိုင်ငံအချို့၏ နောက်သို့ပင် ကျန်ရစ်ခဲ့ရပါသည်။ သမိုင်း၏ သင်ခန်းစာများအရ ယနေ့ သန်း ၆ဝ သော မြန်မာပြည်သူများ၏ တူညီသောဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးန တိုင်းပြည်တည်ငြိမ်အေးချမ်းရေးန ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ မိမိတို့မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတလည်း ပေါများသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝ သယံဇာတထက်ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်ပါသည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်အောင် လူငယ်လူရွယ်များအား လေ့ကျင့်ပျိုးထောင် တည်ဆောက်ပေးကြရပါမည်။ ပညာရေးအဆင့်အတန်း မြင့်မားအောင် ဝိုင်းဝန်း၍ မြှင့်တင်ပေးရပါမည်။ ကျန်းမာသန်စွမ်းပြီး ပညာရည်ြမင့်မားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် မျိုးဆက်သစ်လူငယ်များသည်သာ အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖန်တီးနိုင်ပြီး မိမိတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လက်ဆင့်ကမ်း တာဝန်ယူသွားနိုင်ကြမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ Myanmar President Office | ||
Posted: 04 Jan 2013 01:17 AM PST
၁။ ကချင်ပြည်နယ်တွင် ကေအိုင်အို/ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များ က မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား အဓိက ပိတ်ဆို့လျက် တပ်မတော် စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူ အသုံးမပြုနိုင်အောင် ပိတ်ဆို့ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 01:01 AM PST
မြစ်ကြီးနားမြို့ပေါ်တွင် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ဖုန်အလုံးရေ ငါးသောင်းကျော် လိုင်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ထိုသို့ လိုင်းဆက် သွယ်ရေး ပြတ်တောက်ခဲ့သော ဖုန်းလိုင်း အရေအတွက် အသေးစိတ်မှာ CDMA ဖုန်းလိုင်း ၃၄၀၀၀ ကျော်၊ GSM ဖုန်း လိုင်း ၂၄၃၀၀ ကျော်နှင့် လိုင်းကြိုးဖုန်း ၂၀၀၀ ကျော် ဖြစ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 04 Jan 2013 12:52 AM PST
တစ်ဦးနှင့်တစ်ဦး နားလည်မှု မပေးနိုင်လျင် စစ်မှန်သော ဒီမိုကရေစီ မထူထောင်နိုင်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န ၀ါရီလ ၄ ရက်တွင် ပြုလုပ်သော (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 04 Jan 2013 12:38 AM PST
၆၅ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်တွင် နံနက် ၁၁း၀၀ နာရီမှာ စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးမှလည်း လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်း ပြောကြားခဲ့ပါသည်။ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို ဦးဟံသာမြင့်မှ ဖတ်ကြားခဲ့ပြီး ဒုတိယပိုင်း အစီအစဉ် အနေဖြင့် သီးလေးသီးအငြိမ့်ဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment