Sunday, January 13, 2013

ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်ရေးရာကို လှမ်းမျှော်ကြည့်ခြင်း (၂)

by Yangon Press International on Sunday, January 13, 2013 at 4:50am ·
 

 ကုထုံးကို ဖွေရှာ

          အစိုးရကမူ ပဋိပက္ခနောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟုဆိုသည်။ သမ္မတ ရုံးက အောက်တိုဘာ  ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေ ညာချက်တစ်စောင်တွင် ပြဿနာနောက်ကွယ်၌ ပြည်တွင်း ပြည်ပ အဖွဲ့အချို့၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ဟု ဆိုထားသည်။


          ထိုသို့ ဖော်ပြထားသော်လည်း အဆိုပါ သွေးထိုးလှုံ့ဆော် သူများမှာ မည်သူမည်ဝါတွေဖြစ်သည်ကို တိတိပပ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

          စင်စစ်တွင် ပြဿနာ၏နောက်ကွယ်မှ မီးထိုးပေးသူများကို စုံစမ်းဖော်ထုတ် အရေးယူလိုက်ရုံနှင့် ပဋိပက္ခက ပြေလည်သွား လိမ့်မည်တော့မဟုတ်။ နှစ်ပေါင်းများစွာစုပုံလာသည့် အမုန်း တရားလောင်စာများကို ရှင်းထုတ်နိုင်မှသာ အာဃာတမီး တောက်များကို ဟန့်တားနိုင်လိမ့်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

          လောင်စာရှိနေသမျှတော့ လူမျိုးရေး၊ နိုင်ငံရေး အမြတ် ထုတ်လိုသူများ တစ်နည်းမဟုတ် တစ်နည်းဖြင့် မီးလာရှို့နိုင်ဦး မည်သာ ဖြစ်သည်။



ယခုပြဿနာမှာ နှစ်ဖက်ကြားတိုက်ခိုက်မှုများ ရပ်စဲသွား ချိန် အိုးအိမ်မဲ့သူတွေကို အိုးအိမ်ပြန်လည်ဆောက်ပေးပြီး ယခင်အတိုင်းပိုနေမြဲ၊ ကျားနေမြဲထားလိုက်ရုံနှင့် ပြီးစီးသွားမည့် ကိစ္စတော့မဟုတ်ပေ။

          ခံစားနေရသော ရောဂါလက္ခဏာကို သက်သာလာအောင် ဆေးပေးခြင်းသည် ရေတိုသဘောသာဖြစ်ပြီး ရေရှည်အတွက် စဉ်းစားမည်ဆိုပါက ရောဂါဇာစ်မြစ်ကိုရှာ၍ ကုသလိုက်ရတော့ မည်ဖြစ်သည်။

          ပြဿနာ၏ ဇာစ်မြစ်များထဲတွင် ဘင်္ဂါလီများ၏ နိုင်ငံသား မဲ့မှု ပြဿနာကို မည်သို့ဖြေရှင်းပေးမည်နည်းဟူသော အချက် သည်လည်းပါဝင်သည်။ မည်သူတွေသည် နိုင်ငံသားဖြစ်သင့် သနည်း။ မည်သူတွေသည် နိုင်ငံသားမဖြစ်ထိုက်သူများနည်း။

          နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာသူများ ရှိမည်မှန် သော်လည်း နှစ်ပေါင်းများစွာ ဆွေစဉ်မျိုးဆက် ရခိုင်ပြည်တွင် နေထိုင်လာသည့် ဘင်္ဂါလီများလည်းရှိသည်ဆိုသည့်အချက်မှာလည်း ငြင်းမရသော အချက်တစ်ခုဖြစ်ပါသည်။

          ထို့ကြောင့်လည်း တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူ များအား နိုင်ငံသားဖြစ်ခွင့်ပေးသင့်သလို နိုင်ငံသားဖြစ်ခွင့်မရှိ သူများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်သည်ဟု တောင်းဆိုနေကြခြင်းလည်း ဖြစ်ပါ သည်။

                NDPD  မှ ဦးသာအေး (ခ) အဘူတာဟေးကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေသည် ထိုဥပဒေမပြဋ္ဌာန်းမီက နိုင်ငံသားဖြစ်နှင့်ပြီးသူများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပစ် ခွင့်ရှိမရှိဆန်းစစ်ဖို့လိုသည်ဟု အဆိုပြုသည်။

          “တရားမ၀င်  ၀င်လာကြတဲ့သူတွေရှိရင်လည်း ဥပဒေအရ အရေးယူဖို့လိုပါလိမ့်မယ်” ဟူ၍လည်း ဦးသာအေး(ခ)အဘူ တာဟေး ကဆိုသည်။

          ယခုနောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းများ တောင်း ဆိုလာသည့်အထဲတွင်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားပြုရေး ဥပဒေ  ကိုပြန်လည်သုံးသပ်ရေး၊ ပြင်ဆင်ရေးကိစ္စတွေ ပါလာခဲ့သည်။


နိုင်ငံတကာ ဖိအား

          ရခိုင်အရေးကိစ္စ မပြေလည်သေးသည်နှင့်အမျှ နိုင်ငံ တကာကလည်း နေ့ရှိသရွေ့ ဖိအားတွေပေးနေကြဦးမည်သာ ဖြစ်သည်။ အစ္စလာမ္မစ်နိုင်ငံများကလည်း ၎င်းင်းတို့နှင့် ဘာသာချင်း တူသည့် ဘင်္ဂါလီများအရေးကို အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ကာ ဆက်လက်ပြီးဖိအားတွေပေးနေကြဦးမည်သာဖြစ် သည်။

          အာရပ်နိုင်ငံများ၏ ရန်ပုံငွေနှင့် လည်ပတ်နေသည့် ဗူဖြေနနမေ ကဲ့သို့သော ရုပ်သံဌာနကလည်း ရခိုင်ပြည်နယ် အတွင်းတွင် “လူမျိုးတုံးသတ်ဖြတ်နေပြီ”ဟူသော စကားလုံးကို သုံးကာ ရခိုင်ကိစ္စကို နိုင်ငံတကာက အာရုံစိုက်လာအောင် မီးမောင်းထိုးပြလျက်ရှိသည်။

          (လူမျိုးတုံးသတ်ဖြတ်ခြင်းဟူသော ထိုအသုံးအနှုန်းကို သုံးမည်ဆိုလျှင် ဂရုတစိုက်လေ့လာပြီးမှသာ သုံးသင့်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာအကူ အညီ ပေးရေးရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဗယ်လာရီအေးမို့စ်ကဆိုသည်။ ၎င်းင်းအနေဖြင့်မူ ရခိုင်ပြည်နယ်ဖြစ် ရပ်ကို လူအုပ်စုနှစ်ခုကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများအဖြစ် သာ ရှုမြင်သည်ဟုဆိုသည်။)

          မကြာသေးခင်ကမှ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အထုတ်ခံရသူနှစ်ဦးထဲက တစ်ဦးဖြစ်သည့် အစ္စလာမ်ကောင်စီ ဌာနချုပ်မှ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက “သက်ဆိုင် ရာတာဝန်ရှိတဲ့လူတွေက ဖြေရှင်းတာမှန်ရင် အေးအေးချမ်းချမ်း အမြန်ဆုံးချုပ်ငြိမ်းပြေလည်သွားမယ့်ပြဿနာပါ။ ကျွန်တော်က တော့ ဒီလိုပဲယုံကြည်တယ်ဟု” ဆိုသည်။

          “အပြစ်ကျူးလွန်တဲ့ လူတစ်စုကို ဘက်မလိုက်ဘဲနဲ့ ၊ကျော သား၊ ရင်သားမခွဲခြားဘဲနဲ့၊ လူမျိုး၊ ဘာသာမခွဲခြားဘဲနဲ့ ထိထိ ရောက်ရောက် အရေးယူလိုက်ရင်၊ တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်လိုက်ရင် ရခိုင်ပြည်နယ်(ရဲ့) အနာဂတ်ရော၊ ပြည်ထောင်စု(ရဲ့) အနာဂတ်အတွက်ပါ အကောင်းချည်းပဲ”

          တရားမ၀င်ခိုးဝင်လာသူများရှိလျှင်လည်း စစ်ဆေးကာ သူ့ နိုင်ငံကို ပြန်ပို့သင့်ကြောင်း ဦးတင်မောင်သန်းကဆိုသည်။

          “နိုင်ငံသားမဟုတ်ဘဲ ခိုးဝင်လာတဲ့သူကို သူ့နိုင်ငံကို ပြန်ပို့ လိုက်။ ကိုယ့်ဆီမှာ ထားမနေနဲ့။ ဒါတွေအားလုံးရှင်းသွားရင် အဲ့ဒီ နယ်စပ်မှာ ခြံစည်းရိုးပါခတ်လိုက်ဦး။ ကြက်တစ်ကောင်တောင် အ၀င်မခံနဲ့”


(PHOTO: Newscape) မောင်တောနယ်စပ်ခြံစည်းရိုး

ပဋိပက္ခဖြစ်ပွားအပြီး ထွက်ပေါ်လာသော မေးခွန်းများထဲ တွင် နိုင်ငံသားဖြစ်ခွင့်မရှိသူများကို မည်သို့စီမံပေးမည်နည်း၊ ၎င်း တို့အားလုံးကို ယခင်အတိုင်း ရခိုင်ပြည်နယ်ထဲ၌ပင် ဆက်လက် ပိတ်လှောင်ထား မည်လားဟူသော အချက်လည်း ပါဝင်သည်။

                RNDP မှ ဒေါက်တာအေးမောင်ကတော့ “ရခိုင်လူထုရဲ့ တောင်းဆို ချက်အရ ဒီလူတွေနဲ့အတူတူ နေလို့မရတော့ဘူးဆိုရင် ဒီလူတွေကို ခပ်လှမ်းလှမ်းမှာထားပြီး နိုင်ငံသားလို့ သတ်မှတ် နိုင်တဲ့ လူတွေကိုခေါ်ယူပြီး နိုင်ငံသားလို့မသတ်မှတ်နိုင်တဲ့ လူတွေ ကို ထိုင်းမှာလို အလုပ်လုပ်ခွင့်ပါမစ် (Work Permit) ပေးမလား”ဟု အကြံပြုသည်။
          “နိုင်ငံသားဖြစ်တယ်ဆိုရင် နိုင်ငံသားဥပဒေ ပြည့်ပြည့်၀၀ ပေးလိုက်ပေါ့ဗျ။ မ္တလေးမှာ နေချင်တယ်ဆိုရင် မ္တလေးထား၊ ရှမ်းမှာလည်းထား၊ ရခိုင်က လက်မခံဘူးဆိုရင် ရခိုင်ကို အပြစ် တင်လို့ မရဘူး”

          ဘင်္ဂါလီများအနေနှင့်လည်း ရခိုင်ပြည်နယ်တွင် ဆက်လက် နေထိုင်လိုစိတ် မရှိကြသည့်အကြောင်းကို ဒေါက်တာ အေးမောင်က ယခုလိုပြောသည်။

          “သူတို့ (ဘင်္ဂါလီတွေ) ကိုလည်း မေးကြည့်၊ ရခိုင်မှာနေချင် ရဲ့လားလို့။  သံအမတ်တွေလာရင် သူတို့ကိုယ်တိုင်က ရခိုင်မှာ မနေချင်ပါဘူးလို့ပြောနေတာ”

          ဆင်းရဲလှသည့် ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့် မရသည့် ဘင်္ဂါလီများကို ယခင်အတိုင်း အခြေအနေဆိုး တစ်ခု အောက်တွင် ဆက်လက်ပိတ်လှောင်ထားမည်၊ ကန့်သတ် ချုပ် ချယ်မှုများဖြင့် ဆက်လက်ထားရှိမည်ဆိုပါက နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုကို ဆက်လက်ခံကြရဖွယ်ရှိပါသည်။

          တစ်ဖက်တွင်လည်း ဘင်္ဂါလီများ ဆင်းရဲတွင်း နက် သထက်နက်ကာ ယင်းဆင်းရဲတွင်းမှ နှောင်းပိုင်းကာလတွင် မလို လားအပ်သော လူမှုစီးပွားပြဿနာများနှင့် အခြားပြဿနာများ  ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း လေ့လာသူများ ကဆိုသည်။

          အစစအရာရာ ပြည်မကြီးနှင့်ယှဉ်လျှင် နောက်ကျ ကျန် ရစ်ခဲ့ပြီး စီးပွားရေးလည်း မကောင်းလှသော ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းကလည်း ရှားပါးလှသည်။

          တစ်နိုင်ငံလုံးနှင့် ယှဉ်ကြည့်လျှင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယမြောက် အဆင်းရဲဆုံးဖြစ်သော ဤရခိုင်ပြည်နယ်တွင် လူဦးရေ၏ ၄၁ ဒသမ ၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှု မျဉ်း ကြောင်းအောက်သို့ ရောက်နေပါသည်။ ဤမျှဆင်းရဲလှသော ရခိုင်ပြည်နယ်အတွင်းတွင် ဆယ်တန်းအောင်၊ ဘွဲ့ရများ အတွက်ပင် အလုပ်ကိုင်အခွင့်လမ်းက များများစားစားရှိလှ သည်မဟုတ်ပေ။

          ရခိုင်ကမ်းလွန် ပင်လယ်ပြင်မှရေနံနှင့် သဘာဝဓာတ်ငွေ့ တို့ကို အစိုးရက ထုတ်ယူနေသော်လည်း ရခိုင်ပြည်သူ၊ ပြည် သားများမှာ ဘာမှမခံစားရသည့်အပြင် မြန်မာနိုင်ငံတွင် အမြင့် ဆုံးလျှပ်စစ် မီတာခကိုပေးဆောင်နေကြရသည်။ တစ်ဖက်မှာ လည်း ကျောက်ဖြူရေနက်စီမံကိန်းကို တရုတ်ကုမ္ပဏီများက   အကြီးအကျယ်အကောင်အထည်ဖော်လျက်ရှိပါသည်။  သို့သော် ဒေသခံများအတွက် ယင်းစီမံကိန်းက ဘာတွေဆောင်ကြဉ်း လာ မည်နည်း။လောလောဆယ်အထိတော့မသိရ၊ မမြင်ရ၊ မကြားရပေ။

          (ရခိုင်အရေးတက်ကြွလှုပ်ရှားသူများကတော့ အဆိုပါစီမံ ကိန်းသည် ဒေသခံများအတွက် အကျိုးမဖြစ်ထွန်းနိုင်သည့် စီမံ ကိန်းဟုဆိုကာ ကန့်ကွက်နေခဲ့သည့် ကိစ္စဖြစ်သည်။ ပဋိပက္ခ မဖြစ်ပွားမီ အချိန်ထိ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ပြောသံ၊ ဆိုသံအချို့ အထိုက်အလျောက်ရှိခဲ့သော်လည်း ယနေ့အခါ အဆိုပါအသံများမှာ ပဋိပက္ခသံများအောက်တွင် တိမ်မြုပ်သွား ကုန်ကြသည်။)

          အစိုးရအရာရှိအချို့က ပြောနေကြသည့် စကားတစ်ခွန်း လည်းရှိပါသည်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရသည့် အထဲတွင် စာမတတ်သူများပြားနေခြင်းသည်လည်း အကြောင်းတစ်ခု ဖြစ်သည် ဟူသော စကားပင်ဖြစ်သည်။

          ပညာတတ်များအတွက်ပင် ပြည်နယ်အတွင်း အလုပ် အကိုင် အခွင့်အလမ်း မည်မည်ရရ မရှိသော အခြေအနေတွင် ပညာတတ်ဖြစ်ရေးဟူသည်မှာ တစ်နေ့တာ မိသားစု ထမင်းစား ရိတ်ရရှိရေးလောက် ဆွဲဆောင်မှုမကောင်းလှပေ။ အနာဂတ်မဲ့ သော ဘင်္ဂါလီများအတွက်မူ ပညာရေးဟူသည်မှာ ၎င်းတို့၏ ဦးစားပေးစာရင်းထဲတွင် လုံးလုံးမပါပေ။

          နိစ္စဓူဝ စားဝတ်နေရေးအတွက် ကုန်ထမ်းရသည့် အလုပ်ကဲ့သို့ အလုပ်ကြမ်းမျိုးကို လုပြီးလုပ်ကြရုံ၊ ကုန်သည် ပွဲ စားများထံတွင် ရရာအလုပ်ဝင်လုပ်ကြရုံ၊ လယ်သူရင်းငှားအဖြစ် ၀င်လုပ်ကြရုံ၊ အမြင့်ဆုံးဟိုဘက်မြို့နှင့် ဒီဘက်မြို့ ကုန်စည်ကူး သန်းကြရုံလောက်သာ ဘင်္ဂါလီများအတွက် အိပ်မက်မက်နိုင်သည်။

          ယင်းကဲ့သို့ အခြေအနေဆိုးများ ရှိနေသော်လည်း ဖြေရှင်း မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ ဆက်လက်ဖိနှိပ် အုပ်ချုပ်ခဲ့သော ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘင်္ဂါလီကိစ္စနှင့် ပတ် သက်ပြီး အစိုးရကို နှစ်ပေါင်းများစွာဝေဖန်ထိုးနှက်လာခဲ့ကြ ခြင်းဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေးအောက်မရောက်ရေး

          ထိုကဲ့သို့ ဘက်ပေါင်းစုံမှ နောက်ကျကျန်ရစ် ဆင်းရဲခြင်း နွံထဲတွင်ကျွံနစ်နေသော ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို ပိတ်လှောင်မထားဘဲ မြန်မာပြည်အ၀န်း လွတ်လပ်စွာ သွားလာ နေထိုင် လုပ်ကိုင်စားသောက်ခွင့် ပေးမည်ဆိုလျှင်လည်း ရခိုင် မဟုတ်သည့် ကျန်ရှိသည့် တိုင်းရင်းသားများက ကြည်ဖြူစွာ လက်ခံနိုင်ကြပါမည်လား။ ဤသည်လည်း ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ် နေသည်။

          ပြောရလျှင်အစိုးရအတွက်တော့ အင်မတန်ကိုင်တွယ်ရ ခက်သည့် ကိစ္စတစ်ခုဖြစ်လာပါလိမ့်မည်။ ယခုအကြိမ်မှာ ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည့် လုပ်ဆောင်မှုများကို မစွမ်းဆောင်နိုင်ခဲ့ပါက နောက်နောင်တွင်လည်း ပဋိပက္ခများ ထပ်မံ ကြုံတွေ့ရမည်ကို ဒေသခံများရော၊ လေ့လာသူများပါ စိုးရိမ်လျက်ရှိကြသည်။

          လောလောလတ်လတ်အရေးကြီးဆုံးဟု လေ့လာသူများ ခံယူထားကြသည်က ပဋိပက္ခ နောက်တစ်ကျော့ ထပ်မံမဖြစ်ပေါ် စေရေးပင်ဖြစ်သည်။

          အကြောင်းမူ နောက်တစ်ကြိမ် မငြိမ်မသက် ထပ်ဖြစ်ပါက တစ်တိုင်းပြည်လုံး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီး ရှေ့သို့ သွားနေစဉ်မှာ ရခိုင်ပြည်နယ်ကတော့ စစ်အုပ်ချုပ်ရေး ယ္တရား အောက်သို့ ရောက်ရှိပြီး နောက်ကျကျန်ရစ်ခဲ့မည်ကို စိုးရိမ်ရ သောကြောင့်ပင်ဖြစ်သည်။ 

ဉာဏ်လင်း၊ ကျော်ဇေယျာထွန်းနှင့် ဇေယျာလှိုင်ရေးသည်  


မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)တွင် ပါရှိသော မျက်နှာဖုံးဆောင်းပါးကိုပြန်လည်ဖော်
ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...