Saturday, January 5, 2013
ဒီမိုကရေစီ ကကြီးခခွေး
by Thurein Naywinaung on Saturday, January 5, 2013 at 10:23pm 
ကျွန်တော်က နိုင်ငံရေးကျွမ်းကျင်သူမဟုတ်သလို နိုင်ငံရေးပါတီဝင်တစ်ဦးလည်း မဟုတ်ပါဘူး။
သို့ သော်လည်း  နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ပြည်သူ့ ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။ ကျွန်တော်ဒီလို
စကားခံနေတာက ကျွန်တော်ရေးချင်တာက ဒီမိုကရေစီ ကကြီး ခခွေးဖြစ်နေလို့ ပါ။
ဒီမိုကရေစီဆိုတာဘာလဲ……
အမျိုးမျိုးသော အဓိပ္ပါယ်တွေကို ဖွင့်ဆိုကြပါတယ်။
ပြည်သူကရွေးချယ်တင်မြှောက်တဲ့ အုပ်ချုပ်သူအစိုးရက ပြည်သူကောင်းကျိုးကို ပြန်လည်ပြုလုပ်ပေး
တဲ့ စနစ်ဆိုတာလည်း တစ်ခုအပါအ၀င်ပါ။
ဒီတော့ နောက်တစ်ခုကတော့
ပြည်သူအားလုံးကို တပြည်းညီသတ်မှတ်ထားတဲ့ ဥပဒေဖြင့်စောင့်ရှောက်ခြင်း ဆိုတာလည်းပါတယ်။
ကျွန်တော်ကတော့ ဒီမိုကရေစီစနစ်ဆိုတာ ဥပဒေဆိုတာ အမြင့်မြတ်ဆုံးသောအရာဖြစ်ပြီး ဥပဒေအထက်မှာမည်သူမျှမရှိဆိုတဲ့ အဆိုကို ပိုပြီးကြိုက်တယ်။
ဒီတော့ ဘယ်ဥပဒေလဲ ဆိုတာ မေးဖို့ လိုလာပြီ…မြန်မာနိုင်ငံမှာရှိတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊တရားမဥပဒေ၊ရာဇသတ်ဥပဒေ….
ဒီတော့ကာ ဥပဒေဆိုတာကို လူတိုင်းသိဖို့ လိုအပ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ဥပဒေကို မသိဘဲ ဥပဒေကို အပြစ်တင်လို့ မရပါဘူး။
ကျွန်တော်တို့ ပြည်သူတိုင်း နိုင်ငံသားတိုင်းကိုကာကွယ်ပေးထားတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ
နိုင်ငံသားအခွင့်အရေးဆိုတာကို သိပြီးပြီလား…
ဘာကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောရသလဲဆိုတော့ မိမိကျေနပ်သည်ဖြစ်စေ၊မကျေနပ်
သည်ဖြစ်စေ၊ကြောက်လို့ ထောက်ခံခဲ့သည်ဖြစ်စေ၊အကျိုးလိုလို့ ထောက်ခံခဲ့သည်ဖြစ်စေ..ဥပဒေအရ
နိုင်ငံသားအများစုထောက်ခံခဲ့တဲ့အတွက် အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒီလို အတည်ပြုပြီးပြီဆိုရင်
မိမိနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရပါမယ်။နောက်တစ်ခုကတော့ အခြေခံဥပဒေဆိုတာ ထာဝရ
တည်မြဲသလား ဆိုတာပါပဲ…တကယ်တော့မြန်မာနိုင်ငံမှာ ၁၉၄၇ အခြေခံဥပဒေ၊၁၉၇၄ အခြေခံဥပဒေဆိုတာတွေ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။သို့ သော်လည်း အသစ်ထွက်လာတဲ့ အခြေခံဥပဒေများကြောင့် ပျက်ပြယ်ပြီးလည်း ဖြစ်ပါတယ်။ဒီတော့ အခြေခံဥပဒေဆိုတာ အများဆန္ဒနှင့်
အညီ ပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံရပါမယ်။ဒါဆို ယခုလက်ရှိ အခြေခံဥပဒေကို မကြိုက်ရင် ဘာလုပ်မလဲ…ရှင်းရှင်းလေးပါ…လွတ်တော်အတွင်း အများဆန္ဒနှင့်အညီ လိုအပ်ချက်များကို ပြင်ဆင်ဖို့ ပါ။ဒီလိုပြင်ဆင်ဖို့ အတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲ။လွတ်တော်ကိုယ်စားလှယ်ကြီးများမှာတာဝန်ရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုက်လို့ ဖြစ်စေ၊ကြောက်လို့ ဖြစ်စေ….ပြည်သူတွေကိုယ်တိုင် မိမိတို့ ဒေသ
မိမိတို့ နယ်ပယ်အလိုက် ရွေးချယ်ပြီး ဖြစ်တယ်။ဒီလွတ်တော်ကိုယ်စားလှယ်တွေကို မိမိတို့ လိုအပ်ချက်တွေကို ပြောပြ တင်ပြတောင်းခံခိုင်းဖို့ တာဝန်က ပြည်သူတွေပေါ်ပြန်ရောက်သွားပါပြီ။
ဒီတော့က လက်ရှိကိုယ်စားလှယ်ကိုမကြိုက်ရင် နောင်ေ၇ွးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူကို ပြန်ရွေးနိုင်ပါတယ်။
ဒါတွေကို ရှည်ရှည်ဝေးဝေးဘာလို့ ပြောနေရသလဲဆိုတော့ ယခုလက်ရှိကျွန်တော်တို့ သွားနေတဲ့
လမ်းကြောင်းက လွတ်တော်နိုင်ငံရေးဖြစ်နေလို့ ပါပဲ။
ဒီမိုကရေစီနိုင်ငံတိုင်းလည်း လွတ်တော်နိုင်ငံရေးကိုသာ ကျင့်သုံးကြပါတယ်။ မဲပေးခြင်းစနစ်ကို ကျင့်သုံးကြပါတယ်။
ဒီတော့ လက်ရှိလွတ်တော်ကိုမကြိုက်ဘူးဆိုရင်လည်း နောင်ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့
ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ရှိပါတယ်။ဒီလို ရွေးချယ်ခဲ့ရရင်လည်း ဘာကြောင့်ညာကြောင့်ဆိုတဲ့
ဆင်ခြေဆင်လက်တွေကို မကြားလိုပါဘူး။ကိုယ်ရွေးတဲ့သူ မကောင်းရင် ကိုယ်ခံရမယ်။
ဒီမိုကရေစီစနစ်မှာ မဲပေးခြင်းကိစ္စက အလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ အများဆန္ဒကို
လက်ခံအတည်ပြုပေးရတဲ့အတွက်ပါ။အများရဲ့ သဘောထားကို လက်ခံဆောင်ရွက်ရသည့်နည်းတူ
အနည်းစုရဲ့ သဘောထားကို အလေးထားရပါတယ်။
နောက်တစ်ခုကတော့ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး….ဒါကအရေးကြီးပါတယ်။
ကဲ..ကျွန်တော်မေးချင်တယ်..ခင်ဗျားရဲ့ ကိုယ်ပိုင်အခွင့်အရေးက ဘာလဲ….
သေချာစဉ်းစားပါ…သေသေချာချာသိပါသလား…..
မိမိမှာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်ဆိုရင် တပါးသူမှာလည်း ကိုယ်ပိုင်အခွင့်အရေးရှိပါတယ်။
ဒါကိုလည်း လက်ခံရပါမယ်။ဒီတော့ လူ့ အခွင့်အရေးဆိုတာကို ဘုံအဖြစ်စံထားကြည့်ကြပါစို့ ။
မိတ်ဆွေရော…လူ့ အခွင့်အရေးဆိုတာကြီးကို သေချာဖတ်ပြီးပြီလား.. သဘောပေါက်လက်ခံပြီးပြီလား.. လိုက်နာဖို့ ရောစဉ်းစားသလား…
ကျွန်တော်မြင်တွေ့ နေရသလောက်တော့ လက်ခုပ်တီးရင်း ဒီမိုကရေစီလိုချင်နေကြသလိုပဲ။
ဒီမိုကရေစီဆိုတာ ခေါင်းဆောင်တစ်ယောက်ကို လက်ခုပ်တီးပေးနေတာလေး တစ်ခုတည်းနှင့်
မရပါဘူး။ ကိုယ်တိုင်လည်း ဒီမိုကရေစီလမ်းစဉ်ကို လျှောက်ရပါမယ်။
ဒီမိုကရေစီဆိုတာ သူများယူပေးရတဲ့ကိစ္စမဟုတ်ဘူး ကိုယ်တိုင်ကြိုးစားပြီးယူရတာပါ။
ဘယ်လိုကြိုးစားမလဲ…အကြောက်တရားကိုဘေးဖယ်… သူများယောင်တိုင်းလိုက်မယောင်ဘဲ
မိမိတို့ ဒေသ၊မြို့ ရွာ၊နိုင်ငံအပေါ် ကောင်းကျိုးပြုနိုင်မဲ့သူကို ခေါင်းဆောင်အဖြစ် (ကိုယ်စားလှယ်အဖြစ်)
ရွေးချယ်ပေးဖို့ လိုပါတယ်။ဒါကြောင့် ဒီမိုကရေစီအစပျိုးခြေလှမ်းဖြစ်တဲ့ မဲပေးခြင်းကိုအရင်ဆုံး ကိုယ်ပိုင်ရပ်တည်ချက်၊ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်ခံယူချက်ဖြင့် ရွေးချယ်ဖို့ လိုပါတယ်။
သို့ မှသာ အစိုးရကောင်းတစ်ခုဖြစ်ပေါ်လာဖို့  လွတ်တော်အတွင်း တိုင်းပြည်တိုးတက်ကြောင်းများကို
ဆွေးနွေးနိုင်သူများ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
နောက်ဆောင်းပါးမှာတော့ တာဝန်သိစိတ်၊ တာဝန်ယူစိတ်နှင့် တာဝန်ခံစိတ် ဆိုတာလေးပြောပြချင်ပါတယ်။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...