Friday, January 25, 2013

အကြွေတစ်ရာ . . .

by မာဃ လုလင် on Friday, January 25, 2013 at 12:36am ·


ကျနော်မှာ အကြွေ တစ်ရာ ရှိတယ်
ဖြေရှင်းလို့ မရတဲ့ ပြသနာတွေထဲ လဲ အမြဲပါတယ် . . .

နောက်တစ်ခါ ထပ်ပြောရရင်
ကျနော် မှာ အကြွေ တစ်ရာ ရှိပါတယ်

ရှိတာ ကို ပဲ ထုတ်ထုတ်ပြပေမယ့်
ဘယ်သူမှ မယုံကြဘူး . .

ကျနော်မှာ အကြွေ တစ်ရာရှိတယ်
ကျနော့်မှာ ရှိတဲ့အကြွေတစ်ရာဟာ
ကျနော့်ရုပ်ရည်နဲ့ဆိုင်သလား
ကျနော့် ဘာသာနဲ့ဆိုင်သာလား
ကျနော့် ပညာအရည်အချင်းနဲ့ဆိုင်သလား
ကျနော့် မိသားစုနဲ့ဆိုင်သလား
ကျနော့် လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးနဲ့
ဆိုင်သလား
ဟုတ်ကဲ့ . . .
ကျနော့်မှာအကြွေတစ်ရာရှိတယ် . . .

ကျနော် မှာအကြွေတစ်ရာရှိတယ်
ကျနော် သုံးချင်သုံးမယ်
သူများကို ပေးချင်ပေးမယ်
အကြွေတစ်ရာဟာ အကြွေတစ်ရာသာဖြစ်တယ်
ကျနော် ဟာ ပညာတတ်ဖြစ်လို့ အကြွေတစ်ရာဟာ ပြောင်းမသွားဘူး
ကျနော်ဟာ လူယုတ်မာဖြစ်လို့ အကြွေတစ်ရာဟာ ပြောင်းမသွားဘူး
အကြွေတစ်ရာဟာ အကြွေတစ်ရာသာဖြစ်တယ်
အကြွေတစ်ရာဟာ တိုးမလာ လျော့မသွားတဲ့ အခြင်းအရာ . . .

အထင်ကြီးမူ့ကြောင့်
အကြွေတစ်ရာဟာ တစ်ထောင်ဖြစ်မသွား
အထင်သေးမူ့ကြောင့်
အကြွေတစ်ရာဟာ တစ်ဆယ်ဖြစ်မသွား
ကျနော့်မှာ အကြွေတစ်ရာတိတိကျကျရှိတယ်
မိဘအမွေနဲ့မဆိုင်
ဆွေမျိုးပိုင်ဆိုင်မူ့နဲ့မဆိုင်
ကျနော့်အကြွေတစ်ရာဟာ အကြွေတစ်ရာသာဖြစ်တယ် . . .

ကျနော်ဟာ လူချမ်းသာတွေနဲ့ပေါင်းလို့
အကြွေတစ်ရာဟာ တိုးပွားမလာ
ကျနော်ဟာ လူဆင်းရဲတွေနဲ့ မိတ်ဖက်လို့
အကြွေတစ်ရာဟာ ယုတ်လျော့မသွား
တိတိကျကျသိထားဖို့လိုတာက
အကြွေတစ်ရာဟာ ဘာအကြောင်းအရာကြောင့်မှ ပြောင်းလဲမသွား
အကြွေတစ်ရာကို အရှိပကတိတရားအတိုင်း ကြည့်တတ်စေချင်တယ် . . .

အကြွေတစ်ရာဟာ သူ့တန်ဖိုးအတိုင်း
အကြွေတစ်ရာဟာ သူ့သတ္တိအတိုင်း
အကြွေတစ်ရာဟာ အကြွေတစ်ရာ
အို . . . ဘဂ၀ါ
လူတွေကို အမှန်အတိုင်းကြည့်တတ်အောင် သင်ပေးပါ
အကြွေတစ်ရာ .................................................။

မာဃသစ္စာ
၂၅ / ၁ / ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...