သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁)
သစ်ထူးလွင်
|
- အစိုးရတပ်က ပစ္စည်းလု၊ သတ်ဖြတ်မှုများရှိနေ
- ကချင်စစ် အမေရိကန် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်
- တရားရေး မဏ္ဍိုင် ဖြောင့်မတ်ရေး တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း
- ကလေး စစ်သား အရေး (ရုပ်/သံ)
- မသင်္ကာဖွယ် ဘူးသီးအရေး ရခိုင်ပြည်နယ်အစိုးရ စစ်ဆေး
- ကချင်ဒုက္ခသည်စခန်းများတွင် ၀မ်းလျှောရောဂါဖြစ်ပွား၊ ကလေး ၇ ဦး သေဆုံး
- မြန်မာတွင် ကလေး စစ်သား အသုံးပြုမှု ရှိနေဆဲ
-
လိုင်ဇာသို့သွားရောက်သူ(၆)ဦးအာ
း စစ်တပ်မှတားဆီးထား - ကူရာမဲ့တို့အတွက် မျှော်လင့်ချက် ရောင်နီဦး
- ဆိုင်ကယ်ဖြင့် ၀င်တိုက်မိသော်လည်း ရဲနှစ်ဦးထွက်ပြေး
- ရွှေစည်းခုံ အဖေထက်သားတစ်လဦးနတ်ရုပ်မှ ရွှေပွတ်ယူခံရ
- ဒိုင်နာနှင့်ဟိုင်းလပ်ယာဉ် ဖြည်းဖြည်းချင်း ဖယ်ရှားမည်
- စီမံကိန်းထိခိုက်မယ်ဆိုရင် ဝမ်ဘောင်က မြန်မာအစိုးရကို တရားစွဲမည်ဟုဆို (ရုပ်/သံ)
- ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်
- ဒေါ်စု အမေရိကန် ထပ်သွား၊ ကိုရီးယားလည်း ဝင်မည်
- ကေအိုင်အေအဖွဲ့က အရပ်ဘက်ကုန်တင်ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်
- တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့လာ
- ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်းကောက်ခံ
- ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း
- လက်နက်ကိုင်ပဋိပက္ခစိစစ်လေ့လာရန် ကုလလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မွန်ပြည်နယ်ရောက်ရှိ
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစတင် - ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ
- ဘန်ဂါဇီမှာ ကန်သံရုံးအတိုက်ခံရမှု ဝန်ကြီးကလင်တန် ထွက်ဆို
- ထိုင်း ဘုရင်ကို စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်
- ထောင်ကျ NLD များအတွက် ကော်မတီထံ တင်ပြ
Posted: 24 Jan 2013 06:16 AM PST
မြန်မာအစိုးရ
စစ်တပ်များက ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာ အုပ်စု ဆန်ခါ ကျေးရွာရှိ
ဒေသခံကျေးရွာသားများ၏ နေအိမ်အား ဖျက်ဆီး၍ ရွှေ၊ ငွေများအား ယူကာ ဒေသခံတချို့
သတ်ဖြတ်ခံရမှုများ ရှိနေသည်ဟု အဆိုပါ ဒေသခံ များက ပြောသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 06:01 AM PST
ကချင်ပြည်နယ်မှာ
အစိုးရတပ်တွေနဲ့  ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)
တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အပေါ် အမေရိကန်
ပြည်ထောင်စုက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 05:45 AM PST
ပြည်သူ
လူထု၏ ယုံကြည်မှု ရရှိ စေရန်နှင့် တရား စီရင်ရေး တွင် ဖြောင့်မတ် မှန်ကန်
စေရန် တရား သူကြီးများ တရားခွင် တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန်
တိုက်တွန်း ကြောင်း ပုသိမ် မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းမြင့်က ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 05:19 AM PST
အရွယ်မရောက်သေးတဲ့
ကလေးတွေကို မြန်မာစစ်တပ်အတွင်း ဆက်လက်သွတ်သွင်းနေတာတွေ ရှိနေဆဲ
ဖြစ်တဲ့အတွက် အစိုးရက သေချာ စောင့်ကြည့်ပေးဖို့ ကလေးအခွင့်အရေး
လုပ်ဆောင်နေတဲ့ အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 05:14 AM PST
ဇန်န၀ါရီလ
၂၃ ရက်မှာတော့ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး
ရဟန်းတော်များအဖွဲ့က သံဃာတော်တွေဟာ မြို့ပေါ် ၅ နေရာကို သွားရောက်ပြီး
လှည့်လည်စစ်ဆေးခဲ့ကြရာ တနေရာမှာ မသင်္ကာဖွယ်ရာ ဘူးသီးတွေ့ခဲ့ပုံကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 05:07 AM PST
ကချင်
လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာ ဒုက္ခသည်စခန်းမှာ
ဒီတပတ်ထဲ ၀မ်းလျှောရောဂါ ဖြစ်ပွားပြီး ကလေးငယ် ၇ ဦး သေဆုံးခဲ့ပါတယ်။
ခုလပိုင်းအတွင်း လိုင်ဇာ ပြည်သူ့ ဆေးရုံကြီးမှာ ဒုက္ခသည်စခန်းက
ရောက်ရှိလာတဲ့ လူနာတွေထဲ ၀မ်းလျှောရောဂါ အဖြစ်များတာတွေ့ရှိရပြီး ကလေး ၇
ဦး သေဆုံး သွားခဲ့တယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 04:49 AM PST
မြန်မာ
အစိုးရသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေပြီး ကလေးစစ်သား
အသုံးပြုမှုရပ်တန့်ရေး ကုလသမဂ္ဂနှင့် သဘော တူညီမှု ပြုလုပ်ထား သော်လည်း
ကလေးစစ်သားများ စုဆောင်း၊ အသုံးပြု နေဆဲဖြစ်ကြောင်း နိုင်ငံတကာ ကလေးစစ်သား
ကာကွယ် စောင့်ရှောက်ရေး အဖွဲ့  Child Soldiers International အဖွဲ့ က
ပြောကြားလိုက်သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 04:37 AM PST
ကချင်စစ်ပွဲ ရပ်စဲရေးအတွက် လိုင်ဇာသို့ သွားရောက်သူ(၆)ဦးအား
ယနေ့နေ့လည် ၁နာရီအချိန်ခန့်တွင် လိုင်ဇာနှင့် ဆယ့်ငါးမိုင်ခန့်အကွာ ခါလာတောင်ခြေ ၊ သိန်းဆင့်လမ်းခွဲ၌ အစိုးရစစ်တပ်မှ တားဆီးထားကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 04:31 AM PST
ရန်ကုန်၊ ဇန်နဝါရီ ၂၃။
သာယာဖို့ ကောင်းသော နံနက် ၇ နာရီခန့် အချိန်တွင် ကိုမြင့်လွင် တစ်ယောက် ရွာထိပ်သို့ တစ်ရွေ့ရွေ့လမ်း လျှောက်လာခဲ့သည်။ ရာသီသည် ဆောင်းရာသီ ဖြစ်သည့်တိုင် သူ့တွင် အနွေးထည်နှင့် တူသော အဝတ်အစား ဝင်ဆင်မလာခဲ့။ အသက် ၄၄ နှစ်အရွယ် ဆိုသည်မှာ သန်မာလျက်ရှိသော လူရွယ်တစ်ယောက် ဖြစ်သော်လည်း သာမန်လူ တစ်ယောက်နှင့် မတူသော သူ့အဖို့ ရွာထိပ်သို့ မနည်းလျှောက်လာ ခဲ့ရသည်။ သူသည် ၁၉၉၁ ခုနှစ်တွင် ပဲခူရိုးမသစ်တောတွင်းသို့ ဝင်၍ မိသားစုအတွက် သစ်ကောက်ရင်း မိုင်းနင်းမိကာ ယခုကဲ့သို့ မသန်စွမ်းဘဝသို့ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။ "အဲဒီတုန်းက လူပျိုလေးပေါ့။ စားဝတ်နေရေး နည်းနည်း ကျပ်တည်းနေတော့ တောထဲ ထင်းသွားကောက်ရင်း မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ဖြတ်လိုက်ရတာပဲ"ဟု ပြောကြားသည်။ ဖြူးမြို့လူထု၏ လှုပ်ရှားမှုသည် ပိုမိုဆူညံလာသည်။ လူအများ မျှော်လင့်စွာ စောင့်စိုင်းနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ "ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် သူ့ကို ဒါပထမဦးဆုံး မြင်ဘူးတာ" ဟု ကိုမြင့်လွင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ပြီးနောက်တွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ် ရွေးကောက်ခြင်း ခံရသူဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးလည်းဖြစ်သည်။ ဒေါ်စုသည် ဖြူးမြို့နယ်မှ စတင်ကာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်ရှိ ကျောက်ကြီးမြို့နယ်သို့ သွားရောက် မည်ဖြစ်သည်။ ကျောက်ကြီးမြို့နှင့် မုန်းမြို့တွင် ယခင် ပြည်တွင်းစစ်များ ဖြစ်ပွားစဉ်က ထောင်ထားခဲ့သော မြေမြုပ်မိုင်းများကြောင့် ယခုအချိန်ထိ ပြည်သူများ ထိခိုက် မှုများ ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက် လေ့လာသော ခရီးစဉ်ဖြစ်ကြောင်း ၎င်း၏ ပါတီတွင်းမှ မရမ်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်း မင့်က ပြောကြားသည်။ "မြေမြုပ်မိုင်းကြောင့် ဒီမှာရှိတဲ့ ပြည်သူတွေ ဒုက္ခအတော် ရောက်နေတယ်။ သူတို့အတွက် စားဝတ်နေရေး အခက် အခဲတွေလည်း ရှိတယ်။ ဆင်းရဲကြတဲ့အပြင် မသန်းစွမ်း ဘဝက ဝင်ငွေရှာဖို့မလွယ်ဘူး" ဖြုးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးက ဆိုသည်။ ဆွမ်ဇာလန် အခြေစိုက် နိုင်ငံတကာ မြေမြုပ်မိုင်း တားဆီးရေး ICBL က မြန်မာနိုင်ငံတွင်း ဒေသ ၄၈ ခုလောက်မှာ မြေမြှုပ်မိုင်း အန္တရယ် ရင်ဆိုင်နေရသည်ဟု ယမန်နှစ်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ "မြေမြှုပ် မိုင်းရဲ့ အကျိုးဆက်တွေဟာ လူသားတွေအားလုံး ခံရတာမို့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုအပ်တယ်"ဟု ယမန်နှစ်က ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၁၂ မြေမြှုပ်မိုင်း လေ့လာ စောင့်ကြည့်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ Moserက ပြောခဲ့သည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလအတွင်း မြေမြှုပ်မိုင်း မသုံးစွဲရေး ကိစ္စတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိသင့်တယ် လို့လည်း ICBL အဖွဲ့က တိုက်တွန်းထားသည်။ "မုန်းမှာ ဆိုလိုရှိရင် ငြိမ်းချမ်းရေး မရှိခြင်းကို အကြောင်ပြုပြီး မြေမြုပ်မိုင်းတွေထောင်ခဲ့တြာေ မုန်းမြို့နယ်နှင့် ဆက်လျက်ရှိသော ကျောက်ကြီးမြို့နယ်တွင်းတွင်လည် သူများ ရှိခဲ့သည်။ ဒေသနှစ်ခု၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းများဖြစ် ခဲ့ကြပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်ခဲ့သည်ဟု ဒေသခံ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူက ထုတ်ဖော်ပြောသည်။ ကမ္ဘာ့နိုင်ငံစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းလောက်သည် မြေမြှုပ် မိုင်းတားဆီးရေး သဘောတူစာချုပ်မှာလက်မှတ်ထိုးထား "အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေ ကူညီရှာဖွေ ရှင်းပေးဖို့ သဘောတူထားတယ်"ဟု ICBL မှ မစ္စတာ Yeshua Moser က ယမန်နှစ်တွင် ရန်ကုန်၌ ပြောခဲ့သည်။ ကရင်၊ ကယား၊ ချင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံး တွေ့ရကြောင်း ထုတ်ပြန်ထားသည်။ နိုင်ငံတကာမှ အကူအညီများအပြင် ပြည်တွင်းမှ စေတနာရှင် အချို့၏ အကူအညီများဖြင့်မသန်စွမ်းဖြစ်ခဲ "ကျွန်တော်မှာက မိသားစု ၄ ယောက်ရှိတယ်။ အမေ အပါအဝင် ၅ ယောက်ပေါ့။ တစ်ခြားကလေးတွေက ငယ်သေးတယ်။ ကျွန်တော် မိုင်းထိသွားတော့ မိသားစုရဲ့လက်တစ်ဖက် ပြုတ် သွားရတာပဲ" ဟု အသက် ၁၈ နှစ်အရွယ်ရှိ ဖြူလေးက မိသားစုတွင်း စီပွားရေးကျပ်တည်းသွားပုံကို ပြောကြားသည်။ သူသည် အသက် ၁၆ နှစ်အရွယ် ၂၀၁၀ ခုနှစ်က ပိုက်ကွန် ပစ်သည့်အချိန်တွင် မိုင်းထိခြင်းဖြစ်ကြောင်း ပြောပြသည်။ "အခု အမေစုလာတဲ့အခါ ကျွန်တော်တို့အတွက် မျှော်လင့်တာ ကတော့ လုပ်ငန်းလေးတစ်ခုပါပဲ။ တစ်ချို့က ထောက်ပံ့ကြေးတွေ ရလိမ့်မည်လို့ ပြောကြတယ်။ ဒါပေမယ့် အပြည့်အစုံကြီးရယ် လို့တော့ မျှော်မှန်းမထားဘူး"ဟု သူ၏ မျှော်လင့်ချက်ကို ပြောပြသည်။ မိုင်းများအား ရှင်းလင်းနေသော အဖွဲ့အစည်းများကလည်း ပြီးပြည့်စုံအောင် ရှင်းလင်းနိုင်ခြင်းမရှိသေးသည့် "မိုင်းတွေကို ရှင်းတော့ လူအရပ် ခါးလယ်လောက်ရှိတဲ့ အပုံ ကြီးတွေ အများကြီးဘဲ။ နောက်ဆုံး သူတို့ ရိက္ခာပို့တဲ့ လမ်းကြောင်းကနေပဲ ပြည်သူတွေကို ဈေးလာရောင်းခိုင်းတာတို့ သွားလာခွင့်ပေး ရတာတို့ လုပ်ရတယ်"ဟု အဆိုပါ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောကြားသည်။ ကမ္ဘာ့ကြက်ခြေနီနှင့် အခြား လူမှုအဖွဲ့အစည်းများက မြေမြှုပ် မိုင်းထိသူများကို ၅ နှစ် တစ်ကြိမ် ခြေတုလက်တု လဲလှယ်ပေးခြင်းနှင့် ဆေးဝါးအကူအညီများ ပေးအပ်ကြောင်းလည်း ဆက်လက်ပြောသည်။ "အစိုးရဆီက ဘာအကူအညီမှ မရဘူး။ ကြက်ခြေနီအဖွဲ့က ပေးတဲ့ ခြေတုပဲ ရတယ်။မျှော်လင့်တာတော့ အများကြီး မမျှော်လင့်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အလုပ်အကိုင်က မရှိသလောက်ရှားတယ်။ ဒါကို ဖြေရှင်းပေးစေချင်တယ်" ဟု ညိုညစ်နေသောခြေတုကို ပိုင်ဆိုင်ထားသူ ကိုမြင့်လွင်က ပြောကြားသည်။ ထို့အပြင် "ကျွန်တော်ဆို ဆေးရုံတက်တုန်းက ၅ သိန်းလောက်ကုန်တယ်။ ဘယ်သူကမှ အလကား မပေးခဲ့ဘူး။ စီးပွားရေး ကျပ်တည်းလွန်းလို့ မြေကွက်အသေးလေးကို ရောင်းလိုက်ရ တယ်" ဟု ၂၀၁၀ ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် ဘယ် ဘက်ခြေထောက်ဖြတ်လိုက်ရသူ တစ်ဦးက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ကြီးမြို့နယ်သို့ရောက်ရှိ "အမေ ကျောက်ကြီးကို နောက်တစ်ခါ လာအုံးမှဖြစ်မှာနော်" ဟု ဆိုင်းဘုတ်ကိုင်ဆောင်ထားသော မသန်စွမ်းသူတစ်ဦးက "ကျွန်တော်တို့က သူကိုအားကိုးတယ်။ ကျွန်တော်တို့အတွက် လိုအပ်ချက်တွေကို သူဖြည့် ပေးနိုင်မယ်လို့ထင်တယ်" ဟုသူ၏ မျှော်လင့်ချက်အားပြောပြ သည်။ အော်ဟစ်သံများ ဆူညံလာခဲ့သည်။ မသန်စွမ်းသူများသည် ၎င်းတို့၏ အားကိုးအားထားပြုရာ ဂျိုင်းထောက်များကို လက်ဖြင့် ကိုင်ဆောင်ကာ ဒေါ်စုကို ကြိုဆိုခဲ့ကြသည်။ မြေမြှုပ်မိုင်းများအား အစိုးရနှင့် ကေအန်မ်ယူ လက်နက်ကိုင်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူမှုများ ရရှိခဲ့ပြီးနောက် ရှင်းလင်းရေးများ လုပ်တောင်ခဲ့သော်လည်း ယခုတိုင်အပြည်အစုံ ရှင်းလင်း မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ကျောက်ကြီးမြို့နယ်တွင်း မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်း ဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ၆၀၀ ခန့်ရှိကြောင်း လူမှုအဖွဲ့ အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်အထိ ခြောက်နှစ်တာကာလတစ်လျှောက် မြေမြုပ်မိုင်းများကြောင့် မြန်မာနိုင်ငံအတွင်း သေကြေ ဒဏ်ရာရသူ စုစုပေါင်းလူဦးရေ (၃၀၀၀)ကျော် ရှိခဲ့ပြီး နိုင်ငံတကာတွင်မြန်မာနိုင်ငံသည် ထိခိုက်ဆုံးရှုံးမှု တတိယ အများဆုံး နိုင်ငံတစ်ခု ဖြစ်သည်ဟု နိုင်ငံတကာ မြေမြုပ်မိုင်း တားဆီးရေး ICBL က ဆိုခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်နေ့သည် ပဲခူးတိုင်းအတွင်း မြေမြှုပ်မိုင်း များကြောင့် ထိခိုက်မိခဲ့သောမသန်စွမ်းသူများ ဒေါ်အောင်ဆန်းစုကြည်သည် ထိုနေ့ညနေတွင်ပင် ကျောက်ကြီး မြို့နယ်ရှိ ကေအန်မ်ယူဆက်ဆံရေးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းရှင်းလင်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ "အဓိကတော့ မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ ဒီမိုင်းတွေကြောင့် မသန်စွမ်းဖြစ်ခဲ့သူတွေအတွက် အကူအညီ ဘယ်လိုပေးမလဲဆိုတာတွေ ဆွေးနွေးဖြစ်ကြတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြိုးဇေယျသော်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထိုနေ့နံနက်ပိုင်းတွင် မုန်းမြို့သို့ ရောက်ရှိစဉ်၌ "ဒီနိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး မရသေးတဲ့ အတွက်ထိခိုက်မိတဲ့ ပြည်သူတွေ အများကြီးရှိတယ်ဆိုတာ သိလို့ လာခဲ့တာပါ" ဟုပြောခဲ့သည်။ ဖြူးမြို့နှင့် မုန်းမြို့သည် ၂ နာရီခန့် သွားလာရသော ဖုန်ထူသော လမ်းဖြစ်ပြီး မုန်းမှတစ်ဆင့်ကျောက်ကြီးမြို့ ညမှောင်ချိန် ရောက်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသော ဒေသခံတို့သည်နေမြဲဖြစ်သည့် ရွာအဝင်ဝများတွင် မီးတုတ်များကိုင်ဆောင်ကာ စောင့်နေကြသည်။သူတို့၏ အပြုံး၊ သူတို့၏ မျှော်လင့်ချက်သည် ဓါတ်ပုံများတွင်သာ တွေ့မြင်ဖုး သော်လည်း အနာဂတ်အလင်းရောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်နေသည်။ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်းရှိ မသန်စွမ်း ဖြစ်ခဲ့သူများနှင့် ဒေသခံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် သူတို့၏ ဖုန်ထူသော ကျေးရွာများအတွက် ဖွံဖြိုးမှုနှင့် စီးပွားရေး တိုးတက်မှုတို့အတွက် မျှော်လင့်ချက်အလင်းရောင်ပင်ြ စူးရှ - The Myanma Age |
||
Posted: 24 Jan 2013 04:21 AM PST
ရှမ်းပြည်
မြောက်ပိုင်း၊လားရှိုးမြို့၌ ယနေ့နေ့လယ် ၁၂း ၃၀ အချိန်တွင် ရဲဝန်ထမ်း
နှစ်ဦးသည် ဆိုင်ကယ်ဖြင့် အရပ်သား ဆိုင်ကယ်သမား(၁)ဦးအား ၀င်တိုက်ပြီး
ထွက်ပြေး သွားကြောင်း ဆိုင်ကယ်တိုက်မိသူထံမှ သိရသည်။
လားရှိုးမြို့ခရိုင်အုပ်ချုပ်ေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 10:40 PM PST
ပုဂံ-ညောင်ဦးရှိ
ရွှေစည်းခုံ စေတီတော်ကြီး၏ ပရ၀ဏ်တွင်း အနောက်ဥပစာရှိ အဖေရွှေညိုသင်နှင့်
သားတော် ရွှေစကားနတ် (အဖေထက်သားတစ်လဦး) နတ်ရုပ်ထုမှ ရွှေများ ပွတ်ယူခံရမှု
ဖြစ်ပွားခဲ့ ကြောင်း ရွှေစည်းခုံ လုံခြုံရေး ၀န်ထမ်းများထံက သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 10:32 PM PST
ဒိုင်နာနှင့်
ဟိုင်းလပ်များ နေရာတွင် ယာဉ်ကြီးများဖြင့် အစားထိုး ပြေးဆွဲနိုင်ရေး
ဖြည်းဖြည်းချင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်းမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 10:26 PM PST
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ
ဝမ်ဘောင်ကုမ္ပဏီ အကျိုးစီးပွားကို ထိခိုက်လာ စေမယ်ဆိုရင် တရားစွဲ
သွားမယ်လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ နောက်ဆုံးရလဒ်ကို နိုင်ငံတကာက စောင့်ကြည့်နေတာကြောင့် စီမံကိန်းရပ်သွားရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 10:05 PM PST
ကချင်
ဒေသ ပြည်တွင်းစစ် ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာရှည်မည် ဆိုပါက
ကျောက်စိမ်း ဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ်ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ
ဦးသိုက်ထွန်းက ပြောသည်။ ”လက်ရှိမှာ ကုမ္ပဏီကြီးတွေက ကုန်ကြမ်းတွေ
ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ်တစ်နှစ် လောက်တော့ တင်းခံနိုင်ဦးမယ်” ဟု
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 09:50 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ နိုင်ငံရပ်ခြား
ခရီးစဉ်များကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည် စတင်လိုက်ပြန်သည်။ နေအိမ်
အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်မြောက်လာ ခဲ့ပြီးနောက်
ဒုတိယအကြိမ် အမေရိကန် ခရီးစဉ်လည်း ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသို့လည်း
ခရီးဆက်မည် ဖြစ်သည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 09:43 PM PST
ဇန်နဝါရီ
၂၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် မူဆယ်-လားရှိုး ကားလမ်းပေါ်ရှိ
နမ့်အွမ်ရွာနှင့် သစ်တောရုံး အကြား နမ့်အွန်ရွာ အလွန်၌ ဖရဲသီးများ
တင်ဆောင်၍ မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးအား
ကေအိုင်အေအဖွဲ့က ကြီးကြပ်မိုင်း တစ်လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jan 2013 09:17 PM PST
ရခိုင်ပြည်၊
မောင်တောမြို့နယ် ကမ်းခြေ တစ်လျှောက်တွင် ရှားပါး တိုက်တေနီယမ် သတ္တုပါသည့်
သဲများအား တူးဖော် စမ်းသပ်ခဲ့မှု များကြောင့် ကမ်းခြေဒေသများ၌
ကမ်းစပ်ပြိုမှုများ ကြုံတွေ့နေရ ကြောင်း ဒေသခံတို့က ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 09:11 PM PST
ရခိုင်
ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ဖို့အတွက်
လူဦးရေစာရင်း ကောက်ခံရာမှာ မြေပုံမြို့နယ် ပြီးစီးသွားပြီ ဖြစ်ပြီး
ကျောက်တော်၊ မင်းပြား နဲ့ မြောက်ဦး မြို့နယ်တွေမှာ ဆက်လက်ဆောင်
ရွက်နေတယ်လို့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jan 2013 08:51 PM PST
ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်မှာ ရှိတဲ့ ဝှေခါကျေးရွာနဲ့ မှော်ဂဠုန် ကျေးရွာ
တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့
စစ်ဘေးရှောင် ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတဲ့အတွက်
အကူအညီပေးဖို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး
ဦးဇော်ဒွဲ က အစိုးရအဖွဲ့ကို ဒီကနေ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ မေတ္တာရပ်ခံ
တောင်းဆိုလိုက်ပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 08:42 PM PST
မွန်ပြည်နယ်အတွင်း
လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ စိစစ် လေ့လာ ချက်များ သုံးသပ်ရေးဆွဲ
တင်ပြရန် ကုလ သမဂ္ဂလူ သားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ရေးမှူးနှင့် ကုလ
သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ဌာနေ ကိုယ်စားလှယ် Mr .Stephen Gray သည် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jan 2013 08:26 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယား ခရီးစဉ်အား ယနေ့ ဇန်နဝါရီလ ၂၄
ရက်နေ့ နံနက်ပိုင်းက စတင်ထွက်ခွာသွားပြီဖြစ်သည်။ --
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jan 2013 08:17 PM PST
လက်ပန်းတောင်းတောင်
ကြေးနီ စီမံကိန်း အကြောင်း အများပြည်သူတွေ ကို အသိပေး ရှင်းလင်းတဲ့
ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မ
ကျောင်းတိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့ အကျိုးစီးပွား ကာကွယ်
စောင့်ရှောက်ရေး ကော်မတီက ဇန်န၀ါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 08:04 PM PST
ပြီးခဲ့တဲ့နှစ်က
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး
တိုက်ခိုက်ခံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးရဲ့ ကိုင်တွယ်ပုံအပေါ်မှာ အမေရိကန် လွှတ်တော် အမတ်တွေက
ဝေဖန်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Jan 2013 07:41 PM PST
ထိုင်းနိုင်ငံမှာ
အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဘုရင်နဲ့ ဘုရင့် အမျိုးအနွယ်တွေကို အသရေ
ဖျက်မှုဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းတဲ့ ဆောင်ပါးတွေကို ဖော်ပြမှုနဲ့
ထိုင်းမဂ္ဂဇင်း တခုဖြစ်တဲ့ Voice of Oppressed မဂ္ဂဇင်းအယ်ဒီတာ Somyot Pruk
saka sem suk ကို ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Jan 2013 07:33 PM PST
မကွေးတိုင်း
မြိုင်မြို့နယ် ပဒွတ်ကျေးရွာက NLD အဖွဲ့ဝင် ၁၇ ဦးကို ဒီလဆန်းက ထောင် ၃ လ
ချခဲ့တာနဲ့ပတ်သက်လို့ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး လွှတ်တော် တရားဥပဒေ
စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီဆီကို ဥပဒေ စိုးမိုးရေး အတွက်
ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ သိရပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment