အိမ်သာမှ ဧည့်လာမယ်
Author: lubo601 |
7:52 PM |
No မှတ်ချက် |
Burma-Newselite's photo.
ထားထားမြင့် ( Burma-Newselite)
ပြီးခဲ့ တဲ့ ၂၀၁၂ က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့  ကမ္ဘာလှည့် ခရီးသွားဧည့်သည်တသန်းလောက် ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်ကို ကိုးကားပြီး ထိုင်းဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ တနေ့ကိုပျဉ်းမျှဧည့်သည် (၂၃၀၀ )လောက်ကို လက်ခံနေရတယ်လို့ ဟိုတယ်ဝန်ကြီးက ပြောပါတယ်။
နိုင်ငံရေးစနစ်တွေပြောင်းလဲလာပြီးနောက်မှာ အရင်က လူ့ အခွင့်အရေး ချိုးဖောက်မှူနဲ့ စစ်အစိုးရကြောင့် ကမ္ဘာလှည့်တွေ စိတ်ဝင်စားပါလျှက်နဲ့ 
မသွားနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုတော့ နိုင်ငံတကာခရီးသွားတွေအကြား
ရေပန်းစားတဲ့ ခရီးစဉ်တခုဖြစ်လာပါပြီ.
တခြားနိုင်ငံတွေလို ဇိမ်ခံခရီးမဟုတ်ပေမယ့် လည်း နှစ်ပေါင်းများစွာ အထီးကျန်ပြီး သီးခြားရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ သူတို့ အတွက်တော့ အလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီသန်းချီတဲ့ ဧည့်သည်တွေကို လက်ခံဖို့  ခရီးသွားလာခြင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ စနစ်တွေ အတော်လုပ်ယူဖို့ လိုသေးတယ်လို့ ခရီးသွားဧည့်ညွန်တွေဆီက သိရပါတယ်။
အထူးသဖြင့် သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာတွေ သန့်စင်ခန်းတွေ အရေးတကြီးလိုအပ်နေတယ်လို ဧည့်လမ်းညွန် မအိသူ ကပြောပါတယ်.
မနှစ်တုန်းက မုံ၇ွာကဖိုဝန်းတောင်ပေါ်မှာ အန္တွရာယ်ကို မလွယ်နိုင်တဲ့ ကမ္ဘာလှည့်အမျိုးသမီးတဦးဟာ သာသနာမြေပေါ်မှာ အခင်းသွားခဲ့ပါတယ်။ အဓိကအကြောင်းကတော့ ဒီလို ခရီးသွားတွေ များတဲ့ နေရာမှာ အိမ်သာသန့်စင်ခန်းကောင်းကောင်း မရှိလို့ ပါဘဲ။
ဖိုဝန်းတောင်တင် မဟုတ်ပါဘူး။ ရန်ကုန်အနီးက သန်လျင်လိုနေရာမှာတောင် အိမ်သာကောင်းကောင်းမရှိတဲ့ အတွက် အဲဒိပတ်ဝန်းကျင်ကို လိုက်ပို့ရရင် ဧည့်သည်တွေကို
ရေသိပ်မသောက်ဖို့ သတိပေးရတယ်လို့  မအိသူကပြောပါတယိ
ဂျာမန်လမ်းညွန် မဇင်ငြိမ်းအေးကလည်း " အင်းဝ မှာလည်း ညစ်ပတ်နေတဲ့ အိမ်သာကို ဘယ်တော့မှမပြင်ဘူး။
ရှေးဟောင်းကလည်းမပြင် တိုးရစ်၈ိုက်တွေက ရေမော်တာလှု ပေးတာတောင် မလုပ်ဘူး
ဗားကရာကျောင်းမှာလည်း သိပ်ဒုက္ခရောက်တာဘဲ
မြင်းလှည်း လမ်းဆိုးဆိုးစီးလာရပြီးရောက်တော့ အပေါ့သွားစရာ မရှိဘူး။
အဲဒါနဲ့ ဧည့်သည်တွေကို ချူံထဲတိုးခိုင်းပြီး မြွေးပါးကင်းပါးတောတိုးခိုင်းရတာဘဲ" ဟု
သူ အတွေ့ အကြုံကိုပြောပါတယ်။
မြန်မာနိုင်ငံဆိုတာ ပူပြင်းတဲ့ ဒေသမို့ ခရီးသွားကြတိုင်း ဧည့်သည်တွေ ကရေပိုသောက်ကြပါတယ်.
အဲဒိအတွက်သန့်စင်ခန်းတွေကို လိုက်ပို့ ရတိုင်း အလွန် မျက်နှာပူရတယ်လို့  ပြင်သစ်ဧည့်လမ်းညွန် မချောချောကြေးမုံက ဆိုပါတယ်။
မြန်မာရဲ့ သဘာဝအလှတွေကို ဧည့်သည်တွေက ချီးကျူးကြသလောက် သန့် ရှင်းမှူမရှိတဲ့ အိမ်သာတွေကိုတော့ ဧည့်သည်တွေက အတော်စိတ်ပျက်ကြတယ်လို
ဆိုပါတယ်မြန်မာရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံကတော့ တနှစ်ကို ကမ္ဘာလှညိ့
ခရီးသည် (၁၃)သန်းလောက်ရှိပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံအစွန်အဖျား ချင်းရိုင်လို နယ်စပ်ဒေသတွေမှာ တောင်ခရီးသွားတွေအတွက် အိမ်သာတွေ
စနစ်တကျဆောက်ပေးထားတာမို့ ထိုင်းနိုင့်ငံမှာတော့  ခရီးသွားတွေဟာ အိနြေရရနဲ့ လည်ပတ်နိုင်ပါတယ်။
တကယ်တော့ အိမ်သာဆိုတာ အရေးမပါဘုးလို့ ထင်ရပေမယ့် 
နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေးအသိရှိမရှိဆိုတာ ပြသရာလည်းရောက်ပါတယ်
မြန်မာပြည်မှာ မိုးမျှေိာတိုက်ကြီးတွေ မြေအောက်ရထားတွေမရှိတာ ရှက်စရာမလိုပေမယ့်အိမ်သာကောင်းကောင်းမရှိတာကတော့ မျက်နှာပူစရာကောင်းတယ်လို့ ဧည့်လမ်းညွန်တွေက ဆိုပါတယ်။
( Share နိုင်ပါတယ် Copy ကူးခြင်းသည်းခံပါ)
ဓာတ်ပုံ ဇင်ငြိမ်းအေး ( ရခိုင်ပြည်နယ်မြောက်ဦးမြို့ က
ဘုရားများရဲ့ အာရုဏ်ဦးရှုခင်း)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment