ဒေါက်တာဆိပ်ဖွား၏နောက်ကွယ်
Ko Kyi Win shared Ko Thantun's photo.
ယနေ့ နိုင်ငံတော်သည် အာဏာကြီးသုံးရပ်ကို အာဏာရှင်များမှ တစ်သွေးတစ်သံတမိန့် စနစ်နဲ့ စီမံခန့်ခွဲခဲ့သည့် ကာလတွေကို ကျော်လွန်ကာ လွှတ်တတော်အသီးသီးမှ ခွဲဝေကျင့်သုံးသည့် စနစ်ကို ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်မှ ပေါ်ပေါက်ခဲ့သည့် လွှတ်တော်အရပ်ရပ်မှ စီမံဆောင်ရွက်နေသည်မှာ ၂ နှစ်တာကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်ပေသည်။
လွန်လေပြီးသောကာလတွေမှ တိုင်းပြည်၏ဒဏ်ရာဒဏ်ချက်တွေကို လက်ရှိ သမ္မတ အစိုးရ နှင့် လွှတ်တော်တို့မှ ကုစားနေသည့်ကာလ မှာလဲ စိမ်ခေါ်မှု သွေးတိုးစမ်းမှု တွေနဲ့ ပြည့်နှက်နေသည့် အချိန်တွင်တည်ရှိနေလေသည်
ယနေ့တိုင်းပြည်အရေး ဆောင်ရွက်နေကြသည့် သမ္မတ အစိုးရနှင့် လွှတ်တော်တို့သည်လဲ အတိုင်အဖေါက် မညီခြင်း ကိစ္စအသီးသီးတွေကိုလဲ သတိထားမိလေသည်
အငြင်းပွားစရာတွေ ပြည့်နှက်နေသည့် ၂၀၀၈ အခြေခံဥပဒေ သည်လည်း တိုင်းပြည်ရေးရာအဖြာဖြာ အတွက် စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ state holder တွေနဲ့ လွှတ်တော်သည် အဓီကကျတဲ့ ကဏ္ဍမှထည့်သွင်းစဉ်းစား နေရသည်
ဒေါက်တာဆိပ်ဖွား ကိစ္စသည် လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံးတို့ အငြင်းပွားမှုမှ စတင်မြစ်ဖျားခံနေသည်ကိုလည်း သတိထားမိသည်
ဒီကိစ္စတွေကို အကျယ်တဝန့် ဆန်းစစ်ဖို့ လိုလာပြီလဲဖြစ်နေပြီ
၂၀၁၀ ရွေးကောက်ပွဲကိုဝင်ကြတဲ့ ပါတီတွေအထဲမှာ ပြည်ခိုင်ဖြိုးပါတီမှတပါး အခြားသောပါတီတွေရဲ့ ရည်ချက်အသီးသီးသည် ၂၀၀၈ ကို ပြင်ဖို့ ရည်ရွယ်ခဲ့ကြသည် ၂၀၁၂ ကြားဖြတ်ကိုဝင်ခဲ့သည့် NLD သည်လဲ ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ် ကြွေးကြော်ခဲ့သည်ကိုလဲ အားလုံးအမှတ်ရမည်ထင်ပါသည်
လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှု တွေနဲ့ ပြည့်နှက်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ထင်သလောက် ရိုးရှင်းသည့် လုပ်ငန်းစဉ်မဟုတ်သည်ကိုလည်း အားလုံးလက်ခံထားပြီးဖြစ်နေသည်
လွှတ်တော်အတွင်းရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်စဉ်ကို
အစိုးရသစ်ရဲ့ ၂နှစ်တာကာ လကို ကြည့်မယ်ဆိုရင် နိုင်ငံတကာက အကောင်းမြင်မှုတွေ တွန်းအားပေးမှုတွေ စောင့်ကြည့်မှုတွေ ထောက်ခံမှုတွေ ပြည့်နှက်နေပြီး အံ့သြဖွယ် ဆုံးဖြတ်ချက်တွေကိုလဲ သမ္မတ အစိုးရ လွှတ်တော် တို့က စွမ်းဆောင်ပြခဲ့ပြီးလည်းဖြစ်နေသ
၂၀၁၂ နှောင်းပိုင်းနှင့် ၂၀၁၃ နှစ်ဦးပိုင်းကာတွေမှာ သမ္မတ အစိုးရ လွှတ်တော်တို့ ၏ ဟန်ချက်မညီမှုတွေလဲ ပေါ်လာခဲ့ပါပြီ ပြည်သူတွေရဲ့ လိုလားတောင့်တချက်တွေကို အခြေခံပြီး ဖြစ်ပေါ်လာသည့် ဟန်ချက်မညီပင်ဖြစ်လေသည်
ပြည်သူတွေရဲ့ လိုလားတောင့်တချက်လို့ ဆိုရခြင်းကို ဥပမာအနေဖြင့် ဆဌမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေး
ဒီစီမံကိန်းကိစ္စဆွေးနွေးကြရာမှာ
အဲဒီလိုဆွေးနွေးကြတဲ့အထဲမှာ အစိုးရအဖွဲ့မှ တင်သွင်းလာတဲ့ ဥပဒေကြမ်း ရဲ့ အပုဒ်တစ်ပုဒ်ချင်းဆီတွေကို ထောက်ခံမှုတွေမပြုကြဘဲ ကန့်ကွက်မှု ဖြည့်စွပ်မှု အစားထိုးမှု အသစ်ထည့်သွင်းစေမှု တွေကို အားမနာတမ်းဝေဖန်ဆွေးနွေးပြီး အစိုးရရဲ့ ကတိကဝတ်မတည်မှု ပြောတဲ့အတိုင်းမလုပ်မှု အထက်အောက် စီးဆင်းမှု မူမမှန်မှု တွေကိုလဲ ဆွေးနွေးခဲ့ကြတာ အလွန်ကို အသက်ဝင်ခဲ့ပါတယ် မွန်တိုင်းရင်းသားဆွေးနွေးချက်မ
ပညာရေးကဏ္ဍမှာ ဆရာ ကျောင်းသား အချိုးမညီမှု ကျမ်းမာရေးကဏ္ဍမှာ ဆရာဝန်နဲ့ လူနာ အချိုးမညီမှု သစ်တောကဏ္ဍ နဲ့မွေးမြူရေးကဏ္ဍမှာ အစိုးရကိန်းဂဏန်းတွေ လွဲမှားနေမှု စတဲ့ အချက်တွေကို အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတာကိုလဲ လေ့လာမိပါတယ်
ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးပြန်တော့ အဲဒီဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက အားနည်းချက်တွေကို ဝေဖန်ပေးတဲ့ ထောက်ပြပေးတဲ့ ကိုယ်စားလှယ်တွေကို ကျေးဇူးဥပကာရတင်ရှိပါကြောင်းနဲ့
နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်တွေနဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေတွေကိုလဲ ပြည်ထောင်စုလွှတ်တော်မှာ ကြားနာပြီး ဆုံးဖြတ်ခဲ့ကြတာကိုလဲ တွေ့မြင်မိပါတယ် နိုင်ငံတကာမှာလဲ ဒီလိုစနစ်တွေနဲ့ ဆောင်ရွက်နေတာကိုလည်း သတိထားမိမှာပါ ဥပမာအနေနဲ့ US သမ္မတ ရဲ့ သဘောထားတွေကို လွှတ်တော်မှာ ကြားနာပြီး အတည်ပြုခြင်း ပယ်ဖျက်ခြင်းတွေ ဆောင်ရွက်နေပါတယ်
ဒါကြောင့်လွှတ်တော်သည် ပြည်သူ့အသံစုံလင်သည့် နေရာဖြစ်သည်နှုင့်အညီ လွှတ်တော်ရဲ့အခန်းကဏ္ဍသည်လဲ အရေးကြီးပါတယ် ကျွန်တော်တို့နိုင်ငံမှာ လွှတ်တော်မရှိခဲ့တဲ့ ကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဌာရုံအများအပြားကို လဲသတိရကြမယ်ထင်ပါတယ်
ယနေ့ကာလသည် ပြုပြင်ရန်ခက်ခဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို ရတဲ့ဘောင်အတွင်းကနေ ချဲ့ယူနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုလဲ အခြေအနေအမျိုးမျိုး ရှုဒေါင့်အမျိုးမျိုး အင်အားစုအမျိုးမျိုး ကနေ ပြစ်တင်ဝေဖန်မှုတွေလဲ ရှိလာပါတယ်
ဒီမိုကရေစီစနစ် ထူထောင်နေတဲ့ကာလမှာ ဒီလို ဝေဖန်မှုတွေက သီးခံနိုင်စရာ နားလည်ပေးနိုင်စရာတွေရှိနေပေမဲ့
စီးချင်းထိုးနေသည်ဆို့တဲ့စကားရပ
ဒေါက်တာဆိပ်ဖွားရဲ့ ဆောင်းပါးမှာ ပါတဲ့ "လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်
ဒီနေရာမှာလဲ FB ပရိတ်သတ်တွေအနေနဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ခံပြင်း စိတ်နဲ့ တုံ့ပြန်မှုတွေရှိလာတာကိုလဲ သိရပါတယ် ဒီလိုခံပြင်းစိတ်တွေထွက်ပေါ်လာတာ
လွှတ်တော်ရေးရာကော်မတီအနေနဲ့ ဒေါက်တာဆိပ်ဖွားကိစ္စကို လေ့လာပြိး ဆုံးဖြတ်တဲ့ အခါမှာ ခံပြင်းသူတို့ရဲ့ သဘောထားမှတ်ချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်
အခုကိစ္စသည် ဒေါက်တာဆိပ်ဖွားဖြစ်ခြင်း အခြားသူဖြစ်ခြင်း က အဓိကမဟုတ်ဘဲ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံ အခြေအနေနဲ့ ချိန်ညှို စဉ်းစားကြည့်မိပြီး သုံးသပ်တင်ပြခြင်းသာဖြစ်ပါတယ်
0 comments:
Post a Comment