Thursday, January 17, 2013

စာဖတ်ပါ

 by Thiha Soe on Thursday, January 17, 2013 at 2:06am ·



ရုံးချိန်း
ယနေ့ ရုံးချိန်းရှိသည်။ တရားခွင်မှာလျှောက်လဲချက်ပေးရမည်။ အမှုဖြစ်စဉ်အကျဉ်း၊ တရားလိုဘက်မှ သက်သေများ၏ထွက်ဆိုချက်အပေါ် သုံးသပ်ချက်၊ တရားခံဘက်မှ သက်သေများ၏ထွက်ဆိုချက် အပေါ် သုံးသပ်ချက်၊ နှစ်ဘက်ထွက်ဆိုချက်များအပေါ် သုံးသပ်ချက်၊ နိဂုံးတင်ပြချက်တို့ ပါဝင်ရမည်။ အချက်အလက်များစုံရမည်။ ဥပဒေပြဌာန်းချက်နှင့် ဆက်စပ်သုံးသပ်ရမည်။ ကျမ်းကိုး၊ ကျမ်းကားစုံလင်ရမည်။ ပြီးစလွယ်မတင်ပြရ။ ရုံးချိန်းမသွားမီ ရှေ့ နေ၊ ရှေ့ ရပ်တိုင်း ဂရုပြု သတိချပ်သင့်သော ကျင့်စဉ်များပင်ဖြစ်ပါသည်။


စာဖတ်ပါ 
          လျှောက်လဲချက် ရေးသားတင်ဆက်ခြင်းသည် ရှေ့ နေရှေ့ ရပ်များ၏ အဓိက လုပ်ငန်းဖြစ်သည်။ မိမိလိုက်ပါဆောင်ရွက်ခဲ့သောအမှုအတွက် ဥပဒေပါ ပြဌာန်းချက်နှင့်အညီ တရားသူကြီးအားလျှောက်လဲ တင်ပြရသည်။ တရားရုံးကိုကူညီခြင်းလည်းဖြစ်သည်။ လျှောက်လဲချက်ဟူသည် အချက်အလက်များကို ဥပဒေပြဌာန်းချက်များနှင့်ပေါင်းစပ်ပေးခြင်းဖြစ်သည်။ ဥပဒေပြဌာန်းချက်များကို ဖတ်မှ၊ လေ့လာမှ၊ စာဖတ်မှ တာဝန်ကျေသည်။

တရားရုံးများလက်စွဲ 
ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက တရားရုံးများလက်စွဲကို မြန်မာလို ပြန်ဆိုထုတ်ဝေခဲ့ဘူးသည်။ ၁၉၄၆၊ ၁၉၅၇ တွင် ပြင်ဆင်တည်းဖြတ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ၁၉၇၀ နောက်ပိုင်း မြန်မာဘာသာပြန်သည်။ နောက်ဆုံးပြင်ဆင်ချက်များဖြည့်သည်။ ဝေါဟာရများညှိသည်။ လုပ်ထုံးများဖော်ပြသည်။

စီရင်ထုံးများ 
အစဉ်အဆက် ဓမ္မသတ်များ၊ ဖြတ်ထုံးများ၊ အမိန့် စာ၊ အမှာစာများ၊ တရားဥပဒေ၏ ပင်စည် အရင်းအမြစ်များ၊ စံပြုရာ ဓလေ့ထုံးတမ်းများ၊ ကြောင်းခြင်းရာ၊ ကောက်ချက်၊ လျှောက်လဲချက်၊ ဆုံးဖြတ်ချက်၊ ကျိုးကြောင်းပြဆိုချက်၊ အောက်မြန်မာပြည်၊ အထက်မြန်မာပြည်၊ ၁၈၉၅မှ၁၉၁၈၊ ၁၉၁၇မှ ၁၉၂၀၊ ၁၉၂၁မှ ၁၉၂၇၊ ( ၁၉၂၃မှ ၁၉၃၇ အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ်မှ ခွဲမထွက်မီ)။ ၁၉၃၇မှ ၁၉၄၇အထိ (အိန္ဒိယမှခွဲထွက်ပြီး ) အထိ စီရင်ထုံးများ၊ လွတ်လပ်ရေးရပြီးခေတ်၊ ၁၉၄၈ နောက်ပိုင်း၊ တရားရုံးချုပ်ခေတ်၊ ခေတ်အဆက်ဆက်မြန်မာနိုင်ငံစီရင်ထုံးများရှိသည်။

ဥပဒေများ 
          အက်ဥပဒေများ၊ ပြဌာန်းဥပဒေများ၊ နည်းဥပဒေများ၊ လက်စွဲများ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ သက်သေခံအက်ဥပဒေ၊ ရာဇသတ်ကြီး (ပြစ်မှုဥပဒေ)၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ မြန်မာနိုင်ငံဥပဒေပေါင်းချုပ်များမှသည် ယနေ့ နှစ်အလိုက် ပြည်ထောင်စုရှေ့ နေချုပ်ရုံးမှ ထုတ်ဝေလျက်ရှိသော ဥပဒေများ၊ နိုင်ငံတော်က ပြဌာန်းသည့်ဥပဒေများ၊ ပြည်ထောင်စုလွှတ်တော်တွင်ရေးသားဆဲ၊ ဆွေးနွေးဆဲ ဥပဒေမူကြမ်းများမှ အသစ်ပြဌာန်းသည်အထိ နောက်ဆုံးဥပဒေများ၏ အခြေအနေ၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းပြုလုပ်သော ဥပဒေများ၊ အမိန့် ၊ကြော်ငြာစာများ၊ အမိန့် များစသည် စသည်တို့ သည် ဥပဒေပညာရှင်များလက်မလွတ်သင့်သော၊ ဖတ်ရှုလေ့လာထိုက်သော ပညာရပ်များဖြစ်သည်။

ပြင်မှန်းမသိ၊ ရုပ်သိမ်းမှန်းမသိ 
ဥပဒေတစ်ခုအားပြင်ဆင်ပြီးမှန်းမသိ၊ ရုပ်သိမ်းလိုက်သည်ကို မသိ၊ အကြောင်းအမျိုးမျိုး ရှိတတ်၊ ကြုံတတ်ပါ၏။ မိမိ၏ အသိအမှတ်ချို့ ယွင်းမှုကြောင့် မမှားသောရှေ့ နေ၊ မသေသောဆေးသမား မရှိ ဟူသကဲ့သို့ ဖြစ်တတ်ချေ၏။ မိမိ၏ဘာသာရပ်ကို မိမိမတတ်၊ မကျွမ်းသကဲ့သို့ ကြုံတတ်ပါ၏။ တရားသူကြီး၏ တည့်မတ်သောဆုံးဖြတ်ချက်ချမှတ်ဖို့ ရှေ့ နေရှေ့ ရပ်များက တရားရုံး၏အကျိုးဆောင်အရာရှိများဖြစ်ကြကုန်၏။ ငှားရမ်းထားသော ပြည်သူများအတွက် ဥပဒေပညာရပ်ဖြင့် သယ်ပိုးထမ်းဆောင်ကြသူများလည်းဖြစ်ကြပါ၏။

ကျမ်းမျိုးစုံမှ ဥာဏ်ဟုန်ပြင်း 
          ကျမ်းမျိုးစုံမှ ဥာဏ်ဟုန်ပြင်း၊ နည်းမျိုစုံမှ ရန်ပုံခွင်း ဟူသောဆောင်ပုဒ်ကို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ပြည်သူ့ အကျိုးဆောင်အဖွဲ့ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ဘူးသူလည်း ဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မြင့်မောင်က ကျွန်တော်တို့ ဥပဒေအရာရှိများအား သင်ကြားပေးခဲ့ဘူးသည်။ ဥပဒေအရာရှိတွေဟာ ဥပဒေကျမ်းတွေကို စုံလင်အောင်ဖတ်ဖူးရမယ်။ ရာဇသတ်ကြီးနဲ့ ကျင့်ထုံးစာအုပ်ကလေးကိုသာ ဖတ်ရုံနဲ့ မလုံလောက်ဘူးဟု တဖွဖွ မှာကြား၏။ ကုလသမဂ္ဂတွင် တာဝန်ထမ်းခဲ့ဘူးသူလည်းညဖစ်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ဥပဒေအရာရှိများ၏ အခန်းကဏ္ဍကို သင်ပြ၏။ စာဖတ်ပါ။ စုံအောင်ဖတ်ပါ။ တရားခွင်မှာ အသုံးချပါဟုလည်း ဟောပြော၏။ တရားမမှုခင်းကြီးများအတွက် ခက်ခက်ခဲခဲကြိုးပမ်းမှ၊ ကျမ်းမျိုးစုံမှ ဥပဒေအရာရှိကောင်းဖြစ်နိုင်ကြောင်း သွန်သင်ခဲ့ပုံများကို ယနေ့ တိုင် မမေ့သေးပါ။

ပုံနှိပ်ခြင်း 
          ဥပဒေစာအုပ်များဖတ်ရှုဖို့ ၊ လေ့လာဖို့ ဆိုသည်ကလည်း ပုံနှိပ်ဖို့ စာအုပ်များရှိဖို့ လည်း လိုအပ်သည်။ တစ်ခေတ်တစ်ခါက စာပေဗိမာန်စာအုပ်ဆိုင်သည် ဥပဒေစာအုပ်မျိုးစုံရသည်။ အလွယ်တကူဝယ်နိုင်သည်။ အခြား AVA HOUSE ကဲ့သို့ စာအုပ်ဆိုင်မျိုးမှလည်း နိုင်ငံခြားက ဥပဒေစာအုပ်တွေဝယ်နိုင်သည်။ ယနေ့ တွင် ဥပဒေအဟောင်းများ၊ ပြန်ဖတ်ဖို့ လိုအပ်သော ဥပဒေများမှာ စာအုပ်အဖြစ်ရှားပါးသွားပြီ။ လူငယ်ရှေ့ နေပေါက်စများ မဖတ်ဖူး၊ မမြင်ဘူးသော စာအုပ်တွေရှိနိုင်သည်။ လုံလောက်အောာင်ပုံနှိပ်ထုတ်ဝေသင့်သည်။

တက္ကသိုလ် ဥပဒေပညာဌာန 
          တက္ကသိုလ်ဥပဒေပညာဌာနသည် တရားသူကြီးများ၊ ရှေ့ နေများ၊ ဥပဒေအရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ရဲအရာရှိများ၊ ဥပဒေပညာရှင်များမွေထုတ်ရာနေရာဖြစ်သည်။ ဥပဒေစာအုပ်တွင် စုံလင်သော တက္ကသိုလ်ဥပဒေပညာဌာန၏ အခန်းကဏ္ဍကို မမေ့အပ်။ လိုအပ်ချက်တွေကတော့ ရှိစမြဲ။ စာဖတ်ဖို့ ၊ စာတတ်ဖို့ ၊ နိုင်ငံတကာအဆင့်မီဖို့ ၊ ဥပဒေပင်လယ်ပြင်မှာ ကျယ်ကျယ်ပြန့် ပြန် လှော်ခတ်နိုင်ဖို့  ရည်မှန်းသည်။

ပညာပါသော စီရင်ချက် 
          ဤစီရင်ချက်သည် ပညာပါသည်။ ဥပဒေပေတံမီသည်။ ပေမီ၊ ဒေါက်မီ လေ့လာအပ်သည်။ နမူနာယူသင့်သည်။ စီရင်ချက်သည် စီရင်ချက်နှင့် တူရမည်။ စီရင်ထုံးအကိုးအကား၊ ဥပဒေပြဌာန်းချက် အပြည့်အစံ။ ချို့ ယွင်းချက်၊ အားနည်းချက်၊ အားသာချက်၊ အမှားနှင့်အမှန်၊ အမှန်က ဤသို့ ၊ အမှားက ဤပုံ၊ ပြည့်ပြည့်စုံစုံသုံးသပ်ထားသည်။ တရားမျှတမှုကို အခြေခံသည်။ အမှန်တရားကို အများမြင်စေသည်။ ပညာပါသောစီရင်ချက်၊ ဥပဒေပညာနှင့်ပြည့်စုံသောအရည်အချင်းပြည့်ဝသော၊ တရားမျှတသောစီရင်ချက် ဖြစ်ပါပေသည်။

လူတိုင်း စာဖတ်ကြသည်
          ယနေ့ လူတိုင်း စာဖတ်ကြပါသည်။ သတင်းစာဖတ်သည်။ ဂျာနယ်ဖတ်သည်။ ဂျာနယ်တွေများလွန်း၍ဖတ်၍ပင် မကုန်နိုင်။ အင်တာနက်သုံးသူတွေအများကြီး။ အပျော်ဖတ်စာပေတွေ ဝေးသွားသည်။ သုတစာပေတွေ အဖတ်များလာကြပြီ။ ၀ါသနာအရ စာဖတ်ကြသည်။ လူတိုင်းစာဖတ်ကြသည်။ ကြိုဆိုထိုက်ပါ၏။

တာဝန်အရ စာဖတ်ကြပါ။
          ယခုတင်ပြချက်မှာ တာဝန်အရ စာဖတ်ကြဖို့ ဖြစ်သည်။ တရားသူကြီး၊ ရှေ့ နေရှေ့ ရပ်၊ အုပ်ချုပ်ရေးအရာရှိ၊ ရဲအရာရှိများ( အထူးသဖြင့် လူငယ်များ) သည် တာဝန်အရ စာဖတ်ကြရမည်။ ၀ါသနာမပါလျှင်လည်း တာဝန်ရှိ၍ တာဝန်အရ စာဖတ်ရမည်။ သို့ မှသာ ပေးအပ်သော တာဝန်ကျေပွန်မည်။ ထဲထဲဝင်ဝင်၊ နက်နက်နဲန အလုပ်ထဲမှာ စာဖတ်ကြပါ။ ဖြစ်သလိုပြီးစလွယ် မလုပ်သင့်ပါ။ ကိုယ့်တာဝန်ကိုထမ်း၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြသည်သာ။ ထို့ ကြောင့် စာဖတ်ပါ။
*လေးစားစွာ ထပ်မံတင်ပြပါရစေ။
*စာဖတ်ပါ။
ဦးဟန်ညွန့် (ဥပဒေ)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...