သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁)
သစ်ထူးလွင်
|
- ဖါးကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၂၅
- ဇန်န၀ါရီလ(၁၀)ရက်နေ့ ထုတ် ပြည်သူ့ ခေတ် ဂျာနယ် Vol 3 No 128
- ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် HR journal အမှတ်(၁၇၇)
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- မြန်မာသို့  အီရန်လွှတ်တော်အမတ်များ ရိုဟင်ဂျာမူဆလင်များ၏ အခြေအနေကို လေ့လာရန် လာရောက်မည်
- ကြေးနီတောင်စီမံကိန်းတဝိုက် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ဟု ပညာရှင်တွေပြော
- ဒေါ်အောင်ဆန်းစုကြည် ကရင်နှစ်သစ်ကူး သဝဏ်လွှာပေးပို့
- နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ခံယူ
- ခင်ဦးမြို့နယ်တွင် မိုးခေါင်မှုကြောင့် စပါးခင်းများ ပျက်စီးကာ အထွက်နှုန်း လျော့ကျ
- တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်
- မန္တလေး - မြစ်ကြီးနား အထူးရထား မိုင်းခွဲခံရ ၊ ခရီးသည် ၁၀ ဦး ခန့် ဒဏ်ရာရရှိ
- အပျိုဝင်စအရွယ် မြန်မာ အမျိုးသမီးလေးကို ပြည်တန်ဆာ လုပ်ရန် ရိုက်နှိပ်သွပ်သွင်းနေသည့် ၀မ်းနည်းဖွယ်ရာ (ရုပ်/သံ)
- မြေပလ္လင် နှင့် နန့်စီးအောင်ကျေးရွာအကြား ရထားလမ်း မိုင်းပေါက်ကွဲမှုဖြစ်ပွား
- မန္တလေးမြို့ စက်မှုဇုန်များနှင့် မြို့အတွင်းရှိ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုများအား တိုင်းတာ စစ်ဆေးသွားမည်
- ၁၉၉၄ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းသို့ ပြောင်းရွှေ့ခံရသူများ ဆန္ဒထုတ်ဖော်
- ညောင်တုန်းမြို့နယ်ရှိ တောင်သူများ၊ ရေလုပ်သားများ ကိုယ်ကျိုးနစ်နာ ဆုံးရူံးမှုများအတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်
- ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှလုံးကျန်းမာရေးကြောင့် တလခန့်အနားယူရမည် သတင်းထွက်ပေါ်
- မြန်မာဘဏ်တွေနဲ့ Western Union တို့ စာချုပ်
- အာဆီယံ အခွန်လွတ် ကုန်သွယ်မှု
- ပြင်သစ်ပြည်တွင်း လုံခြုံရေး တိုးမြှင့်မယ်
- ဘေကျင်းမှာ လေထု ညစ်ညမ်းမှု ဆိုးဝါး
- ယနေ့ နံနက် အမှတ် ၃၄ အစုန် လူစီးရထား KIA မိုင်းခွဲတိုက်ခိုက်
-
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိ
မ်အေးချမ်းရေး ကော်မတီ ပြည်နယ်များအား စတင် စစ်ဆေး တော့မည် - ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး
Posted: 13 Jan 2013 07:18 AM PST
ကချင်ပြည်နယ်
ဖားကန့် ကျောက်စိမ်းတွင်း ဒေသ လုံးခင်းကျေးရွာ အုပ်စု ကထန်ရွာမှာ ဇန်နဝါရီ
၁၃ရက် ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ
တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေဟာ လုံးခင်းနဲ့ မှော်စီဆာရွာ
တွေဘက်ကို ထွက်ပြေး တိမ်းရှောင်လာတာ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 13 Jan 2013 06:59 AM PST
|
||
Posted: 13 Jan 2013 06:55 AM PST
|
||
Posted: 13 Jan 2013 06:53 AM PST
|
||
Posted: 13 Jan 2013 05:53 AM PST
မြန်မာ့
နိုင်ငံရေး ဖြစ်စဉ်၊ နိုင်ငံရေး ခေါင်းဆောင် အများစုနှင့် နိုင်ငံရေးသမား
အများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့် အပြင်၊ တခါတရံ အလွန် နားလည်ရ
ခက်သည်ဟု ဆိုသော သက်ကြီး ၀ါကြီးတို့၏ စကားကို ကျွန်တော်တို့ မှတ်သား
ခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်း အရွယ်ရောက်သော
အချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင် အများစုနှင့်
နိုင်ငံရေးသမား အများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမအစည်းအဝေး၊ ပထမနေ့၊ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံစကားပြောရင်း လဘက်ရည်ဝိုင်းဖွဲ့ခဲ့သည်။ အဆိုပါ နွေးထွေးသော လဘက်ရည်ဝိုင်းသည် သတင်းထောက်တစ်ဦး၏ ခရိုနီများနှင့် ပတ်သက်သော မေးခွန်းကြောင့် ပိုမိုသက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ရာတွင် အာဃာတကို အခြေခံပြီး၊ လုပ်သည်ကို မကြိုက်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။ အကယ်စင်စစ်၊ မကျေနပ်မှု၊ ဖိနှိပ်ခံရမှု၊ မတရားခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် အာဃာတဖြစ်ပြီး၊ အာဃာတကြောင့် မသင့်မမြတ် ဖြစ်ကြရသည်။ အာဃာတသည် အကြောင်းမဲ့ ဖြစ်လာခြင်းမဟုတ်။ ထို့ကြောင့် ဖြစ်ရသည့် အကြောင်းများကို ချေဖျက်မှ၊ အာဃာတလည်း ပျောက်မည်ဖြစ်သည်။ လတ်တလော ခရိုနီများကိစ္စကို ကြည့်လျင်၊ မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူအတော်များများက မည်သူတို့သည် ခရိုနီကြီးများဖြစ်သည်ကို ကောင်းကောင်း သိကြသည်။ ထိုခရိုကြီးများအနေဖြင့်၊ အများပြည်သူအနေဖြင့်၊ အာဃာတ ဖြစ်စေခဲ့ရသော အကြောင်းများကို ဦးစွာ အထုပ်ဖြေ၊ ရှင်းပြခြင်းသည် အကောင်းဆုံး အာဃာတ ဖြေဖျောက်ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။ စကားမစပ်၊ လက်ရှိမြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင်လည်း အာဃာတကို ဘေးဖယ်ထားသည့်မူ၊ လမ်းစဉ်တို့ကို ကိုင်စွဲဆောင်ရွက်မည်ဆိုလျင် ကောင်းလေစွဟု မြည်တွန်တောက်တီးမိသည်။ ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစုများ အကြားတွင် မျက်နှာချင်းဆိုင် စကားမပြောနိုင်သည်မှာလည်း ထိုအာဃာတကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ပြည်နယ်များ၏ လက်ရှိနိုင်ငံရေး အနေအထားကို ကြည့်လျင်၊ အာဃာတတရားများကို ဘေးဖယ်ထားပြီး၊ အတူလက်တွဲ အလုပ်လုပ်နေကြသည်မှာ အားရစရာဖြစ်သည်။ ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ပါတီတည်း ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်သည်။ သို့သော် တဖက်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ခရိုနီအမျိုးမျိုးရှိကြောင်း၊ ခရိုနီဟုခေါ်ရသည်မှာ န၀တ၊ နအဖခေတ်တွင် ချမ်းသာလာကြသူများကို ခေါ်ခြင်းဖြစ်ကြောင်း၊ ခရိုနီများ ချမ်းသာလာကြပုံများသည် မတူညီကြကြောင်း၊ ချမ်းသာပုံ ချမ်းသားနည်းတွင် မတရားမှုများ ပါ၊ မပါကို စိစစ်ရမှာဖြစ်ကြောင်း၊ မည်သူဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ခရိုနီကြီးတို့ ခုန်ပေါက် ပျော်မြူးကြသည့်အချိန်တွင် ပြည်သူလူထုကြီးက ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။ ပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ရာတွင် အဓိကနေရာမှ ပါခဲ့သည့် ခရိုနီများကို သက်သေအထောက်အထား မရှိသဖြင့် အပြစ်မှ ကွင်းလုံးကျွတ် လွတ်စေဟု တစ်ချက်လွှတ် အမိန့်ချလိုက်ခြင်းပင် ဖြစ်သည်။ အကယ်စင်စစ်၊ မြန်မာပြည် တနံတလျားမှ ပြည်သူလူထု အများစုကြီးသည် အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ပြီး၊ မတရား ချမ်းသာကြွယ်ဝလာသော ခရိုနီများအကြောင်းကို ဘ၀နှင့်ရင်း၊ တွေ့ကြုံခဲ့ရ၊ တွေ့ကြုံနေရသဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် များစွာ နားလည် သဘောပေါက်ပြီးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အပြစ်ရှာမရအောင် လုပ်နိုင်သည့် အခြေအနေများ၊ ပံ့ပိုးမည့်သူများ၊ အင်နှင့်အားနှင့် ရှိနေချိန်တွင် ဘယ်ခရိုနီကြီးကို ပြစ်မှုထင်ရှားကြောင်း ပြနိုင်ပါမည်နည်း။ အခြေအနေအရ၊ ပြစ်မှုထင်ရှားအောင် မပြနိုင်လင့်ကစား၊ အများပြည်သူ၏ နှလုံးသားတွင် မည်သူတို့သည် ခရိုနီကြီးများ ဖြစ်သည်ကို သံမှိုဆွဲထားပြီးဖြစ်သည်။ ပြစ်မှုကျူးလွန်သူများသည် ကိုယ့်ကိုယ်ကို ပြုပြင်ပိုင်ခွင့်ရှိသည်ကို လက်ခံသော်လည်း၊ တရားဥပဒေကြောင်းအရ ထိုက်သင့်သော ပြစ်ဒဏ်ကို ခံယူရင်း၊ ပြုပြင်ခွင့် ပေးရမည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးကိုလည်း နှလုံးသွင်းရမည်ဖြစ်သည်။ သို့သော် မိမိ၏နှုတ်ထွက်စကားသည် ခရိုနီများဖက်မှ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း၊ ရပ်တည်သည့်သဘော သက်ရောက်သွားမည်ကို သတိထားဆင်ခြင်သင့်သည်ဟု အကျိုးမျော် နှိုးဆော်လိုပါသည်။ လက်ရှိ ခရိုနီရှင်းတမ်း၏ အဓိကဇစ်မြစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုနီများကို ဘေးဖယ်ထားရမည်၊ ကျဉ်ထားရမည်၊ လူရာမသွင်းဘဲ ထားရမည်ဟု ဆော်သြနေကြခြင်း မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်တိုင်း ခရိုနီကြီးများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ပိတ်ပင်ခြင်းမဟုတ်။ ပေါ်ပြူလာမဆန်၊ ပေါ်ပင်မဟုတ်၊ လက်တွေ့မျက်တွေ့လှူဒါန်းမှုမျိုး ပြည်သူလူထုကို ကိုယ်စားပြုသော၊ ကိုယ်စားပြုလိုသော အစိုးရများ၊ နိုင်ငံရေးပါတီများသည် လူထုက ငြိုငြင်သော ခရိုနီကြီးများနှင့် ဆက်ဆံရာတွင် တိကျပြတ်သားသော မူဝါဒ၊ လမ်းစဉ်ချမှတ်ထားရန် အလွန်အရေးကြီးသည်။ စည်းကမ်းတကျ၊ မူဘောင်ထဲမှ ခရိုနီကြီးများ၏ ပါဝင်ခွင့်ကို သတ်မှတ်ရမည်ဖြစ်သည်။ ခရိုနီများသည် ကိုယ့်အကျိုး၊ ကိုယ့်ဆွေမျိုးနှင့် မိသားစုအကျိုး၊ ကိုယ့်ဆရာသမား အကျိုးများကိုသာ ရှေ့တန်းတင်ပြီး၊ နိုင်ငံနှင့် ပြည်သူအကျိုးကို လစ်လျူရှု၊ အလေးမထားခဲ့သည့် နှစ်နှစ်ဆယ်ကျော် မှတ်တမ်းများအရ၊ ခရိုနီများအပေါ် အယုံမလွယ်ပဲ၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သတိနှင့် ထိတွေ့ဆက်ဆံဖို့ အကြံပြုခြင်း သက်သက်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ဆေးမြီးတိုကို အသုံးပြု၍ မဖြစ်နိုင်သကဲ့သို့၊ လတ်တလောဝေဒနာ သက်သာရုံကုသ၍လည်း မဖြစ်နိုင်ပါ။ အနာရှိလျင် ဆေးရှိမည်သာ။ ထို့ကြောင့် ခရိုနီအရင်းရှင်စနစ်ကို စနစ်တကျ ချဉ်းကပ်ပြီး၊ အမြစ်ပြတ်ပျောက်အောင် ကုသဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ပုံဖော်နိုင်ရန် မဟာဗျူဟာ၊ နည်းဗျူဟာများ စနစ်တကျ ရေးဆွဲချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်သည်။ တဖက်ကလည်း၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ခရိုနီများနှင့် ဆက်ဆံရေးအပိုင်းတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့်အတွက် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်သည် ခရိုနီများအတွက် လိုတရသေတ္တာကြီး ဖြစ်ခဲ့ရသည်။ ပွင့်လင်မြင်သာမှု နည်းခြင်းသည် ခရိုနီများအတွက် အခွင့်အလမ်းကောင်းဖြစ်ခဲ့သည်။ ''လူများတွေ ဒုက္ခရောက်နေချိန်မှာ ချမ်းသာနေတာ ရှက်စရာကောင်းတယ်'' ဟု တချိန်က အမည်မသိ၊ အမည်သိသလိုလို၊ မသိသလိုလို ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ဖူးပါသည်။ ယနေ့ခေတ်တွင် အဆိုပါစကားကို ပြောင်းပြန် လုပ်ပစ်ရတော့မည်ထင်သည်။ လူများတွေ ဒုက္ခရောက်နေချိန် မှာ ချမ်းသာနေတာ ဂုဏ်ယူစရာပါဟု ပြောင်းပစ်ရမည်ထင်သည်။ အဆိုပါ ချမ်းသာကြွယ်ဝမှုများကို ကျစ်ကျစ်လစ်လစ်၊ မယိုမဖိတ်သိမ်းထားပြီး၊ ခေတ်စနစ်ပြောင်းသည့် အချိန်တွင် လူထုထောက်ခံမှု အများဆုံးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီကို ပြည်သူလူထုဘန်းပြ၊ လှူဒါန်းမှုပြုလိုက်ရုံဖြင့်၊ ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာ၊ အတုယူစရာ၊ ကြီးကျယ်ခန်းနားသော အရာ ဖြစ်သွားနိုင်ပါသည်ဟု ပြန်ပြောင်း မိန့်ကြားရမလို ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုကို စက်မှုတော်လှန်ရေးဆီ ပြန်ခေါ်သွားပြီး၊ အမေရိကန်ပြည်ထောင်စုမှာလည်း လွန်ခဲ့သော နှစ် နှစ်ရာကျော်က ယနေ့ မြန်မာနိုင်ငံမှာကဲ့သို့ ခရိုနီကြီးများ ကြီးစိုးခဲ့သော်လည်း ယနေ့ကမ္ဘာတွင် နံပါတ်တစ် ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည်ကို စံနမူနာယူလျက်၊ မြန်မာ့ခရိုနီကြီးများအပေါ် နားလည်မှုပေးကြပါဟု လော်ဘီလုပ်ပေးနေသယောင် ခံစားမိလိုက်ကြရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟု အခေါ်ခံရသူများက အန်အယ်လ်ဒီနှင့် အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့်ကြောင်း၊ အဆိုပါငွေများကို အခြားနေရာတွင် အလာဟာသဖြစ်အောင် သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင် သုံးခြင်းသည် အလွန်ကောင်းကြောင်း၊ အန်အယ်လ်ဒီကို ချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကို ချဉ်းကပ်သည်လားကို မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကို အကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို အကျိုးပြုမည်၊ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊ ပြောသတိ၊ တွေးသတိ၊ အစစအရာ ရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်း အကြံပြုလိုသည်။ စကားနောက် တရားပါ။ ကြမ်းကျွံလျင်နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့် အကိုးအကားများဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိသည်။ အဆိုပါ ဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်းကို ကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင်ကြီးများန Written by ဒေါက်တာရန်မျိုးသိမ်း ၁၁၊ ဇန်န၀ါရီ၊ ၂၀၁၃ Eleven Media Group |
||
Posted: 13 Jan 2013 06:04 AM PST
အီရန်ပါလီမန်
အမတ်များနှင့် အစိုးရ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် မြန်မာ
တာဝန်ရှိ သူများနှင့် တွေ့ ဆုံပြီး ရိုဟင်ဂျာ မူဆလင်များ၏ အခြေအနေကို
လေ့လာရန် အတွက် မြန်မာသို့  နံနက်ဖြန် တနင်္ဂနွေနေ့တွင် လာရောက်မည်
ဖြစ်ကြောင်း၊----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Jan 2013 06:12 AM PST
လက်ပန်း
တောင်းတောင် ကြေးနီ စီမံကိန်းမှာ စနစ်တကျ ဆောင်ရွက်ခြင်း မရှိရင်
ကြေးစင်တောင်၊ စပယ်တောင် ဒေသတွေမှာလိုပဲ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ
ဖြစ်လာနိင် တယ်လို့ ဒေသတွင်း သီတင်း ၂ပတ်ကြာ သွားရောက်လေ့လာခဲ့တဲ့
မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့က
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Jan 2013 06:19 AM PST
ကရင်
အမျိုးသားတွေဟာ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေ ဓလေ့ ထုံးစံတွေနဲ့
သမိုင်း တလျောက် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ လူမျိုးတွေ ဖြစ်တယ်ဆိုတာ
ကရင်နှစ်သစ်ကူး ပွဲတွေက သက်သေပြနေတယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Jan 2013 06:23 AM PST
တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်ခတ် ရပ်စဲရေး လုပ်ဆောင်
နိုင်ခဲ့သည့် အပြင် ပြည်ပရောက် နိုင်ငံရေး သမား များ မြန်မာနိုင်ငံသို့
ဝင်ရောက် နိုင်အောင် ညှိနှိုင်း ပေးနိုင် ခဲ့သူ နိုင်ငံတော် သမ္မတရုံး
ဝန်ကြီး ဦးအောင်မင်း သည် နှလုံး သွေးကြောကျဉ်း ရောဂါကြောင့် ယနေ့ (ဇန်နဝါရီ
၁၃) နံနက်ပိုင်းတွင်----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Jan 2013 06:30 AM PST
စစ်ကိုင်းတိုင်း
ဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အတွင်းရှိ တောင်သူများမှာ
ယခုနှစ်အတွင်း မိုးခေါင်မှုကြောင့် မိုးစပါးပေါ်ချိန် ကာလတွင် စပါးခင်းများ
ပျက်စီးပြီး အထွက်နှုန်းပါ လျော့ကျ ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Jan 2013 06:36 AM PST
တရားဥပဒေကို
စိန်ခေါ်နေ မှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍
ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်
မပြတ်လှုပ်ရှားမှု အင်အားစုမှ စီစဉ် ခဲ့သော်လည်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 11:52 PM PST
မကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန် အိပ်စင် အထူးရထား သည် နန့်စီးအောင် ဘူတာနှင့် မော်လူး ဘူတာ ကြားတွင် မိုင်းခွဲ ခံရပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 10:59 PM PST
မြန်မာနိုင်ငံမှ အမျိုးသမီးလေး တစ်ဦး ဖြစ်သူအမည်........အပျိုဝင်စ အရွယ် ၁၅၊၁၆နှစ် အား လူပွဲစားများမှ ထိုင်းနိုင်ငံရှိ ပြည်တန်ဆာ လုပ်ငန်းတခုသို့ လိမ်လည်ခေါ်ယူ ကာ ရောင်းစား ခံရခြင်းကြောင့် ၄င်းအမျိုးသမီးငယ်မှ မိမိလုပ်ရမည့် အလုပ်အား ငြင်းဆန်းသောကြောင့် ဧည့်ဝတ်မကျေပွန်၍ ပြည်တန်ဆာ လုပ်ငန်း၏ အုပ်ထိမ်းသူ အမျိုးသမီးမှ ရိုက်နှိပ်သွပ်သွင်းနေသည့် ၀မ်းနည်းဖွယ်ရာ ဗွီဒီယိုပါ.. ရခိုင် ကိုကို ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 10:44 PM PST
ယနေ့ (ဇန်န၀ါရီ၊၁၃၊၂၀၁၂)နံနက် ၃နာရီ၁၇မိနစ် အချိန်တွင် ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်စီးအောင် နှင့် မြေပလ္လင်ကျေးရွာ အကြား မိုင်တိုင်အမှတ် ၆၁၀(၂၁/၂၂)အကြားတွင်မြစ်ကြီးနား ရထားမှာ(စက်ခေါင်းအပါ-၁၁တွဲ)ပါ သည် သံလမ်းအရှေ့ဖက်သို့လဲကျခဲ့သည်။ စက်ခေါင်းနှင့်ကပ်လျက်တွဲအမှတ် Myanmar News Now
|
||
Posted: 12 Jan 2013 10:27 PM PST
မန္တလေးမြို့ရှိ စက်မှု ဇုန်များနှင့် မြို့အတွင်း၌ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်း လာနေမှု များအား သဘာဝပတ်ဝန်းကျင် တိုင်းတာ စစ်ဆေးရေး ကိရိယာများနှင့် ဇန်န၀ါရီလ အတွင်းတွင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိပါသည်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 10:07 PM PST
ယနေ့ နံနက် ၉ နာရီအချိန်တွင် တာမွေမြို့နယ်၊မေတ္တာညွှန့် ရပ်ကွက်ရှိ မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်တွင်း နေထိုင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 09:55 PM PST
ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာ အသီးသီးမှ တောင်သူ လယ်သမားများ၊ ရေလုပ်သားများ သည် အင်အား(၅၀၀)ခန့်ဖြင့် ကိုယ်ကျိုး နစ်နာ ဆုံးရူံးမှုများ အတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 09:18 PM PST
ရန်ကုန်-ဇန်န၀ါရီ ၁၃ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ယနေ့နံနက်က ၀ိတိုရိယ ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူရာ၌ နှလုံး အခြေအနေကြောင့် ဆရာဝန်က တလခန့် အနားယူရမည် ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်သတင်းထောက်က သတင်းပေးပို့သည်။ Popular Myanmar News Journal |
||
Posted: 12 Jan 2013 08:42 PM PST
အမေရိကန် အခြေစိုက် ငွေလွှဲ လုပ်ငန်း ဖြစ်တဲ့ Western Union ငွေလွှဲ လုပ်ငန်းနဲ့ မြန်မာ နိုင်ငံက ပုဂ0x081ဂလိက ဘဏ် ၇ ခုတို့ ပြည်တွင်း ပြည်ပ ငွေလွှဲ လုပ်ငန်းတွေ လုပ်ဖို့ အတွက် တရားဝင် သဘောတူ စာချုပ်တွေ ချုပ်ဆို ခဲ့ကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jan 2013 08:44 PM PST
သမ္မတဦးသိန်းစိန် က ၂ဝ၁၅ ခု နှစ်မှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံ အတော်များများ အကြားမှာ စတင်တော့မယ့် အကောက်ခွန်မဲ့ လွတ်လပ်စွာ ရင်းနှီး ကုန်သွယ် တဲ့ ခေတ်ရောက်ရင် မြန်မာ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အကျိုးမဲ့ မဖြစ်စေဖို့ အစိုးရ ဘက်က ကာကွယ်ပေး ရမယ်လို့ ပြောခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jan 2013 08:30 PM PST
ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလောန်းက မာလီနဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ ပြင်သစ်ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကြောင့် အစ္စလာမ္မစ် အဖွဲ့တွေရဲ့ တုန့်ပြန်မှုတွေ ရှိလာနိုင် တဲ့အတွက် ပြင်သစ် နိုင်ငံ တွင်းမှာ လုံခြုံရေးကို တိုးမြှင့် ထားမယ်လို့ ဆိုလိုက်ပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jan 2013 08:22 PM PST
တရုတ် နိုင်ငံက ဘေကျင်း မြို့တော်မှာ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ လေထု သန့်ရှင်းမှု ဆိုင်ရာ တိုင်းတာရေး အာဏာပိုင် တွေက လေထု ညစ်ညမ်းမှု အခြေအနေ တွေကြောင့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Jan 2013 08:13 PM PST
မြစ်ကြီးနားမြို့ကနေ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ထွက်ခွာလာတဲ့ အမှတ် ၃၄ အစုန် လူစီးရထား ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် သုံးနာရီ ဆယ့်ငါးမိနစ်ခန့် မော်လူးဘူတာနဲ့ နန့်စိးအောင်ဘူတာကြားမှာ ကေအိုင်အေအဖွဲ့က မိုင်းခွဲတိုက်ခိုက်တာခံရပါတယ်။ တိုက်ခိုက်မှုကြောင့် ရထားစက်ခေါင်းနဲ့ တွဲနှစ်တွဲ တိမ်းမှောက်သွားကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးပါဘူး။ ဦးရဲထွဋ် (ဖေ့ဘုတ်)
|
||
Posted: 12 Jan 2013 05:37 PM PST
ပြည်သူ့
လွှတ်တော်မှ ဖွဲ့စည်း ထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်
အေးချမ်းရေး ကော်မတီသည် ပြည်နယ် စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း
ပြည်နယ်များအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး
ဖြစ်သူ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Jan 2013 05:25 PM PST
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့ လက်ထဲကနေ ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်း အာဏာပိုင် တွေက ပြန်ပို့ လိုက်မှာကို စိုးရိမ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ခွင့်မရသေးတဲ့ အချိန်အထိ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ |
[Message clipped] View entire message
0 comments:
Post a Comment