ဇန်န၀ါရီလ ၄ ရက်နေ့၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့
(လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ မရ ရအောင်ယူမယ်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း က ဗြိတိသျှလေဘာတီခေါင်းဆောင်တ
(သခင် တင်မောင်-ကျုံမငေး ၊ ၄.၁.၁၉၆၃ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဤကဲသို့ရေးသားခဲ့ပါသည်...)
၁၉၄၀ ခုနှစ် ဇန်နာဝါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင်အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်..။ တို့ဗမာအစည်းအရုံးခေါင်းဆော
ကရစ်ပ် က 'ဗမာပြည် ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံး နဲ့ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျနော်နားလည်တာနဲ့၊ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တစ်ညလဲ အိပ်မိရော ကျနော်သိထားတာတွေ အားလုံး အမြီးနဲ့ခေါင်း လွဲနေတာတွေ့ရပါတယ်..' ဟုပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်..။ 'ကျနော်သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ..၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ
သခင်အောင်ဆန်းက ရယ်လျက် "ဒါဟာ ဓမ္မတာပါဘဲ..၊ အုပ်စိုးသူ ဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်..။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပဲ..။ ***တစ်ခုပဲပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုပဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်း ဖြစ်နေတယ်ဆိုရင်လည်း ဘယ်သူ့အပြစ်လဲ...။ ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ ဗြိတိသျှလူမျိုးတွေပဲ အရှက်ရစရာ ကောင်းနေမှာပေါ့..." ***
ကရစ်ပ်။ ။ "ကျနော်တစ်ခုမေးပါရစေ...၊ စပ်စုတယ်လို့လဲမထင်ပါနဲ့..။
သခင်အောင်ဆန်း ။ ။ "နည်းကတော့ ကျနော်တို့ တရားတယ်ထင်တဲ့ နည်းနဲ့ရအောင်ယူရမှာပဲ..."
ကရစ်ပ်။ ။ "မစ္စတာအောင်ဆန်း ပြောတာ ကျနော်နားမလည်သေးပါဘူး..။ ထပ်ရှင်းစမ်းပါအုံး.."
သခင်အောင်ဆန်း ။ ။ "ရှင်းပါတယ်..၊ တရားတယ်ထင်တဲ့နည်း ဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ် လို့ဆိုတာပဲ..။ ဥပမာဗျာ.. ခင်ဗျား အိပ်ထဲမှာထည့်ထားတဲ့ ဖောင်တိန်က ကျနော် ပိုင်တဲ့ဖောင်တိန် ဆိုပါတော့..။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့...။ ဒီတော့ ကျနော်က ခင်ဗျားကိုတောင်းပန်ပြီး ပြန်ပေးပါ လို့ ချော့တောင်းမယ်..။ မရရင် နောက်တစ်နည်း နဲ့ တောင်းမယ်..။ အဲ့ဒီလိုမရတဲ့အဆုံးကျတော့ မပေးဘူးလား..ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ်..။ ဒါနဲ့မှမရရင် ဟောဒီလို အတင်းလုယူမယ်..."
သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ် ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိပ်ကြီးပါ ပြဲ၍ပါလာတော့သည်..။ သခင်အောင်ဆန်းမှာ ဧည့်သည်တစ်ယောက်၏ အင်္ကျီ ပြဲသည်ကိုပင် အားမနာတတ်..၊ အလိုက်မသိတတ်ပဲ ဆက်၍ပြောလိုက်သေးသည်...။
"ကဲ..အဲ့ဒီနည်းဟာ ကျနော်တရားတယ်ထင်တဲ့ နည်းပဲ..။ ကျနော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ...."
ကရစ်ပ်မှာ ဘာမျှမပြောနိုင်..၊ အားရပါးရ ဟားတိုက်၍ရယ်မောနေရှာတော့၏.
"ကဲ..အခုလိုနည်းနဲ့ လုပ်ယူတော့ ကောင်းသေးရဲ့လား..။ ကျနော့်မှာတော့ ကျနော့်ဖောင်တိန်ပြန်ရ ပါလေရဲ့..။ ခင်ဗျားမှာတော့ အင်္ကျီအိပ် အပြဲခံရတာသာ အဖတ် တင်တာပေါ့..။ စောစော ကသာ ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး..။ ကျနော့်လက်တောင် တော်တော် နာသွားတယ်...။ ခု ကျနော်ပြောနေတာတွေဟာ အပိုပြောတာလဲ မပါဘူး..။ ခြိမ်းခြောက်နေတာလဲမဟုတ်ဘူး
ကရစ်ပ်မှာ ဘာမှမပြောနိုင်..။ အူတက်မတတ်ဖြစ်နေရှာသည်..။ နောက်အတန်ကြာမှ..."အို.. ချစ်စရာကောင်းတဲ့ အောင်ဆန်း..၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း..." ဟူ၍သာ ထပ်ကာ ထပ်ကာရေရွတ်နေရှာ ပါတော့သည်...။
ကျနော်တို့တစ်တွေမှာ ဧည့်သည်များကိုလဲ အားနာ..၊ မရယ်ပဲလဲ မနေနိုင်ဖြစ်ကာ မျက်နှာအထားရ ခက်နေကြရတော့၏...။
သခင်အောင်ဆန်း ရိုင်းခြင်း..၊ ကြမ်းခြင်း(၀ါ) လောက၀တ်ကို ဂရုမစိုက်ခြင်း တို့သည် သူတစ်ပါး အပေါ်တွင် စော်ကားမော်ကားပြုလိုသောကြေ
အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ထုတ်နုတ်၍ ၄.၁.၂၀၁၃ နေ့တွင်ကျရောက်သော လွတ်လပ်ရေးနေ့ မှ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ
Credit - Ko Nay Myo
ဇန်န၀ါရီလ ၄ ရက်နေ့ ..
Happy Independent Day!!!
Happy Independent Day!!!
Happy Independent Day!!!
ဗိုလ်ချုပ်နှင့်တကွ အာဇာနည် အပေါင်းတို့အား ၆၅ နှစ်မြောက်
လွတ်လပ်ေ၇းနေ့ တွင် ဂုဏ်ပြု / အလေးပြုကြပါစို့  ။
0 comments:
Post a Comment