Tuesday, January 1, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကျော်လွှားရမည့် အတားဆီးများ


by Nay Zaw on Tuesday, January 1, 2013 at 5:59pm 


(၁) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်သည်ဟု ပြောသည်။ ပြောသင့်ပြောထိုက်ပါသည်။ သို့သော် သမ္မတ ဖြစ်ဖို့ ဖြတ်ကျော်ရမည့် အတားအဆီးကြီးများ ရှိနေတာကို သတိပြုရပါမည်။ 
မော်စီတုန်းကတော့  “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်” လို့ ပြောခဲ့သည်။ တရုတ်ပြည်ရဲ့ ထူးခြား ချက်အရ ဒီလိုပဲပြောရမည်။
တရုတ်ပြည်မှာက ပြည်တွင်းစစ် သည်းကြီးမဲကြီး
ဖြစ်နေသည်။ ဘယ်တုန်းကမှ ရွေးကောက် ခံအစိုးရမရှိခဲ့။ ပြည်တွင်းစစ်ကို ရာစုနှစ်နဲ့ချီပြီး တိုက်နေသည်။ ထို့ကြောင့် နိုင်ငံရေးအာဏာရလိုလျှင် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်ရလိမ့်မည်။


ဗမာပြည်မှာက ကိုလိုနီခေတ်ကတည်းက (ဘာပဲပြောပြော) “ရွေးကောက်ပွဲ” တွေ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရတော့ လည်း ရှိသည်။ (၁၉၆၂ – ၁၉၈၈) နှစ်ပေါင်း ၂၆ နှစ်မှာပဲ ပါတီစုံရွေးကောက်ပွဲ မရှိခဲ့ချေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က “၂၀၀၅ ရွေးကောက်ပွဲ” ကို မျှော်ကြည့်ပြီး “သမ္မတ ဖြစ်ချင်တယ်” ပြောတာ ဖြစ်လိမ့်မည်။

(၂) သမ္မတဖြစ်ရေးအတွက် အတားအဆီးကြီး (၂) ခုကိုတော့ ကျော်ဖြတ်ရလိမ့်မည်။

- ပထမ အတားအဆီးမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ (၅၉) (ခ) ပါ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဖြစ် သည်။ (ကံကြမ္မာရဲ့ သရော်ချက်လို့ပဲ ပြောရမလားမသိ။ ထို ကန့်သတ်ချက်က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ချမှတ်ခဲ့တဲ့ ကန့် သတ်ချက် ဖြစ်နေတယ်။ သူ့သမီးကို အမှုလာပတ်လိမ့်မည်ဟု ဖခင်ဗိုလ်ချုပ်
အောင်ဆန်း ဘယ် လိုမှ စဉ်းစားမိမှာ မဟုတ်။ သူ့ခေတ်ကတော့ ဖဆပလ အတိုက်အခံတွေကိုပဲ ဦးတည်
ပြီးချမှတ်ခဲ့တာ ဖြစ်သည်။)

- ဒုတိယ အတားအဆီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်လောက်အောင် ပုဒ်မ (၄၃၆) ဖြင့် ကန့်သတ်ထားတာ ဖြစ်သည်။

(၃) ထိုအခက်အခဲ ၂ ခုကို ကျော်ဖြတ်ဖို့ နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် ရှာနေပုံပေါ်သည်။ အမေရိကန်ကတော့ စစ်တပ်ချင်း ပြန်လည်သင့်မြတ်ဖို့ ထိုင်း (ယိုးဒယား) က တဆင့် အပေါ်စီးက ချဉ်းကပ်
နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ စစ်တပ် (တပ်မတော်) ကို စိတ်နဲ့တောင် မပစ်မှားတဲ့နည်းနဲ့ ချဉ်းကပ်နေတယ်။ အမေရိကန်လို အထက်စီးက နေ မချဉ်းကပ်ဝံ့။ တိုးလျှိုးသည့်နည်းဖြင့် ချဉ်းကပ်သည်။ အသေးစိတ် မပြောတော့ပါ။ မပြောရက်ပါ။ (ဆင်ကောင်ကြီး တွေ့နေပါလျက်နဲ့ အချိန်ကုန်ခံပြီး ဆင်ခြေရာ ရှာနေတဲ့ လက်ပန်တောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ရပ်ကို ကြည့် ပါ။ ဟိုတုန်းက ပြောခဲ့သမျှတွေ ကို လုံးဝချေဖျက်ပစ်နေတာကိုလည်း ကြည့်ပါ။)

(၄) စစ်ဗိုလ်အမတ်ရဲ့ မဲရဖို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လာက်လုပ်နိုင်မလဲဆိုတာက “စစ်ဗိုလ်အမတ်” ကို ချုပ်ကိုင် ထားတဲ့ “ကာကွယ်ရေးဦးစီးချုပ်” နဲ့ ဘယ်လောက်နားလည်မှုယူနိုင်မလဲဆိုတာ အပေါ်မှာ တည်သည်။ ကျားကို သက် သတ်လွတ်စားဖို့ ဖျောင့်ဖျရတာထက် ခက်သည်ကတော့ သေချာသည်။ ဒါကြောင့်ပဲ အမေရိကန်၏ စစ်တပ်ချင်း ပြန် လည် သင့်မြတ်ရေးနဲ့ ခြေလှမ်းညီအောင်ညှိပြီး လုပ်နေတာ ဖြစ်လိမ့်မည်။

- ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီမှာ ဂျပန်စစ်ကျောင်းဆင်းတွေပါသလို ဦးသိန်းစိန်အစိုးရမှာက အမေရိကန်ကျောင်း ဆင်းတွေ ပါနေသည်။ သူတို့က ဦးသိန်းစိန်အစိုးရရဲ့ အတွင်းစည်းလို လုပ်နေသည်။ အတော်ခြေလှမ်းသွက်နေသည်။

(၅) မိမိတို့ထည့်တွက်ရမှာက အမေရိကန်နဲ့ တရုတ်ရဲ့ ဗမာပြည်ဆိုင်ရာပေါ်လစီများ ဖြစ်သည်။ ဒါကိုတော့ နောက်မှ သီး ခြားတင်ပြပါမည်။

(၆) အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီဆိုပါဦးတော့ “အမျိုးသား ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” (ကာ/လုံ) ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်က လွတ်ပါ့မလား။ လုပ်ချင်ရာလုပ်လိုပ ရပါ့မလား။ သံသယ အများကြီးရှိသည်။

- ၂၀၀၈ အခြေခံဥပဒေ တခုလုံးကို မဖျက်သိမ်းနိုင်သမျှ ဘယ်သူပဲ သမ္မတတက်လုပ်လုပ် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်နိုင်မှာ မဟုတ်။

(၇) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တာကို မိမိတို့ အားပေးပါသည်။ သူ့မှာလုပ်ခွင့်ရှိလျှင် အခြေခံ လူတန်းစား များရဲ့ ဒီမိုကရေစီအခွင့်အရေးများ ရနိုင်လောက်ရဲ့ဟူသော မျှော်လင့်ချက်နဲ့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ရဲ့ အခြေခံ များကို သူ့အနေနဲ့ နည်းနည်းမှထိပါးအောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုတော့ မိမိတို့တွက်ပြီး ဖြစ်သည်။


သတင်း - ဘဝင်း
နေ့သစ် သတင်းဌာန
TUESDAY, JANUARY 01, 2013
အနုပညာအိမ်လေးမှ ပြန်လည်ကူးယူဖော်ပြပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...