Friday, January 4, 2013

ဖွေရှာသူမောလို့ ငိုရလိမ့်မယ်


SATURDAY, JANUARY 05, 2013 SITHU LINN

တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။ တော်တော်စိတ်ညစ်သွားတယ်။

ကောင်တာစာရေးမက ဆက်ပြောလာတယ်... …
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေမယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"

ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။

မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်း ကသီ, တာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်...

အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊

ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ကို ဆင်းပြေးရပြန်တယ်..

အား...အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...

ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...
အခန်းအလယ် စာပွဲပေါ်က ပလပ်စတစ်ပန်းတွေ ထိုးထားတဲ့ အလှတင်ပန်းအိုးကို ယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
အင်း…ခုမှနေသာထိုင်သာရှိတော့တာကိုး...
ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။

ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...

"လူကြီးမင်းရှင့်...
အားလုံးကိုခွင့်လွတ်ပါသည်၊
ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"....တဲ့

(photo - http://us995.cbslocal.com/)

အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...