Tuesday, May 12, 2015

ဟာသစုစည်းမှု (၁၂-၅)


မန်းလေး မြို့ ၏တစ်နေရာတွင် ယာဉ်ထိန်းရဲ မောင်မောင် တာဝန်ကျသည် ။ မိုးက တစ်ဖွဲဖွဲ ရွာနေသဖြင့် ယာဉ်မောင်းများ အရှိန်လျှော့ပြီး ဂရုတစိုက် မောင်းကြသည် ။ မည်သူမှ လမ်းစည်းကမ်းကို မဖောက်ကြပေ ။ ညနေသာစောင်းလာသည် နေ့ တွက်လုံးဝ မကိုက်သဖြင့် မောင်မောင် အကြီးအကျယ် စိတ်တိုနေသည် ။ ဒီကြားထဲ မိုးတွေက ရွှဲနေသေးသည် ။

တာဝန်ပြီး၍ အိမ်ကိုပြန်လာသည် ။ ဒေါသဖြစ်နေတာက မပြေသေး..။ မိန်းမကို ရန်လုပ်ဖို့ ကြံသည် ။ ဘယ်လိုမှ အကြောင်းရှာမရချေ ။
ညစာကို အဆင်သင့်ခူးခပ်ထားသည် ။ပြီးတော့ ခံတွင်းတွေ့ အောင်ဆိုပြီး ယောင်္ကျားအတွက်ရမ်တစ်ခွက်
အဆင်သင့်ထည့်ပေးထားသည် ။
သားကို အပြစ်ရှာဖို့  ဆုံးဖြတ်လိုက်သည် ။
" မောင်ပီတီ...မင်းရဲ့ လေ့ကျင့်ခန်းစာအုပ် ယူလာခဲ့စမ်း "
တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ မှာမှ ချာတိတ်က ဂရိတ် တူး ပဲ ရသည် ။ အမေ့ဆီပြေးကာ အကူအညီ တောင်းသည် ။
" အမေ..ကျနော် ဘာလုပ်ရမလဲ..ဒီနေ့  ကျနော် ဂရိတ်တူးပဲ ရတယ်..အဖေသတ်တော့မှာပဲ "
အမေဖြစ်သူက လေ့ကျင့်ခန်းစာအုပ်ထဲသို့ ငါးထောင်တန်တစ်ရွက်ညှပ်ပြီး သားကိုအဖေ့ဆီ လွှတ်လိုက်သည် ။ မောင်မောင်
လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်သည် ။ တဖြည်းဖြည်း ၄င်း၏ မျက်နှာ ၀င်းလက်လာသည် ။ ထို့ နောက် မိမိဟာ မိမိ ကျေနပ်သံဖြင့် ပြောသည် ။
" အင်း......အိမ်မှာ အဆင်ပြေလို့  တော်ပါသေးရဲ့  "
Credit- No name

" တော် လိုက် တာ "
စစ်သင်တန်းတစ်ခုတွင်..ရဲဘော် ချူချာ သင်တန်းတက်နေသည် ။ အရာရှိက ရဲဘော် ချူချာကို တာဝန်ပေးသည်။
" တို့ စခန်းပေါ်က ကြည့်လိုက်ရင် တစ်မိုင်လောက်အကွာက ဘူတာရုံကို မြင်ရတယ် မဟုတ်လား အေး...အဲ့ဒိဘူတာ
ကို ဘယ်သူမှ အသုံးမပြုနိုင်အောင် လုပ်ခဲ့ပါ.."
နောက်တစ်နာရီခန့်  အကြာတွင် အမိန့် အတိုင်းဆောင်ရွက်ပြီးကြောင်း ရဲဘော်ချူချာ အစီရင်ခံသည် ။ အရာရှိမှ
ကျေနပ်သည့် အမူအရာ ပြသည် ။
" ရဲဘော် တော်တယ်..ဒါနဲ့  မောင်ရင် ဘယ်လို လုပ်ခဲ့သလဲ "
" ဘူတာရုံ မှာ ရှိတဲ့ ရထားလက်မှတ်တွေအားလုံးကို ကျနော် သိမ်းလာတယ်လေ..."
Credit- Tun Aye

‪#‎အ‬ စွမ်း ထက် တဲ့ ဆေး "
မိမိ၏ မြင်းသည် တစ်ခါတစ်ရံ နေရာမှ လုံးဝ မရွေ့ ဘဲ ခေါင်းမာနေတတ်သည်နှင့် ကိုချူချာသည် မြင်းဆရာဝန်ထံ
လာရောက် အကူအညီ တောင်းသည် ။ ဆရာဝန်က ဆေးဖယောင်းတိုင် နှစ်ချောင်း ( အစိမ်းရောင်တစ်ချောင်းနှင့်
အနီရောင် တစ်ချောင်း ) ပေးကာ ပြောသည် ။
" နေရာက မရွေ့ ဘဲ ခေါင်းမာနေရင် အစိမ်းရောင် အချောင်းကို မြင်းရဲ့  စအိုထဲ ထည့်လိုက်ပါ..အဲ ..ဖြည်းဖြည်း
ဖြည်းဖြည်းပဲ သွားရင် အနီရောင် အချောင်းကို ထည့်လိုက်ပါ.."
ရက်အနည်းငယ် အကြာတွင် ကိုချူချာနှင့် မြင်းဆရာဝန်တို့  လမ်းမှာ ဆုံမိကြသည် ။
" ဘယ့်နှယ့်လဲ..ကျုပ်ပေးတဲ့ ဆေးဖယောင်းတိုင်တွေ စွမ်းရဲ့ လား "
" စွမ်းပါသော်ကော ဆရာရယ်..မနေ့ က ထုံးစံအတိုင်း ဒီကောင် မထပဲ ဂျစ်ကန်ကန် လုပ်နေတာနဲ့  အစိမ်းရောင်
ဖယောင်းတိုင်ကို ထည့်လိုက်ရုံ ရှိသေးတယ်..ချက်ချင်းထပြီး ဒုန်းစိုင်း ပြေးတော့တာပဲ "
" အဲ့ဒီတော့ ခင်ဗျား ဘာလုပ်သလဲ "
" အနီရောင် ဖယောင်းတိုင်ကို ကျနော့် စအိုထဲ ထည့်ပြီး ဒီကောင့်ကို အတင်းလိုက်တာပေါ့..
ငါး မိနစ်အတွင်း မိတယ်ဗျာ...အံ့ရော.."
Credit- Tun Aye

‪#‎အ‬ ကျင့် "
" ဟို ငနဲ က ဘာဖြစ်လို့  တစ်ပွဲပြီးတိုင်း သူနဲ့  တွဲကတဲ့ အမျိုးသမီးရဲ့  တင်ပါးကို လက်နဲ့ 
ပွတ်ရတာလဲကွ "
" သြော်..ဒါလား..ဒီငနဲက နာမည်ကြီး ဖောက်ထွင်းရေးသမားလေ...သွားလေရာ သူ့ လက်ဗွေရာ
မကျန်အောင် သုတ်ပစ်တဲ့ အကျင့်ပါနေတာ.."
Credit- Tun Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...