Wednesday, May 6, 2015

သံသယဖုန်း


ညသန်းကောင်ချိန်
အိပ်ပျော်နေတုန်း အသံတစ်ခုကြားလိုက်လို့ ရုတ်တရက် နိုးလာတယ်။
ဘေးဘီကို ဆန်းစစ်ကြည့်တော့ ဖုန်းမြည်တာ။
အမှောင်ထဲမှာ ဖုန်းစခရင်က လင်းနေတယ်။

အော... ငါ့ဖုန်း မဟုတ်ဘူး
ဘေးမှာ ခွေခွေလေး အိပ်ပျော်နေတဲ့ ချစ်ဇနီးရဲ့ဖုန်း...

ဖုန်းလာတာတော့ မဟုတ်လောက်။
မက်ဆေ့ခ်ျနေမှာ
လှမ်းပြီးယူကြည့်လိုက်တော့ ဖုန်းက အားသွင်းကြိုးတန်းလန်းနဲ့ ပါလာတယ်
ဖုန်းပေါ် ပေါ်နေတဲ့စာကို ဖတ်ကြည့်လိုက်တော့ အရမ်းဒေါသထွက်သွားတယ်။
ကြည့်စမ်း ဒီမိန်းမ ဘယ်ကကောင်နဲ့များ ဖောက်ပြန်နေတယ် မသိဘူး။
ငါအိပ်နေပြီမှတ်လို့ မက်ဆေ့ခ်ျလှမ်းပို့တာနေမှာ
ခုတော့ မိဘီ
တွေ့ကြသေးတာပေါ့
ဘေးမှာ အိပ်ပျော်နေတဲ့ မိန်းမကို လှုပ်နှိုးလိုက်တယ်... ..,
"မိပန်.. မိပန် ထစမ်း ခု"
"ဘာလဲ.. အိပ်နေတာကြီးကို"
"မင်းကို ဘယ်ကောင် မက်ဆေ့ခ်ျပို့တာလဲပြောစမ်း ဒီမှာ BEAUTIFUL တဲ့"
"ဒီအရွယ်ကြီးကျမှ ကျမကို ဘယ်သူက ပြောမှာလဲ... BEAUTIFUL လို့ ... ပြစမ်းပါအုံး"
"ရော့..."
သူက ဖတ်ကြည့်ပြီးတာနဲ့ လူကိုဖုန်းနဲ့ ပစ်ပေါက်ပြီး ပြောတယ်... ...
"တေနာရီး... သေချာမျက်မှန်တပ်ပြီးဖတ်... ဘုတ်"
ပြောပြောဆိုဆို ပစ်ပစ်ပေါက်ပေါက်လုပ်ပြီး သူ ပြန်အိပ်သွားတယ်
ဒါနဲ့
ဘေးစားပွဲပေါ်က စာကြည့်မျက်မှန်တပ်ပြီး ပြန်ဖတ်ကြည့်လိုက်တော့...
ဖုန်းစခရင်မှာ ပြနေတဲ့စာက... ...
"BATTERY FULL"... တဲ့
‪#‎copy‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...