Thursday, May 7, 2015

ဟာသပေါင်းချူပ် (၇-၅)

" ‪#‎လူ‬ ပြက် "
လူငယ်နှင့် အမျိုးသမီးတို့  မိတ်ဆွေဖြစ်သွားကြသည် ။ တစ်နေရာရာတွင် ချိန်းတွေ့ ကြရန်
ဆုံးဖြတ်လိုက်ကြသည် ။ ခက်သည်မှာ နှစ်ယောက်စလုံးအိမ်`၌ တယ်လီဖုန်း မရှိခြင်း ဖြစ်သည် ။
လူငယ်က ဤသို့  အကြံပြုသည် ။
" ဆပ်ကပ်ရုံကို ဖုန်းဆက် ...အဲ့ဒီမှာ ကိုယ်က လူပြက်အဖြစ်နဲ့  အလုပ် လုပ်နေတယ် "
" ရှင့်ကို ခေါ်ပေးဖို့  ဘယ်လို ပြောရမလဲ "

" အားလုံးကို မျက်လှည့်ပြနေတဲ့သူ ကို ခေါ်ပေးပါလို့  ပြော....ခေါ်ပေးကြလိမ့်မယ် "
နောက်တစ်နေ့ တွင် အမျိုးသမီးသည် လမ်းဘေးတယ်လီဖုန်းရုံမှနေ၍ လူငယ်ပေးထားသော
ဆပ်ကပ်ရုံ တယ်လီဖုန်းနံပါတ်ကို လှည့်သည် ။ ဖြစ်ချင်တော့ ဆပ်ကပ်ရုံသို့  မရောက်ဘဲ ကွန်မြူနစ်ပါတီ
ဗဟိုကော်မတီဌာနချုပ်သို့  ရောက်သွားသည် ။
နိုင်ငံခြားရေး ၀န်ကြီး မိုလိုတော့ တယ်လီဖုန်းကို ကောက်ကိုင်ပြီး မေးသည် ။
" ဘယ်သူနဲ့  စကားပြောချင်လို့ ပါလဲ.. "
" လူတကာကို မျက်လှည့်ပြတဲ့သူနဲ့  စကားပြောပါရစေ.. "
တယ်လီဖုန်းကို စတာလင် ဘက် ကမ်းပေးပြီး မိုလိုတော့ က ပြောသည် ။
" ရဲဘော် စတာလင် ခင်ဗျားအတွက် ဖုန်း "
Credit- Tun Aye

" ‪#‎တံ‬ ခါး ဖွင့် ပေး မယ် "
ချူချာများနေထိုင်သည့်ရွာသို့  ရုရှား.အီဗန် ရောက်လာသည် ။ ရောက်သည့်နေတွင်ပင်
အရက်မူးပြီး ချူချာများကို ငထုံတွေ..ငအတွေ ဟု စော်စော်ကားကား အော်ဟစ် ပြောဆိုသဖြင့် ၄င်း
ကို အခန်း တစ်ခုထဲတွင် ချုပ်ထားရန် အမိန့် ပေးလိုက်သည် ။ အစောင့် တစ်ယောက်ကိုလည်း အ
ခန်းရှေ့ တွင် ချထားလိုက်သည် ။
ခဏကြာသောအခါ အီဗန်က အခန်းထဲမှနေ၍ တံခါးကို ထုပြီး မိမိ အလွန်ဆာသဖြင့် ပေါင်
မုန့် တစ်လုံး သွားဝယ်ပေးစေလိုကြောင်း အစောင့်ချူချာကို ပြောသည် ။ ကိုပက် ၅၀ အကြွေစေ့
တစ်စေ့ကိုလည်း ပစ်ပေးလိုက်သည် ။ အစောင့်ချူချာ ပိုက်ဆံကို ကောက်ယူပြီး ပေါင်မုန့်  ၀ယ်ရန်
ထွက်သွားသည် ။ ဤအချိန်တွင် ပြတင်းပေါက်ကို ကျော်ပြီး အီဗန် ထွက်သွားသည် ။
သို့ သော် မကြခင်မှာပင် ရွာသားများ ၄င်းကို ပြန်မိလာပြီး အချုပ်ခန်းထဲ ပြန်ထည့်ထားလိုက်
သည် ။ ဤအခေါက်တွင် ပိုမို သွက်လက် ချက်ချာသော အစောင့်တစ်ယောက်ကို ချထားလိုက်သည် ။
အချိန်အနည်းငယ် ကြာသွားသည် ။ အီဗန် တံခါးကို ထုပြီး ပြောသည် ။
" ဟေ့....ချူချာ ငါ အင်မတန် ဆာတယ်ကွ.. င့ါကို ပေါင်မုန့် တစ်လုံး သွားဝယ်ပေးစမ်းပါ "
" မင်းတို့  ရုရှားတွေ အင်မတန် ဉာဏ်များတယ်.. မ၀ယ်ပေးနိုင်ဘူး..ဆာရင် ကိုယ့်ဟာကိုယ်
သွားဝယ်ပေါ့..ဟင်း... "
Credit-Tun Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...