Thursday, May 14, 2015

ဟာသစုစည်းမှု ( ၁၄-၅ )


‪#‎ချွတ်‬ ယွင်း ချက် "
အာဖရိကနိုင်ငံ တစ်ခုတွင် ဖြစ်သည် ။ မျိုးရိုးကောင်းသော မိသားစုမှ ဆင်းသက်လာသူ သတို့ သားသည် ၄င်း ယူမည့်မိန်းခလေး၏ မိဘများကို ပြောသည် ။
" အိပ်နဲ့ စွပ်ထားတဲ့ ဆိတ်ကို ကျနော် မ၀ယ်ဘူး.. အဲ့ဒါကြောင့် ကျနော်တို့ လက်မထပ်ခင် မိန်းခလေးကို မိမွေးတိုင်းဖမွေးတိုင်းပုံစံနဲ့  ကျနော် အရင်မြင်ရမှ ဖြစ်မယ် "

ကောင်မလေး၏မိဘများ အကြပ်ရိုက်သွားသည် ။ သက်သက်တင်စီးတာပဲ ဆိုတာကို သိသော်လည်း သမီးဖြစ်သူကို ဆွေကြီးမျိုးကြီးထဲ ၀င်စေချင်သည့် စေတနာကြောင့် သတို့ သမီးလောင်း၏ မိဘများ သဘောတူလိုက်ရသည် ။ မိမွေးတိုင်း ဖမွေးတိုင်းပုံစံဖြင့်ရပ်နေသော ကောင်မလေးကို လူငယ် သေသေချာချာ ကြည့်သည် ။ ထို့ နောက် ၄င်း၏ ဆုံးဖြတ်ချက်ကို ပြောသည် ။
" ကျနော် မယူနိုင်ဘူး... သူမရဲ့ နားရွက်တွေက ကားလွန်းနေတယ် "
Credit- Tun Aye

‪#‎မ‬ ကြား ချင် တော့ ဘူး "
" အရက်လျှော့သောက်ပါ..ဒါမှ နားလေးတာ ပျောက်မယ် " ဟု နားမကြားသည့် လူနာကို ဆရာဝန်က ပြောသည် ။ နောက်ခြောက်လအကြာတွင် ယင်းလူနာကို လမ်းမှာတွေ့ ရာ " အခြေအနေ ဘယ်လိုလဲ " ဟု ဆရာဝန်က မေးသည် ။ လူနာကပြန်ပြောသည် ။
" ဒေါက်တာ. ကျနော့်ကို ဒီလောက်အကျယ်ကြီး အော်ပြောစရာ မလိုဘူးခင်ဗျ ၊ ကျနော် အရက်ဖြတ်လိုက်ပြီ..ဒါကြောင့်နားကောင်းကောင်း ကြားနေပါပြီ "
နောက် ခြောက်လ ထပ်ကြာသွားသည် ။ သူတို့ နှစ်ဦး ဆုံမိကြပြန်သည် ။ သို့ သော် ဤတစ်ခေါက်တွင် လူနာသည် နားကောင်းကောင်း မကြားတော့ ပြန်ချေ ။ သူက ဆရာဝန်ကို ပြောသည် ။
" ဒေါက်တာ ..ကျနော် အရက်ပြန်သောက်နေပြီ ခင်ဗျ "
" ဘာ...ဘာဖြစ်လို့  ပြန်သောက်ရတာလဲ..ဒုက္ခပါပဲ "
" နားနဲ့ ဆတ်ဆတ် ကြားရတာတွေက စိတ်မချမ်းသာစရာ.. ထိတ်လန့် စရာတွေချည်း ဖြစ်နေလို့ ပါ "
Credit-Tun Aye

‪#‎ချေးသေး‬ အကြောင်းတောင် မသိပဲနဲ့
ဖိုးသာ လေးဘေး မှာ လူစိမ်း တယောက် လာ ထိုင်သည်၊
“ကလေး၊ တို့တွေ စကား ပြောရ အောင်၊ စကား ပြောရင် လေယာဉ် ပျံက ပိုမြန်မြန် ရောက် မယ်၊”
ဖိုးသား လေး လှည့် ကြည့်ပြီး ပြန်မေး လိုက်သည်။
“ဒါဆို လည်း ပြောတာ ပေါ့။ ဘာ အကြောင်း ပြောမှာ လဲ၊”
“တို့- နျူကလီးယားအကြောင်းပြောရအောင်။”
ဖိုးသား ဖတ်နေသော စာအုပ်ပိတ်လိုက်သည်။
“ရပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းမပြောခင် ကျွန်တော်တခုမေးချင်တယ်၊ ဆိတ်တွေ၊ နွားတွေ၊ မြင်းတွေ အားလုံးမြက်စားကြတယ်၊ ဆိတ်ကျတော့ ချေးတုံးအလုံးကလေးတွေပါတယ်။ နွားကတော့ ချေးပြဲပြဲတွေပါတယ်။ မြင်းကျတော့ မြက်ခြောက်လိုလိုပဲ ပြန်ထွက်လာတယ်။ အဲဒါဘာကြောင့်လဲ”
လူစိမ်းနည်းနည်း စဉ်းစားလိုက်သည်၊
“အေး။ အဲဒါတော့ ငါလည်း မစဉ်းစားတတ်ဘူးကွ၊”
ဖိုးသားလေးပြန်ပြောလိုက်တာကတော့
“ခင်ဗျားက ချေးသေးအကြောင်းလေးတောင်မသိပဲနဲ့ ဘယ်လိုလုပ် နျူကလီးယားအကြောင်းပြောနိုင်မှာလဲ၊”
Credit-Mg Lynn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...