Wednesday, May 6, 2015

ဟာသ ပေါင်းချူပ် (၆-၅)

အသေးအမွှား
ခွဲစိတ်ခန်း တစ်ခုရှေ့တွင် လူနာတစ်ဦးနဲ့ ပတ်သက်ပီး ခွဲစိတ်ဆရာဝန် နှစ်ဦး အငြင်းပွားနေ၏။
ပထမဆရာဝန်။ ။သူ့အခြေအနေကိုကြည့်ရတာ ဘာမှ အားရစရာမရှိဖူး၊ကျနော့်အထင်တော့ သူ့ရဲ့ ဘယ်ခြေကို ကျိန်းသေဖြတ်ရမယ်ထင်တယ်။
ဒုတိယဆရာဝန်။ ။ကျနော့်အမြင်ကတော့ ခြေ နှစ် ဘက်လုံးကိုဖြတ်ရမယ်။

ပထမဆရာဝန်။ ။တဘက်ထဲပဲဖြတ်ဖို့လိုတာပါဗျာ။ခင်ဗျားကလည်း။
ဒုတိယဆရာဝန်။ ။မဟုတ်ဖူး။လုံးဝမှားတယ်။နှစ်ဘက်လုံး ကိုဖြတ်သင့်တာထင်တယ်။
ပထမဆရာဝန်။ ။အင်း။ ကျနော်ထင်တာက တဘက်ထည်းဗျ။
ဒုတိယဆရာဝန်။ ။ခင်ဗျားကလဲဗျာ။ကျုပ်က နှစ် ဘက်ထင်ပါတယ်ဆို။နှစ်ဘက်လုံးဗျ နှစ်ဘက်လုံး။
ထိုအခါ မိမိစိတ်ကိုထိန်းကာ ပထမဆရာဝန်က ပြောလိုက်သည်။
ပထမဆရာဝန်။ ။ကောင်းပြီလေ။ခင်ဗျားပြောတဲ့ အတိုင်းကျုပ်တို့ ဖြတ်လိုက်မယ်။
ဘာမဟုတ်တာလေးနဲ့ ကျုပ်တို့ နှစ်ယောက် ရန်ဖြစ်နေမယ် ဆိုရင် လူကြားလို့မကောင်းပါဖူး......တဲ့
တိန်
ပြတ်ပီဟ........နှစ်ဘက်လုံး
Credit-ကောလိပ်ဂျင်

တံခါးနှင့်အနီးဆုံး
တရားရုံးမှစီရင်ချက်ချလိုက်ပြီးပြစ်ဒဏ်ကျခံရသောအကျဉ်းသားနှစ်ယောက်အားအခန်းတစ်ခန်းစီတွင်
အတူတူထားလိုက်သည်
ငါကအနှစ်နှစ်ဆယ်ကျတယ်မင်းကရော
၁၅နှစ်ပါ
ဒါဆိုမင်းကအရင်ဦးဆုံးလွက်မှာဆို့တော့တံခါးနဲ့အနီးဆုံးနေရာမှာအိပ်ပေါ့ကွာ
Credit-U Myo

မီးဘေး
ဆေးရုံ တစ်ရုံတွင် မီးလောင်နေသည်။
ဆရာဝန်ကြီးလဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
ထိုစဉ် မီးသတ်သမားများရောက်လာလေသည်။မကြာခင်ပဲ မီးသတ်ခေါင်းဆောင်မှ......
" ဟူးးးးး....စိတ်အေးရပါပီ။လောင်တဲ့ အဆောင် က လူနာ - ၁၂ ယောက် ... မီးလွတ်ရာကို အမြန်မရွှေ့နိုင်ခဲ့ပါတယ်။
အဲ...မီးဟပ်ခံရတဲ့ လူနာ ၈ - ယောက်ကိုတော့ ....အခု....သတိပြန်ရအောင် ကျနော်တို့ လုပ်ပေးနေပါတယ်။
ဒါပေမဲ့ လူနာ ၂ - ယောက်ကတော့ မီး ထဲ ပါသွားပါတယ်။ "
ဤ စကားကို ကြားရသောအခါ ဆရာဝန်ကြီးမှာ သတိလစ် မေ့လဲကျသွားလေသည်။
မီးသတ်သမား များက ဆရာဝန်ကိုနှာနှပ်ပီး သတိပြန်ရအောင် လုပ်ကြရ၏။
သတိရလာသော အခါ မီးသတ်သမားများက ဆရာဝန်ကြီး ကို မေး၏။
" ဒေါက်တာကြီး၊ ဘာဖြစ်သွားတာလဲဗျ "
ဆရာဝန်ကြီးပြန်ဖြေလိုက်တာက.......
" လောင်တဲ့ အဆောင်က လူနာဆောင် မဟုတ်ဖူး၊ရေခဲတိုက်ဗျ။...."....တဲ့
Credit-ရွာဆော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...