Monday, May 18, 2015

ထင်တာပဲ


ဘဏ်ဓားပြတစ်ဦး ဘဏ်တစ်ခုတွင်း သို့ ၀င်ရောက် ဓားပြတိုက်သည်။
သို့သော် သူ့မျက်နှာကို ဖုံးကွယ်ထားရန်အတွက် မျက်နှာဖုံးကို တပ်ဆင်
ရန်မေ့လာခဲ့သည်။ ထို့ကြောင့်သူက ကိုင်ထားသော သေနတ်ကိုဝှေ့ယမ်းရင်း

ဘဏ်အတွင်းရှိ လူများအားလုံးကို အမိန့်ပေးသည်။
“အားလုံး ခေါင်းပေါ်လက်တင်ပြီး ၊ ခေါင်းတွေကို ကြမ်းပြင်မှာ အပ်ထားကြ၊

ကျုပ်မျက်နှာကို ယောင်လို့တောင် မကြည့်မိစေနဲ့ ကြည့်တဲ့လူ ပစ်သတ်ခံရမယ်”
ခေါင်းမာသော လူတစ်ယောက်က ခေါင်းထောင်က ဘဏ်ဓားပြကို လှမ်းကြည့်
သည်။ ဘဏ်ဓားပြ ကလည်း သူပြောထားသည့်အတိုင်းပင် ထိုသူအား သေနတ်
နှင့် ပစ်သတ်လိုက်သည်။ တစ်ဆက်တည်း ကျန်လူများကို ပြောလိုက်သည်။
“ဘယ်သူတွေ ကျုပ်မျက်နှာကို ကြည့်မိကြသေးလဲ”
ထိုအခါတွင် ခေါင်းပေါ်လက်တင်ရင်း ကြမ်းပြင်ပေါ်ခေါင်းအပ်ထားသော အမျိုးသား
တစ်ယောက်က ဓားပြ ကို မကြည့်ဘဲ အော်ပြောသည်။
“ကျုပ်မိန်းမတော့ ခင်ဗျားကို တစ်ချက် စိုက်ကြည့် လိုက်တယ်ထင်တာပဲ”
ခ်ခ်

KZO

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...