Thursday, January 8, 2015

ဂေါ့ဖားသား ဆိုတာ

Howard Zinn အကြောင်းဆွေးနွေးတဲ့ ကွန့်မန့်တွေကို ဖတ်ပြီးတဲ့နောက် " ဂေါ့ဖားသား " ဆိုတဲ့ စကားလုံးကို နည်းနည်းရှင်းပြဖို့လိုမယ်။ အမေရိကန်နိုင်ငံခြားရေးမူတွေကို ဝေဖန်နေတဲ့ MIT ပါမောက္ခ Noam Chomsky ကို ကြားဘူးကြလိမ့်မယ်။
သူဟာ အမေရိကန်နိုင်ငံခြားရေးမူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ လက်ဝဲစွန်းဖြစ်တယ်။
သူ့ကို နိုင်ငံအများအပြားက Howard Zinn ထက်များပြားလှတဲ့ ဆုတွေ ခြီးမြှင့်ခဲ့ပေမယ့်၊ သူ့ကို ဂေါ့ဖားသား အဖြစ် မခေါ်ကြဘူး။

အတွေးအခေါ် ဂေါ့ဖားသား ဆိုတာ
( ၁ ) အတွေးအခေါ်တခုကို ကိုယ်တိုင်တင်သွင်းတယ်။
( ၂ ) လိုအပ်တဲ့ ရာဇဝတ်မှု ကျူးလွန်ရေး လှုပ်ရှားမှုတွေကို ကိုယ်တိုင်ပါဝင်မယ်။
( ၃ ) ကိုယ်ကိုယ်တိုင်က လူမှုပြောင်းလဲရေးမှာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သူ ဖြစ်နေရမယ်။ လှုပ်ရှားမှုကို အသေးစိတ် စီမံကွပ်ကဲသူဖြစ်ရမယ်။

အထက်ပါ အချက် (၃) ချက်လုံးကို Howard Zinn က လုပ်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်မှာ အမေရိကန်အစိုးရဘက်က ဗုံကြဲပေးခဲ့သလို၊ စစ်အေးတိုက်ပွဲမှာ အစိုးရက မတရားအသင်းကြေငြာထားတဲ့အဖွဲ့တွေ နဲ့ ပေါင်းတယ်။
အထူးသဖြင့် လူမည်းခေါင်းဆောင် မာတင်လူသားကင်း တို့ရဲ့ တန်းတူအခွင့်အရေးတိုက်ပွဲတွေမှာ၊ သူဟာ လှုပ်ရှားမှုအတွက် မဟာဗျူဟာရေးဆွဲသူတယောက်ဖြစ်လာခဲ့တယ်။
Sit-in လို့ ခေါ်တဲ့ ကျောင်းသား ထိုင် သပိတ် တိုက်ပွဲတွေ ရဲ့ အတိုးအရွှေ့တွေ၊ နည်းဗျူဟာတွေကို ကိုယ်တိုင် ညွှန်ကြား အကြံပေးတယ်။
အလုပ်သမားသမဂ္ဂတွေမှာ ပါဝင်ဆက်စပ်ခဲ့တုံးကလည်း ဒီအတိုင်းပါပဲ။
တောင်းဆိုသံတွေကို ဘယ်လိုအကောင်အထည်ဖေါ်မလဲ၊ အလုပ်သမား ဆန္ဒပြပွဲတွေကို ပြန့်နှံ့အောင် ဘယ်လိုသယ်ဆောင်မလဲ ဆိုတဲ့ စိတ်ကူးတွေကို တဆင့်ခြင်းချပြတယ်။
ဗီယက်နမ် စစ်ပွဲတုံးက ဆိုရင်လည်း အမေရိကန်အစိုးရရဲ့ ပင်တဂွန်စာတမ်း နဲ့ ပတ်သက်ပြီး ဗီယက်နမ် စစ်ပွဲရဲ့ အမှားတွေကို ကိုယ်တိုင်ကိုယ်ကျ တရားရုံးမှာ သွားရောက် ဝေဖန်အစစ်ခံသူတဦးဖြစ်တယ်။
ဒါကြောင့်လည်း သူစာသင်ကြားရာ Spelman College မှ သူ့ကို အလုပ်ဖြုတ်ခဲ့တယ်။
(၄၁) နှစ်နေမှ ပြန်တောင်းပန်ခေါ်ယူပြီး ဂုဏ်ထူးဆောင်ဆုတွေ ခြီးမြှင့်ခဲ့တာဖြစ်တယ်။
ဒါပေမယ့် သူက တခြားတက္ကသိုလ်တွေမှာ ပြန်လည်စာသင်ကြားနေပြီ။
၂၀၁၀ မတိုင်ခင်အထိ သူဟာ စာသင်ကြားခြင်းတွေသာမက လူမှုအသိုင်းအဝိုင်းပြုပြင်ပြောင်းလဲရေး နဲ့ အမေရိကန်နိုင်ငံခြားရေးမူတွေကို ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်သူဖြစ်တယ်။ ဒါကြောင့် သူရဲ့ လှုပ်ရှားမှုတွေဟာ ပညာတတ်တွေ၊ လှုပ်ရှားတက်ကြွသူတွေကြားမှာ သြဇာကြီးမားခဲ့တယ်။
သူဟာ လူထု လှုပ်ရှားမှုတွေကို အမြဲတမ်းလှုံ့ဆော်နေသူဖြစ်တယ်။
" စိန်ခေါ်မှုတွေက ရှိနေပါသေးတယ်။ တခြားတဘက်မှာ ငွေ၊ နိုင်ငံရေးပါဝါ နဲ့ အင်အားကြီးမားတဲ့ သတင်းမီဒီယာတွေရှိနေတယ်။ ကျွန်တော်တို့မှာ လူထုပါဝါ ၊ ( ငွေ နဲ့ လက်နက် ထက် အင်အားကြီးမားတဲ့ ) အမှန်တရား ဆိုတဲ့ အရာရှိတယ်။ ကျွန်တော်တို့ဟာ အလွန်လှပတဲ့နိုင်ငံတခုမှာ နေထိုင်နေရတယ်။ ဒါပေမယ့် လူတွေရဲ့ ဘဝတွေဟာ ရိုသေလေးစားမှုမရှိဘူး။ လွတ်လပ်မှု နဲ့ တရားမျှတမှုတွေက ဆုံးရှုံးနေတယ်။
ဒါတွေအားလုံးကို ပြန်ပြီး ယူရလိမ့်မယ်" လို့
ဟောပြောရင်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။
သူဟာ သမိုင်းဆရာတယောက်ဖြစ်တဲ့အပြင် တက်ကြွလှုပ်ရှားသူလည်းဖြစ်တယ်။
Noam Chomsky ကတော့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပေမယ့်၊ များသောအားဖြင့် အမေရိကန်နိုင်ငံခြားရေးမူတွေကို ဝေဖန်တယ်။ စာသင်ခန်း ဟောပြောပို့ချမှုတွေက များတယ်။
သူဝေဖန်တဲ့ တချို့အချက်အလက်တွေက မှန်ပေမယ့်၊ တခြားတဘက်က ပြန်လည်တင်ပြချည်းကပ်တဲ့ အဖြေတခု ရှိမနေဘူး။ သူက Foreign Policy တခုတည်းကို ပဲ ပိုပြီး အာရုံစိုက်ပုံရတယ်။
ဒါကြောင့် အမေရိကန်ပညာတတ်တွေကြားမှာ Noam Chomsky ကို American Foreign Policy ဝေဖန်သူ၊ ပညာရှင်တယောက်၊ လက်ဝဲအစွန်းရောက်သူ အဖြစ်သတ်မှတ်ကြတယ်။
ဂေါ့ဖားသား နဲ့ ပညာရှင် စကားလုံးနှစ်ခုကြားက ကွဲပြားမှုလေးတွေကို ပြောပြတာပါ။
ကွန်ဆာဗေးတစ် လက်သစ်တွေရဲ့ ဂေါ့ဖားသားတွေအကြောင်းဆွေးနွေးပါအုံးမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...