Thursday, January 8, 2015

ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူနဲ့အပြိုင် ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာက အဘွားဒေါ်ထွေး


ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာမှာ လက်ရှိ နေထိုင်နေတဲ့ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တဲ့ အဘွား ဒေါ်ထွေးက ၂ဝ၁၅ ပြက္ခဒိန်ရိုက်တဲ့ ကမ္ဘာ့အပျော့ပျောင်းဆုံး ရုရှားသူနဲ့အပြိုင် ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ အဘွားက အသက်(၉၅) နှစ် ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး ပျော့ပျောင်းစွာ လှုပ်ရှားနိုင်ပါတယ်။
အဘွားကို ပြုစု စောင့်ရှောက်နေတဲ့ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ မှ ဒုဥက္ကဋ္ဌ ဒေါ်ခင်မမကို အဘွား ရောက်ရှိခဲ့ပုံနဲ့ အဘွား ရဲ့ အကြောင်း ကို စိတ်ဝင် တစား မေးကြည့်ဖြစ်ခဲ့ တဲ့အခါမှာတော့ “အဘွားက ၉လ ပိုင်း ၂ဝ၁၄ ကမှ ရောက်လာတာ။ လပိုင်း ပဲရှိ သေးတာ။ အဘွား ဒီကို ရောက်လာတာ ကစာရေးဆရာ ဘုန်း ကြီး တစ်ပါးရယ်၊ ရွှေတောင် မြို့နယ် ထဲမှာရှိတဲ့ ဆင်သေရွာက ဦးပဉ္စတစ် ပါးရယ်က လှမ်းပြောပြပေး တာပါ။ အဘွားက ရွှေတောင်မြို့ ရဲ့ ဟိုးဘက် ညောင်စာရေးရွာ မှာနေ တယ်။ ရွှေနတ်တောင် ရဲ့ ဟိုးဘက်ပေါ့။ အမှန်တိုင်း သိရတာ ကတော့ အဘွား ကို လက်ခံတဲ့ သူတွေ ကိုယ်တိုင်ကို ကအဘွားကို လက်မခံ ချင်တော့တာ ပါ။အစတုန်း ကတော့ အဘွား မှာ ပစ္စည်းလေး နည်းနည်းပါးပါး ရှိတုန်းကတော့ ပြုစုပေးတယ်ပေါ့။ အဘွားမှာ မရှိတော့ ငြိုငြင် လာတာပေါ့။ အဘွားက ခုချိန်ထိ အဲဒီ လူတွေ ရဲ့ မကောင်းကြောင်း ကို မပြောဘူး။ ဒါတောင် ကျွန်မ တို့ဘာသာ သိလာရတာ။ သူတို့ကျွေးတဲ့ ထမင်းကို စားခဲ့ဖူးတယ်။ သူတို့အကူ အညီကို ယူခဲ့ဖူးတယ်။ အဲဒီ အတွက် သူတို့ မကောင်းကြောင်း မပြောချင်ဘူး ဆိုပြီး အဘွား က အဲဒီလိုပြောတာ။ အဘွားက သူ့မှာတစ်ဖက်သားကို အကောင်းမြင် စိတ်ရှိတယ်။ အဲဒါကိုလည်း တွေ့ခဲ့ရ တယ်။ အဘွားက သူများအိမ်မှာ မှီခို နေတယ်။ ငြိုငြင်တဲ့ အနေအထား ဖြစ်နေတော့ ကျွန်မတို့ ဆင်သေရွာထိ သွားခေါ်ခဲ့တာပါ။ အဘွားက အရင် တုန်းက လက်သည်။ ကလေးတွေ အများကြီး မွေးပေးခဲ့ဖူးတယ်။ လက်သည် တစ်ယောက် ဖြစ်ခဲ့တော့ အဘွားက သူ့မှာ ကျန်းမာရေး အသိရှိတယ်။ ထမင်းစားရင် လည်း အစာ ကြေအောင် စားတယ်။ သူ့ကိုယ် သူ ဂရုစိုက်တယ်။ အဘွားက အကြော တွေပျော့နေတာ အမြဲတမ်း အဲဒီ လိုတွေ လုပ်နေလို့ မလုပ်နဲ့လို့ ပြော ထားရတယ် ။တော်ကြာ ထမင်းစားပြီး လည်း လုပ်နေမှာ စိုးလို့ ပြောထားရ တယ်။ သူက အဲဒီလို လုပ်ပြရရင် ပျော်နေတာပဲ”လို့ ပြောပြခဲ့ပါတယ်။
အဘွား ဒေါ်ထွေးက လက်ရှိမှာ အသက် (၉၅)နှစ် ရှိပြီဖြစ်ပြီး ယခင်က ရွှေတောင် မြို့နယ်ရှိ ညောင်စာရေးရွာ မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က သားဖွား လက်သည် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး တွယ်တာ စရာ သား၊သမီး၊ ဆွေမျိုးများ မရှိကြောင်း သိရပါတယ်။ ဆရာတော် ရဲ့ ဆက်သွယ်ပေးမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ၂ဝ၁၄ ခုနှစ်က ဆည်းဆာ ရိပ်ဂိလာန ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သိမ့်သိမ့် ~
ဘုရင့်နောင် အာရုဏ်ဦးသတင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...